ဝယ္ယူမည့္ တိုက္ခန္းသည္ ႏိုင္ငံျခားျပန္ (ျပည္သူပုိင္) တိုက္ခန္း ျဖစ္ေနလွ်င္

ဝယ္ယူမည့္ တိုက္ခန္းသည္ ႏိုင္ငံျခားျပန္ (ျပည္သူပုိင္) တိုက္ခန္း ျဖစ္ေနလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
7 Aug 2019 1:33 pm တွင် တင်ခဲ့သည်
6712 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

“ တိုက္ခန္းဝယ္ရင္ေျမရွင္ သေဘာတူမွ ေရာင္းလို႕ရတာလား ဆရာ ” ဟု နယ္မွ မိတ္ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ေမးျမန္းျခင္းျဖစ္သည္ ။

“သူငယ္ခ်င္းက ရန္ကုန္ေျပာင္းလာေနမလို႕လား ” စာေရးသူက ငယ္သူငယ္ခ်င္းအားျပန္လည္ ေမးလိုက္ျခင္းျဖစ္သည္ ။

“ ေျပာင္းလာဖို႕ေတာ့ မဟုတ္ပါဘူး ။ဒါေပမယ့္ သားၾကီးက ရန္ကုန္မွာရွိတဲ့ ကုမၼဏီတစ္ခုမွာ အလုပ္ရေတာ့ တိုက္ခန္းေလးဝယ္ထားမလားလို႕ ။တုိ႕ မိသာစုဒီကို အလည္လာရင္လည္း တျခားေနရာမွာသြားမတည္းရေတာ့ဘူးေပါ့ ”

“ေကာင္းတဲ့ အစီအစဥ္တစ္ခုပါ ။ အခု ဘယ္လိုကိစၥျဖစ္လို႕လဲ ၊ ဝယ္ဖို႕ တိုက္ခန္းေတြ႕ျပီလား ”

“ သားရဲ႕ အလုပ္နဲ႕လည္းနီးတယ္ ဆိုျပီး ေတြ႕ထားတာရွိတယ္ ”

“စရန္ေငြေပးျပီးျပီလား”

“ စရန္ေငြေတာ့ မခ်ရေသးဘူး ။ေျမရွင္နဲ႕ သေဘာတူညီခ်က္မရေသးလို႕ဆိုျပီး ေစာင့္ေနရတယ္ ။ အခ်ိဳ႕ေျပာေတာ့ ေျမရွင္ရဲ႕ သေဘာတူညီခ်က္ မလိုဘူးလို႕ေျပာတယ္ ။အဲဒါဘယ္လိုအေျခအေနလဲဆိုတာ သိခ်င္လို႕ ”

“ဥေပဒမွေတာ့ အေပ်ာက္စနစ္နဲ႕ တိုက္ခန္းဝယ္ယူျခင္းဆိုတာ ေနပိုင္ခြင့္အတြက္ တန္ရာတန္ေၾကးေပး၍ ဥပစာကိုလႊဲေျပာင္းရယူတဲ့ စနစ္ျဖစ္တယ္လို႕ ဖြင့္ဆိုထားတယ္ ။ဒါေၾကာင့္ တိုက္ခန္းပိုင္ရွင္က လႊဲေျပာင္းေရာင္းခ်ရာမွာ အေဆာက္အအံုတစ္ခုလံုး ပိုင္ရွင္ (ေျမရွင္)၏ ၾကိဳတင္ခြင့္ျပဳခ်က္ရယူ ေဆာင္ရြက္ရန္မလိုဟု တရားရုံးခ်ဳပ္က ဆံုးျဖတ္ထားတဲ့ ေဒၚေငြသိန္းနွင့္ ေဒၚသိန္းညြန္႕ ၁၉၉၃ ခုနွစ္ ျမန္မာႏိုင္ငံတရားစီရင္ထံုး စာမ်က္နွာ ၁၇ မွာ ေဖာ္ျပထားတယ္ ”

“ အိမ္ပြဲစားေျပာတာကေတာ့ ေျမရွင္က အမည္ေျပာင္းခအျဖစ္ ေရာင္းဖို႕ေငြရဲ႕ ထက္ဝက္ေပးရမယ္လို႕ ေတာင္းဆိုတဲ့အတြက္ အဆင္မေျပေသးဘူးလို႕ ေျပာတာပဲ ”

