ဗဟုသုတ | Posted by အေးမြတ်သူ
### Zawgyi Version ###
“ အိမ္ငွါးျဖစ္သူက အိမ္လခမေပးရင္ အိမ္လခေၾကြးက်န္ေတြကို တရားစြဲေတာင္းလို႕ရတယ္ဆိုတာ ဟုတ္ပါသလား ”
“ ဟုတ္ပါတယ္။အိမ္လခ ေၾကြးက်န္ရလိုမႈဆိုျပီး တရားရုံးမွာ တရားစြဲဆိုေတာင္းပိုင္ခြင့္ရွိပါတယ္ ”
“ အခ်ိဳ႕က ေျပာေတာ့ အိမ္လခ မေပးရင္ အိမ္ငွါးကို အိမ္နွင္လိုမႈတရားစြဲဆို ေတာင္းပိုင္ခြင့္ရွိပါတယ္ ”
“ ဒါလဲမွန္ပါတယ္။ကြားျခားတာက အိမ္လခ ေၾကြးက်န္ေတြကိုပဲ ေတာင္းဆိုမယ္။ အိမ္လခမေပးလို႕ အိမ္မွနွင္ထုတ္ေပးပါမပါဘူးဆိုရင္ေတာ့ အိမ္လခဟာ မိမိတို႕ သတ္မွတ္ေပးတဲ့ အိမ္လခအေပၚ ေတာင္းဆိုခြင့္မရွိဘူး။ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးဝန္က သတ္မွတ္ေပးတဲ့ စံငွါးရမ္းခ အေပၚမွာပဲ ေတာင္းခံခြင့္ရွိတယ္ ”
“ ဆရာေျပာတဲ့ စံငွါးရမ္းခဆိုတာက ဘယ္လိုလဲဆရာ ”
“ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးဝန္ရုံး (ယခုအခါ ဥပေဒအရ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရုံးကို ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရး ဝန္ရုံးအျဖစ္ သတ္မွတ္ထားပါတယ္ ) မွာ မိမိတို႕လက္ရွိ ေကာက္ခံေနတဲ့ အိမ္လခအေပၚ စံငွါးရမ္းခ သတ္မွတ္ေပးပါလို႕ အိမ္ရွင္က သြားေရာက္ေလွ်ာက္ထားရပါမယ္ ”
“ အိမ္ငွါးေတြကိုလည္း ေခၚေတြ႕မွာေပါ့ ”
“ မွန္ပါတယ္။ နွစ္ဖက္တင္ျပတဲ့ ေရးသားခ်က္ေတြအေပၚကို ေလ့လာသံုးသပ္မယ္။ လိုအပ္ရင္ တရားရုံးမွာ မႈခင္းစစ္သလို နွစ္ဖက္စစ္ေဆးမယ္။ပတ္ဝန္က်င္း အိမ္ခန္းေတြမွာ အိမ္လခ ဘယ္ေလာက္ေကာက္ခံၾကတယ္စတဲ့ အခ်က္ေတြကို စိစစ္ေလ့လာမွာျဖစ္ပါတယ္ ”
“ အဲဒါျပီးရင္ေတာ့ စံငွါးရမ္းခႏႈန္း သတ္မွတ္ေပးမွာေပါ့ ”
“ ဟုတ္ပါတယ္။ မွ်တသင့္ေတာ္တဲ့ စံငွါးရမ္းခႏႈန္းထားကို ငွါးရမ္းခၾကီးၾကပ္ေရးဝန္က အမိန္႕ခ်မွတ္ သတ္မွတ္ေပးရမွာျဖစ္ပါတယ္ ”
“ မူလေကာက္ခံထားတဲ့ အိမ္လခအတိုင္း ပဲျဖစ္သလား။ အေျပာင္းအလဲရွိႏိုင္ေသးသလား ”