" ဒါေတာ့ မဟုတ္ေသးဘူး သူငယ္ခ်င္း ။တစ္ခုခုမ်ားလြဲေနျပီ ထင္တယ္ ။ တိုက္ခန္းအမည္ေျပာင္းခကေရာင္းဖို႕ေငြရဲ႕ တစ္ရာခိုင္နႈန္း(၁%)ပဲ ေပးၾကတာရွိတယ္ ။အိမ္တန္ဖိုးရဲ႕ ထက္ဝက္ ရာခိုင္နႈန္းနဲ႕ဆိုရင္ ငါးဆယ္ရာခိုင္နႈန္းေပးရမယ္ျဖစ္ေနတာေပါ့ ”

“ အခ်ိဳ႕ကေျပာေတာ့ အိမ္အေရာင္းအဝယ္ အက်ိဳးေဆာင္ခနႈန္္းျဖစ္တဲ့ နွစ္ရာခိုင္နႈန္းနဲ႕ အမ်ားဆံုးအမည္ေျပာင္းခကို ေျမရွင္ထံေပးၾကတာပဲရွိတယ္လို႕ သိရတယ္ ”

“ ေရာင္းမယ့္တိုက္ခန္းက အရႈပ္အရွင္းတစ္ခုခုရွိေနတယ္ထင္တယ္ ။အမႈမ်ားျဖစ္ေနလို႕လား ”

“ အမႈေတာ့ မျဖစ္ထားဘူး ။ဒါေပမယ့္ အစိုးရက ခ်ေပးထားတဲ့ တိုက္ခန္းလို႕လည္း ေျပာသံၾကားတယ္ ”

“ ႏိုင္ငံျခားျပန္တိုက္ခန္းမ်ား ျဖစ္ေနလို႕လား”

“ႏိုင္ငံျခားျပန္ တိုက္ခန္းဆိုတာက ဘယ္လိုတိုက္ခန္းမ်ိဳးကို ေျပာထာလဲ”

“ယခင္က ရန္ကုန္ျမိဳ႕မွာရွိတဲ့ တိုက္ခန္းေတြမွာ ႏိုင္ငံျခားသားေတြျဖစ္တဲ့ တရုတ္လူမ်ိဳး ၊ အိႏိၵယ လူမ်ိဳးေတြ ေနထိုင္ပိုင္ဆိုင္ၾကတယ္ ။၁၉၆၄ ခုနွစ္မွာ ႏိုင္ငံျခားသားပိုင္ စီးပြားေရးလုပ္ငန္းေတြကို ျပည္သူပိုင္သိမ္းခဲ့တယ္ ။ စီးပြားေရးလုပ္ငန္းရွင္ေတြလည္း လုပ္ငန္းရပ္ဆိုင္းသြားတယ္။ အခ်ိဳ႕ႏိုင္ငံျခားသား တရုတ္လူမ်ိဳး ၊အိ္ႏိၵယလူမ်ဳိးေတြက မိမိသက္ဆိုင္ရာ ႏိုင္ငံသို႕ ျပန္သြားၾကတယ္ ။အဲဒီႏိုင္ငံျခားသားပိုင္ တိုက္ခန္းေတြကို ႏိုင္ငံေတာ္အစိုးရက သိမ္းဆည္းလိုက္တယ္ ။ဒါေၾကာင့္ ႏိုင္ငံျခားျပန္တိုက္ခန္းမ်ားလို႕ လြယ္လြယ္ကူကူေခၚေျပာလာၾကတာျဖစ္တယ္ ”

“ အဲဒီႏိုင္ငံျခားျပန္ တိုက္ခန္းေတြကို ဘယ္လိုေဆာင္ရြက္ၾကသလဲ ”

“ ေတာ္လွန္ေရးေကာင္စီေခတ္က ျပည္သူပိုင္ (ႏိုင္ငံပိုင္) တိုက္ခန္းအျဖစ္ သိမ္းျပီး ၊ ေတာ္လွန္ေရးေကာင္စီ အစိုးရ ျပည္သူ႕အိုးအိမ္ျပန္လည္ထူေထာင္ေရးနွင့္ ျမိဳ႕ရြာ စည္ပင္ေရူအဖြဲ႕ (အေဆာက္အအံု အုပ္ခ်ဳပ္မႈဌာန) မွ သင့္ေတာ္သူကို အိမ္ငွါးအျဖစ္ခ်ေပးေလ့ရွိတယ္ ။ျမန္မာဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္တိုင္းက်င့္သံုးေဆာင္ရြက္ခဲ့ပါတယ္ ”