“ စစ္ေဆးခ်က္အရနဲ႕ ပတ္ဝန္းက်င္ရွိအိမ္ခန္းမ်ားရဲ႕ အိမ္လခမ်ားအေပၚ အေျခတည္ဆံုးျဖတ္ထားတာေၾကာင့္ တစ္ခါတစ္ရံမွာ မူလအိမ္လခထက္ ပိုျမင့္တဲ့ အိမ္လချဖစ္လာတတ္တယ္။ တစ္ခါတစ္ရံမွာလည္း မူလအိမ္လခထက္နိမ့္တဲ့ အိမ္လခမ်ိဳးျဖစ္တတ္ပါတယ္ ”
“ လက္ရွိ ကာလကေတာ့ အိမ္လခ ျမင့္ဖို႕ပဲရွိမယ္ဆရာ။ လြန္ခဲ့တဲ့ ၁၀ နွစ္ ၁၅ နွစ္ကတည္းက သတ္မွတ္ေကာက္ခံခဲ့တဲ့ အိမ္လခဆိုေတာ့ လက္ရွိကာလနဲ႕ တြက္ရင္ျမင့္ဖို႕ပဲရွိမွာပါ ”
“ ဘာပဲျဖစ္ျဖစ္ေလ။ အိမ္လခ ေၾကြးက်န္ေတာင္းမယ္ဆိုရင္ေတာ့ စံငွါးရမ္းခ သတ္မွတ္ထားခ်က္ေပၚမွာ ေတာင္းခံရမွာျဖစ္တယ္ ”
“ စံငွါးရမ္းခ လက္မွတ္မရွိဘဲ တရားစြဲလို႕မရဘူးေပါ့ ”
“ မွန္ပါတယ္။ စံငွါးရမ္းခ လက္မွတ္မပါရင္ေတာ့ အိမ္လခ ေၾကြးက်န္ရလိုမႈ တရားစြဲခြင့္မရွိပါဘူး ”
“ အိိမ္လခ ေၾကြးက်န္အားလံုး ရခြင့္ရွိပါသလား ”
“ ကာလစည္းကမ္းသတ္ဥပေဒ ပထမဇယားအမွတ္စဥ္ ၁၁၀ အရေတာ့ ငွါးရမ္းခ မေျပက်န္ေငြကို ရထိုက္သည့္အခါမွစ၍ သံုးနွစ္အတြင္း တရားစြဲဆိုရမယ္လို႕ ျပဌာန္းထားပါတယ္ ”
“ ဒါဆိုရင္ သံုးနွစ္ေက်ာ္ကာလဆိုရင္ တရားစြဲဆိုလို႕ မရဘူးေပါ့ ”
“ ဆိုလိုတာကေတာ့ အိမ္လခ ေၾကြးက်န္ေတြဟာ သံုးနွစ္ထက္ေက်ာ္ျပီး ရပိုင္ခြင့္ရွိတဲ့ အိမ္လခေတြျဖစ္ခဲ့ရင္လည္း တရားစြဲဆုိေတာင္းပိုင္ခြင့္ရွိတယ္။ဒါေပမဲ့ တရားမစြဲမီက ေပးရန္က်န္ရွိတဲ့ အိမ္လခေတြအနက္ သံုးနွစ္ကာလအတြက္ အိမ္ငွါးရမ္းခကိုပဲ ရခြင့္ရွိမွာျဖစ္ပါတယ္ ”
“ ဥပမာဆိုပါေတာ့ ေလးနွစ္ကာလအတြက္ အိမ္လခကို ေၾကြးက်န္ရလိုမႈတရားစြဲဆိုခဲ့ရင္ သံုးနွစ္ကာလအတြက္ပဲရမယ္။ တစ္နွစ္ကာလအတြက္မရဘူးဆိုတဲ့သေဘာေပါ့ ”
“ မွန္ပါတယ္။ ဒါေပမဲ့ သံုးနွစ္စာ အိမ္လခေၾကြးက်န္ေပးျပီးေနာက္ပိုင္းကာလေတြမွာေတာ့ တရားရုံးက အတည္ျပဳခ်မွတ္ခဲ့တဲ့ စံငွါးရမ္းခႏႈမ္းထားနဲ႕သာ ရပို္င္ခြင့္ရွိမွာျဖစ္ပါတယ္ ”
“ တကယ္လို႕ ဆရာ။ အိမ္လခ ေၾကြးက်န္ေတြ မယူေတာ့ဘဲ အိမ္နွင္လိုမႈနဲ႕ စြဲလို႕ရပါသလားဆရာ ”
“ အိမ္လခမေပးပ်က္ကြက္လို႕ ဆိုျပီး အိမ္ငွါးကို အိမ္နွင္လိုမႈနဲ႕ စြဲလို႕ရပါတယ္ ”
“ အဲဒီမွာ စံငွါးရမ္းခလိုပါသလားဆရာ”
“ ဒီမွာကေတာ့ စံငွါးရမ္းခ သတ္မွတ္ဖို႕မလိုပါဘူး။ ဘာလို႕လဲဆိုေတာ့ အိမ္လခရလိုမႈ စြဲတာမဟုတ္ဘဲ အိမ္လခမေပးလို႕ နွင္လိုမႈစြဲတာျဖစ္လို႕ အေျခအေနျခင္းမတူဘူး။ စံငွါးရမ္းခ သတ္မွတ္တဲ့အမႈက အိမ္လခ ေၾကြးက်န္သံုးနွစ္စာ ေပးသြင္းလိုက္ရုံနဲ႕ ျပီးျပတ္သြားတဲ့အမႈျဖစ္တယ္။ နွင္လိုမႈမပါဘူး။ အိမ္လခက်န္ေငြေတာင္းခံျခင္းျဖစ္တယ္ ”
“ ဒါဆိုရင္ေတာ့ အိမ္လခမေတာင္းဘဲ အိမ္နွင္လိုမႈတိုက္ရုိက္တရားစြဲမွာေပါ့ဆရာ ”
“ ဒီမွာလည္း အိမ္ငွါးေတြကို အခြင့္အေရးတစ္ၾကိမ္ေပးထားတာရွိတယ္။အဲဒါက အိမ္လခေၾကြးက်န္မ်ားမေပးႏိုင္လို႕ အိမ္နွင္ဒီကရီက်တဲ့ အခါ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခ ၾကီးၾကပ္ေရးအက္ဥပေဒ ပုဒ္မ ၁၅ (၁) အရ ဒီကရီက်တဲ့ ေပးဆပ္ရန္ အိမ္လခ ေၾကြးက်န္မ်ားကို အရစ္က်ေပးဆပ္ခြင့္ျပဳဖို႕ ေလွ်ာက္ထားႏိုင္ခြင့္တစ္ၾကိမ္ရပါတယ္ ”
“ တစ္ၾကိမ္ပဲ ခြင့္ျပဳခ်က္ရတယ္ဆိုတာဘယ္လိုကိစၥမ်ိဳးလဲဆရာ ”
“ အိမ္လခ ေၾကြးက်န္ေတြကို ငါးရစ္ေပးဆပ္ရမယ္လို႕ တရားရုံးက အမိန္႔ခ်တယ္ဆိုပါေတာ့ ”
“ ဟုတ္ကဲ့ဆရာ ”
“ ပထမရစ္တစ္ရစ္ပဲ သြင္းျပီး က်န္အိမ္လခေၾကြးေငြမ်ားကို ဆက္လက္ျပီး တရားရုံးမွာ လာေရာက္မေပးသြင္းခဲ့ရင္ ပ်က္ကြက္တဲ့ အခ်ိန္ကစျပီး အိမ္နွင္ဝရမ္းထုတ္ခြင့္ရွိတယ္လို႕ ေဒၚကဝါဘီနွင့္ ေဒၚခင္သန္းေအးပါ (၂) ဦး ၁၉၇၈ ခုနွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထံုး စာမ်က္နွာ (၁) မွာ ဆံုးျဖတ္ထားပါတယ္ ”
“ ဘယ္လိုပဲျဖစ္ျဖစ္ အိမ္လခ ေၾကြးက်န္ျပန္သြင္းရင္ေတာ့ အိမ္မွ ဖယ္ရွားလို႕ မရဘူးေပါ့ေနာ္ ”
“ ဥပမာ ျပဌာန္းထားတဲ့အတိုင္း လိုက္နာၾကရမွာပဲေလ။ ဒါေပမဲ့ အိမ္ရွင္နဲ႕ အိမ္ငွါး လိုက္နာရန္ တာဝန္သတ္မွတ္ခ်က္ေတြရွိတယ္။ အဲဒီ တာဝန္ကို အိမ္ငွါးက မလိုက္နာရင္ေတာ့ ငွါးေနတဲ့ အိမ္ မွ ဖယ္ရွားေပးရမွာျဖစ္ပါတယ္” ဟု ရွင္းျပေဆြးေႏြးလိုက္ပါသည္။
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)