“ အိမ္ငွါးအျဖစ္ခ်ေပးတယ္ဆိုေတာ့ အိမ္လခေပးရေပါ့”

“ေပးရတာေပ့့့ါ ။အခုလည္း အေပ်ာက္စနစ္နဲ႕ ဝယ္္တဲ့သူေတြက ေျမရွင္ကို အိမ္ငွါးရမ္းခေပးၾကရတယ္ ။နိုင္ငံပိုင္းတိုက္ခန္းျဖစ္လို႕ အိုးအိမ္ဦးစီးဌာနမွာ အိမ္လခေပးသြင္းၾကရတယ္”

“အဲဒီလိုႏိုင္ငံပိုင္တိုက္ခန္းကိုဝယ္ရင္ အိုးအိမ္ဦးစီးဌာနမွာ အမည္ေျပာင္းေလွ်ာက္ရမွာေပ့ါ ”

“ႏိုင္ငံပိုင္တိုက္ခန္းျဖစ္လို႕ လႊဲေျပာင္းေရာင္းခ်ခြင့္မရွိဘူး ။ဒါေပမယ့္ အိမ္ငွါးအျဖစ္ သတ္မွတ္ခ်ေပးခံရသူ၏ မိသာစုဝင္မ်ားက ဆက္လက္ေနထိုင္ခြင့္ရွိမွာျဖစ္ပါတယ္ ”

“ဒါဆိုရင္ အခုကိစၥ ႏိုင္ငံျခားျပန္တိုက္ခန္းျဖစ္ျပီး ႏိုင္ငံေတာ္ကသိမ္းထားတဲ့ ႏိုင္ငံပိုင္တိုက္ခန္းျဖစ္ေနရင္ ေရာင္းပိုင္ခြင့္မရွိဘဲ လိမ္လည္ေရာင္းတာျဖစ္ေနတာေပါ့ ။သူငယ္ခ်င္းရွင္းျပမွစရန္ေငြမေပးျဖစ္တာေတာ္ေသးတယ္လို႕ ရင္ထဲမွာ အပူလံုးၾကီးက်သြားသလို ခံစားလိုက္ရတယ္ ”

“ ေျမပိုင္ရွင္ကို တိုက္ခန္းျပန္လည္ လႊဲေျပာင္းမေပးေသးရင္ေတာ့ ႏိုင္ငံပိုင္တိုက္ခန္းျဖစ္ေနလို႕ ေရာင္းပိုင္ခြင့္မရွိတာေၾကာင့္ ေသခ်ာစံုးစမ္းဖို႕ေတာ့ လိုလိမ့္မယ္ ။အိမ္လခကို အိုးအိမ္ဦးစီးဌာနမွာပဲ ေပးသြင္းေနသလားဆိုတာ ေမးျမန္းစံုစမ္းျပီးမွ ဝယ္ပါ ”

“ သူငယ္ခ်င္းေျပာတဲ့ ေျမပိုင္ရွင္ကို တိုက္ခန္းျပန္လည္လႊဲေျပာင္းေပးတယ္ဆိုတာက ဘယ္လိုကိစၥမ်ိဳးလဲ ”

“ႏိုင္ငံေတာ္အစိုးရက ျပည္သူပိုင္အျဖစ္ သိမ္းထားတဲ့ တိုက္ခန္းေတြကို သက္ဆိုင္ရာေျမပိုင္ရွင္ထံျပန္လည္လႊဲေျပာင္းေပးတာေတြလည္းရွိတယ္”

“အဲဒါမ်ိဳးဆိုရင္ တိုက္ခန္းေနသူက ဘယ္လိုအေျခအေနျဖစ္သြားလဲ”

“ဒါနဲ႕ ပတ္သပ္လို႕ ရွင္းေအာင္ေျပာရရင္ တရားရုံးခ်ဳပ္က ဆံုးျဖတ္ထားတဲ့ ေဒၚစန္းႏိုင္နွင့္ ဦးဝင္ကို ပါနွစ္ဦး ၊ ၂၀၀၂ ခုနွစ္ ၊ စာမ်က္နွာ-၂၇၀ အမႈမွာ ျပည္သူပိုင္ သိမ္းထားသည့္ အခန္းကို ျပည္သူပိုင္သိမ္းျခင္းမွ ရပ္စဲ၍ ပိုင္ရွင္သို႕ ျပန္လည္လႊဲေျပာင္းေပးအပ္သည့္အခါ အဆိုပါျပည္သူပိုင္သိမ္းထားသည့္ အခန္းတြင္အငွါးခ်ထားျခင္းခံရသူသည္ ေျမပိုင္ရွင္၏ အိမ္ငွါးအျဖစ္ ဆက္လက္ရပ္တည္သည္လို႕ ေဖာ္ျပထားပါတယ္ ”

“ဒါဆိုရင္ အခုေရာင္းမယ္ဆိုတဲ့ တိုက္ခန္းက ႏိုင္ငံပိုင္သိမ္းခဲ့ရင္လည္းေျမရွင္ကို ျပန္လည္ေပးအပ္ျခင္းရွိမရွိ ေမးရမွာေပါ့”

“ မွန္ပါတယ္ ။ေျမရွင္မွ လႊဲေျပာင္းရယူထားျပီး ေျမရွင္ထံတိုက္ခန္းေနသူက အိမ္လခေပးခဲ့ရင္ေတာ့ေျမရွင္နဲ႕အိမ္ရွင္အိမ္ငွါးဆက္စပ္မႈရွိျပီး ေျမရွင္အေနနဲ႕ အမည္ေျပာင္းခ ၁ ရာခုိုင္ႏႈန္းသာ ရပုိင္ခြင့္ရွိမွာျဖစ္တယ္ ” လို႕ ရွင္းျပေဆြးေႏြးလိုက္ပါသည္။

Credit: ထီးယု(ဥပေဒအတိုင္ပင္ခံ)

### Unicode Version ###

“ တိုက်ခန်းဝယ်ရင်မြေရှင် သဘောတူမှ ရောင်းလို့ရတာလား ဆရာ ” ဟု နယ်မှ မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်မေးမြန်းခြင်းဖြစ်သည် ။

“သူငယ်ချင်းက ရန်ကုန်ပြောင်းလာနေမလို့လား ” စာရေးသူက ငယ်သူငယ်ချင်းအားပြန်လည် မေးလိုက်ခြင်းဖြစ်သည် ။

“ ပြောင်းလာဖို့တော့ မဟုတ်ပါဘူး ။ဒါပေမယ့် သားကြီးက ရန်ကုန်မှာရှိတဲ့ ကုမ္မဏီတစ်ခုမှာ အလုပ်ရတော့ တိုက်ခန်းလေးဝယ်ထားမလားလို့ ။တို့ မိသာစုဒီကို အလည်လာရင်လည်း တခြားနေရာမှာသွားမတည်းရတော့ဘူးပေါ့ ”

“ကောင်းတဲ့ အစီအစဉ်တစ်ခုပါ ။ အခု ဘယ်လိုကိစ္စဖြစ်လို့လဲ ၊ ဝယ်ဖို့ တိုက်ခန်းတွေ့ပြီလား ”

“ သားရဲ့ အလုပ်နဲ့လည်းနီးတယ် ဆိုပြီး တွေ့ထားတာရှိတယ် ”

“စရန်ငွေပေးပြီးပြီလား”

“ စရန်ငွေတော့ မချရသေးဘူး ။မြေရှင်နဲ့ သဘောတူညီချက်မရသေးလို့ဆိုပြီး စောင့်နေရတယ် ။ အချို့ပြောတော့ မြေရှင်ရဲ့ သဘောတူညီချက် မလိုဘူးလို့ပြောတယ် ။အဲဒါဘယ်လိုအခြေအနေလဲဆိုတာ သိချင်လို့ ”

“ဥပေဒမှတော့ အပျောက်စနစ်နဲ့ တိုက်ခန်းဝယ်ယူခြင်းဆိုတာ နေပိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကိုလွှဲပြောင်းရယူတဲ့ စနစ်ဖြစ်တယ်လို့ ဖွင့်ဆိုထားတယ် ။ဒါကြောင့် တိုက်ခန်းပိုင်ရှင်က လွှဲပြောင်းရောင်းချရာမှာ အဆောက်အအုံတစ်ခုလုံး ပိုင်ရှင် (မြေရှင်)၏ ကြိုတင်ခွင့်ပြုချက်ရယူ ဆောင်ရွက်ရန်မလိုဟု တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ငွေသိန်းနှင့် ဒေါ်သိန်းညွန့် ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၇ မှာ ဖော်ပြထားတယ် ”