### Unicode Version ###
“ အိမ်ငှါးဖြစ်သူက အိမ်လခမပေးရင် အိမ်လခကြွေးကျန်တွေကို တရားစွဲတောင်းလို့ရတယ်ဆိုတာ ဟုတ်ပါသလား ”
“ ဟုတ်ပါတယ်။အိမ်လခ ကြွေးကျန်ရလိုမှုဆိုပြီး တရားရုံးမှာ တရားစွဲဆိုတောင်းပိုင်ခွင့်ရှိပါတယ် ”
“ အချို့က ပြောတော့ အိမ်လခ မပေးရင် အိမ်ငှါးကို အိမ်နှင်လိုမှုတရားစွဲဆို တောင်းပိုင်ခွင့်ရှိပါတယ် ”
“ ဒါလဲမှန်ပါတယ်။ကွားခြားတာက အိမ်လခ ကြွေးကျန်တွေကိုပဲ တောင်းဆိုမယ်။ အိမ်လခမပေးလို့ အိမ်မှနှင်ထုတ်ပေးပါမပါဘူးဆိုရင်တော့ အိမ်လခဟာ မိမိတို့ သတ်မှတ်ပေးတဲ့ အိမ်လခအပေါ် တောင်းဆိုခွင့်မရှိဘူး။ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးဝန်က သတ်မှတ်ပေးတဲ့ စံငှါးရမ်းခ အပေါ်မှာပဲ တောင်းခံခွင့်ရှိတယ် ”
“ ဆရာပြောတဲ့ စံငှါးရမ်းခဆိုတာက ဘယ်လိုလဲဆရာ ”
“ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးဝန်ရုံး (ယခုအခါ ဥပဒေအရ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး ဝန်ရုံးအဖြစ် သတ်မှတ်ထားပါတယ် ) မှာ မိမိတို့လက်ရှိ ကောက်ခံနေတဲ့ အိမ်လခအပေါ် စံငှါးရမ်းခ သတ်မှတ်ပေးပါလို့ အိမ်ရှင်က သွားရောက်လျှောက်ထားရပါမယ် ”
“ အိမ်ငှါးတွေကိုလည်း ခေါ်တွေ့မှာပေါ့ ”
“ မှန်ပါတယ်။ နှစ်ဖက်တင်ပြတဲ့ ရေးသားချက်တွေအပေါ်ကို လေ့လာသုံးသပ်မယ်။ လိုအပ်ရင် တရားရုံးမှာ မှုခင်းစစ်သလို နှစ်ဖက်စစ်ဆေးမယ်။ပတ်ဝန်ကျင်း အိမ်ခန်းတွေမှာ အိမ်လခ ဘယ်လောက်ကောက်ခံကြတယ်စတဲ့ အချက်တွေကို စိစစ်လေ့လာမှာဖြစ်ပါတယ် ”
“ အဲဒါပြီးရင်တော့ စံငှါးရမ်းခနှုန်း သတ်မှတ်ပေးမှာပေါ့ ”
“ ဟုတ်ပါတယ်။ မျှတသင့်တော်တဲ့ စံငှါးရမ်းခနှုန်းထားကို ငှါးရမ်းခကြီးကြပ်ရေးဝန်က အမိန့်ချမှတ် သတ်မှတ်ပေးရမှာဖြစ်ပါတယ် ”
“ မူလကောက်ခံထားတဲ့ အိမ်လခအတိုင်း ပဲဖြစ်သလား။ အပြောင်းအလဲရှိနိုင်သေးသလား ”