“ အိမ်ပွဲစားပြောတာကတော့ မြေရှင်က အမည်ပြောင်းခအဖြစ် ရောင်းဖို့ငွေရဲ့ ထက်ဝက်ပေးရမယ်လို့ တောင်းဆိုတဲ့အတွက် အဆင်မပြေသေးဘူးလို့ ပြောတာပဲ ”

" ဒါတော့ မဟုတ်သေးဘူး သူငယ်ချင်း ။တစ်ခုခုများလွဲနေပြီ ထင်တယ် ။ တိုက်ခန်းအမည်ပြောင်းခကရောင်းဖို့ငွေရဲ့ တစ်ရာခိုင်နှုန်း(၁%)ပဲ ပေးကြတာရှိတယ် ။အိမ်တန်ဖိုးရဲ့ ထက်ဝက် ရာခိုင်နှုန်းနဲ့ဆိုရင် ငါးဆယ်ရာခိုင်နှုန်းပေးရမယ်ဖြစ်နေတာပေါ့ ”

“ အချို့ကပြောတော့ အိမ်အရောင်းအဝယ် အကျိုးဆောင်ခနှုန်းဖြစ်တဲ့ နှစ်ရာခိုင်နှုန်းနဲ့ အများဆုံးအမည်ပြောင်းခကို မြေရှင်ထံပေးကြတာပဲရှိတယ်လို့ သိရတယ် ”

“ ရောင်းမယ့်တိုက်ခန်းက အရှုပ်အရှင်းတစ်ခုခုရှိနေတယ်ထင်တယ် ။အမှုများဖြစ်နေလို့လား ”

“ အမှုတော့ မဖြစ်ထားဘူး ။ဒါပေမယ့် အစိုးရက ချပေးထားတဲ့ တိုက်ခန်းလို့လည်း ပြောသံကြားတယ် ”

“ နိုင်ငံခြားပြန်တိုက်ခန်းများ ဖြစ်နေလို့လား”

“နိုင်ငံခြားပြန် တိုက်ခန်းဆိုတာက ဘယ်လိုတိုက်ခန်းမျိုးကို ပြောထာလဲ”

“ယခင်က ရန်ကုန်မြို့မှာရှိတဲ့ တိုက်ခန်းတွေမှာ နိုင်ငံခြားသားတွေဖြစ်တဲ့ တရုတ်လူမျိုး ၊ အိန္ဒိယ လူမျိုးတွေ နေထိုင်ပိုင်ဆိုင်ကြတယ် ။၁၉၆၄ ခုနှစ်မှာ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းခဲ့တယ် ။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လုပ်ငန်းရပ်ဆိုင်းသွားတယ်။ အချို့နိုင်ငံခြားသား တရုတ်လူမျိုး ၊အိန္ဒိယလူမျိုးတွေက မိမိသက်ဆိုင်ရာ နိုင်ငံသို့ ပြန်သွားကြတယ် ။အဲဒီနိုင်ငံခြားသားပိုင် တိုက်ခန်းတွေကို နိုင်ငံတော်အစိုးရက သိမ်းဆည်းလိုက်တယ် ။ဒါကြောင့် နိုင်ငံခြားပြန်တိုက်ခန်းများလို့ လွယ်လွယ်ကူကူခေါ်ပြောလာကြတာဖြစ်တယ် ”

“ အဲဒီနိုင်ငံခြားပြန် တိုက်ခန်းတွေကို ဘယ်လိုဆောင်ရွက်ကြသလဲ ”

“ တော်လှန်ရေးကောင်စီခေတ်က ပြည်သူပိုင် (နိုင်ငံပိုင်) တိုက်ခန်းအဖြစ် သိမ်းပြီး ၊ တော်လှန်ရေးကောင်စီ အစိုးရ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာ စည်ပင်ရေူအဖွဲ့ (အဆောက်အအုံ အုပ်ချုပ်မှုဌာန) မှ သင့်တော်သူကို အိမ်ငှါးအဖြစ်ချပေးလေ့ရှိတယ် ။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တိုင်းကျင့်သုံးဆောင်ရွက်ခဲ့ပါတယ် ”