“ စစ်ဆေးချက်အရနဲ့ ပတ်ဝန်းကျင်ရှိအိမ်ခန်းများရဲ့ အိမ်လခများအပေါ် အခြေတည်ဆုံးဖြတ်ထားတာကြောင့် တစ်ခါတစ်ရံမှာ မူလအိမ်လခထက် ပိုမြင့်တဲ့ အိမ်လခဖြစ်လာတတ်တယ်။ တစ်ခါတစ်ရံမှာလည်း မူလအိမ်လခထက်နိမ့်တဲ့ အိမ်လခမျိုးဖြစ်တတ်ပါတယ် ”
“ လက်ရှိ ကာလကတော့ အိမ်လခ မြင့်ဖို့ပဲရှိမယ်ဆရာ။ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်ကတည်းက သတ်မှတ်ကောက်ခံခဲ့တဲ့ အိမ်လခဆိုတော့ လက်ရှိကာလနဲ့ တွက်ရင်မြင့်ဖို့ပဲရှိမှာပါ ”
“ ဘာပဲဖြစ်ဖြစ်လေ။ အိမ်လခ ကြွေးကျန်တောင်းမယ်ဆိုရင်တော့ စံငှါးရမ်းခ သတ်မှတ်ထားချက်ပေါ်မှာ တောင်းခံရမှာဖြစ်တယ် ”
“ စံငှါးရမ်းခ လက်မှတ်မရှိဘဲ တရားစွဲလို့မရဘူးပေါ့ ”
“ မှန်ပါတယ်။ စံငှါးရမ်းခ လက်မှတ်မပါရင်တော့ အိမ်လခ ကြွေးကျန်ရလိုမှု တရားစွဲခွင့်မရှိပါဘူး ”
“ အိမ်လခ ကြွေးကျန်အားလုံး ရခွင့်ရှိပါသလား ”
“ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားအမှတ်စဉ် ၁၁၀ အရတော့ ငှါးရမ်းခ မပြေကျန်ငွေကို ရထိုက်သည့်အခါမှစ၍ သုံးနှစ်အတွင်း တရားစွဲဆိုရမယ်လို့ ပြဌာန်းထားပါတယ် ”
“ ဒါဆိုရင် သုံးနှစ်ကျော်ကာလဆိုရင် တရားစွဲဆိုလို့ မရဘူးပေါ့ ”
“ ဆိုလိုတာကတော့ အိမ်လခ ကြွေးကျန်တွေဟာ သုံးနှစ်ထက်ကျော်ပြီး ရပိုင်ခွင့်ရှိတဲ့ အိမ်လခတွေဖြစ်ခဲ့ရင်လည်း တရားစွဲဆိုတောင်းပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ တရားမစွဲမီက ပေးရန်ကျန်ရှိတဲ့ အိမ်လခတွေအနက် သုံးနှစ်ကာလအတွက် အိမ်ငှါးရမ်းခကိုပဲ ရခွင့်ရှိမှာဖြစ်ပါတယ် ”
“ ဥပမာဆိုပါတော့ လေးနှစ်ကာလအတွက် အိမ်လခကို ကြွေးကျန်ရလိုမှုတရားစွဲဆိုခဲ့ရင် သုံးနှစ်ကာလအတွက်ပဲရမယ်။ တစ်နှစ်ကာလအတွက်မရဘူးဆိုတဲ့သဘောပေါ့ ”
“ မှန်ပါတယ်။ ဒါပေမဲ့ သုံးနှစ်စာ အိမ်လခကြွေးကျန်ပေးပြီးနောက်ပိုင်းကာလတွေမှာတော့ တရားရုံးက အတည်ပြုချမှတ်ခဲ့တဲ့ စံငှါးရမ်းခနှုမ်းထားနဲ့သာ ရပိုင်ခွင့်ရှိမှာဖြစ်ပါတယ် ”
“ တကယ်လို့ ဆရာ။ အိမ်လခ ကြွေးကျန်တွေ မယူတော့ဘဲ အိမ်နှင်လိုမှုနဲ့ စွဲလို့ရပါသလားဆရာ ”
“ အိမ်လခမပေးပျက်ကွက်လို့ ဆိုပြီး အိမ်ငှါးကို အိမ်နှင်လိုမှုနဲ့ စွဲလို့ရပါတယ် ”
“ အဲဒီမှာ စံငှါးရမ်းခလိုပါသလားဆရာ”
“ ဒီမှာကတော့ စံငှါးရမ်းခ သတ်မှတ်ဖို့မလိုပါဘူး။ ဘာလို့လဲဆိုတော့ အိမ်လခရလိုမှု စွဲတာမဟုတ်ဘဲ အိမ်လခမပေးလို့ နှင်လိုမှုစွဲတာဖြစ်လို့ အခြေအနေခြင်းမတူဘူး။ စံငှါးရမ်းခ သတ်မှတ်တဲ့အမှုက အိမ်လခ ကြွေးကျန်သုံးနှစ်စာ ပေးသွင်းလိုက်ရုံနဲ့ ပြီးပြတ်သွားတဲ့အမှုဖြစ်တယ်။ နှင်လိုမှုမပါဘူး။ အိမ်လခကျန်ငွေတောင်းခံခြင်းဖြစ်တယ် ”
“ ဒါဆိုရင်တော့ အိမ်လခမတောင်းဘဲ အိမ်နှင်လိုမှုတိုက်ရိုက်တရားစွဲမှာပေါ့ဆရာ ”
“ ဒီမှာလည်း အိမ်ငှါးတွေကို အခွင့်အရေးတစ်ကြိမ်ပေးထားတာရှိတယ်။အဲဒါက အိမ်လခကြွေးကျန်များမပေးနိုင်လို့ အိမ်နှင်ဒီကရီကျတဲ့ အခါ မြို့ပြဆိုင်ရာ ငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၅ (၁) အရ ဒီကရီကျတဲ့ ပေးဆပ်ရန် အိမ်လခ ကြွေးကျန်များကို အရစ်ကျပေးဆပ်ခွင့်ပြုဖို့ လျှောက်ထားနိုင်ခွင့်တစ်ကြိမ်ရပါတယ် ” “ တစ်ကြိမ်ပဲ ခွင့်ပြုချက်ရတယ်ဆိုတာဘယ်လိုကိစ္စမျိုးလဲဆရာ ”
“ အိမ်လခ ကြွေးကျန်တွေကို ငါးရစ်ပေးဆပ်ရမယ်လို့ တရားရုံးက အမိန့်ချတယ်ဆိုပါတော့ ”
“ ဟုတ်ကဲ့ဆရာ ”
“ ပထမရစ်တစ်ရစ်ပဲ သွင်းပြီး ကျန်အိမ်လခကြွေးငွေများကို ဆက်လက်ပြီး တရားရုံးမှာ လာရောက်မပေးသွင်းခဲ့ရင် ပျက်ကွက်တဲ့ အချိန်ကစပြီး အိမ်နှင်ဝရမ်းထုတ်ခွင့်ရှိတယ်လို့ ဒေါ်ကဝါဘီနှင့် ဒေါ်ခင်သန်းအေးပါ (၂) ဦး ၁၉၇၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၁) မှာ ဆုံးဖြတ်ထားပါတယ် ”
“ ဘယ်လိုပဲဖြစ်ဖြစ် အိမ်လခ ကြွေးကျန်ပြန်သွင်းရင်တော့ အိမ်မှ ဖယ်ရှားလို့ မရဘူးပေါ့နော် ”
“ ဥပမာ ပြဌာန်းထားတဲ့အတိုင်း လိုက်နာကြရမှာပဲလေ။ ဒါပေမဲ့ အိမ်ရှင်နဲ့ အိမ်ငှါး လိုက်နာရန် တာဝန်သတ်မှတ်ချက်တွေရှိတယ်။ အဲဒီ တာဝန်ကို အိမ်ငှါးက မလိုက်နာရင်တော့ ငှါးနေတဲ့ အိမ် မှ ဖယ်ရှားပေးရမှာဖြစ်ပါတယ်” ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)