“ အိမ်ငှါးအဖြစ်ချပေးတယ်ဆိုတော့ အိမ်လခပေးရပေါ့”

“ပေးရတာပေ့ါ ။အခုလည်း အပျောက်စနစ်နဲ့ ဝယ်တဲ့သူတွေက မြေရှင်ကို အိမ်ငှါးရမ်းခပေးကြရတယ် ။နိုင်ငံပိုင်းတိုက်ခန်းဖြစ်လို့ အိုးအိမ်ဦးစီးဌာနမှာ အိမ်လခပေးသွင်းကြရတယ်”

“အဲဒီလိုနိုင်ငံပိုင်တိုက်ခန်းကိုဝယ်ရင် အိုးအိမ်ဦးစီးဌာနမှာ အမည်ပြောင်းလျှောက်ရမှာပေ့ါ ”

“နိုင်ငံပိုင်တိုက်ခန်းဖြစ်လို့ လွှဲပြောင်းရောင်းချခွင့်မရှိဘူး ။ဒါပေမယ့် အိမ်ငှါးအဖြစ် သတ်မှတ်ချပေးခံရသူ၏ မိသာစုဝင်များက ဆက်လက်နေထိုင်ခွင့်ရှိမှာဖြစ်ပါတယ် ”

“ဒါဆိုရင် အခုကိစ္စ နိုင်ငံခြားပြန်တိုက်ခန်းဖြစ်ပြီး နိုင်ငံတော်ကသိမ်းထားတဲ့ နိုင်ငံပိုင်တိုက်ခန်းဖြစ်နေရင် ရောင်းပိုင်ခွင့်မရှိဘဲ လိမ်လည်ရောင်းတာဖြစ်နေတာပေါ့ ။သူငယ်ချင်းရှင်းပြမှစရန်ငွေမပေးဖြစ်တာတော်သေးတယ်လို့ ရင်ထဲမှာ အပူလုံးကြီးကျသွားသလို ခံစားလိုက်ရတယ် ”

“ မြေပိုင်ရှင်ကို တိုက်ခန်းပြန်လည် လွှဲပြောင်းမပေးသေးရင်တော့ နိုင်ငံပိုင်တိုက်ခန်းဖြစ်နေလို့ ရောင်းပိုင်ခွင့်မရှိတာကြောင့် သေချာစုံးစမ်းဖို့တော့ လိုလိမ့်မယ် ။အိမ်လခကို အိုးအိမ်ဦးစီးဌာနမှာပဲ ပေးသွင်းနေသလားဆိုတာ မေးမြန်းစုံစမ်းပြီးမှ ဝယ်ပါ ”

“ သူငယ်ချင်းပြောတဲ့ မြေပိုင်ရှင်ကို တိုက်ခန်းပြန်လည်လွှဲပြောင်းပေးတယ်ဆိုတာက ဘယ်လိုကိစ္စမျိုးလဲ ”

“နိုင်ငံတော်အစိုးရက ပြည်သူပိုင်အဖြစ် သိမ်းထားတဲ့ တိုက်ခန်းတွေကို သက်ဆိုင်ရာမြေပိုင်ရှင်ထံပြန်လည်လွှဲပြောင်းပေးတာတွေလည်းရှိတယ်”

“အဲဒါမျိုးဆိုရင် တိုက်ခန်းနေသူက ဘယ်လိုအခြေအနေဖြစ်သွားလဲ”

“ဒါနဲ့ ပတ်သပ်လို့ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်စန်းနိုင်နှင့် ဦးဝင်ကို ပါနှစ်ဦး ၊ ၂၀၀၂ ခုနှစ် ၊ စာမျက်နှာ-၂၇၀ အမှုမှာ ပြည်သူပိုင် သိမ်းထားသည့် အခန်းကို ပြည်သူပိုင်သိမ်းခြင်းမှ ရပ်စဲ၍ ပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အခါ အဆိုပါပြည်သူပိုင်သိမ်းထားသည့် အခန်းတွင်အငှါးချထားခြင်းခံရသူသည် မြေပိုင်ရှင်၏ အိမ်ငှါးအဖြစ် ဆက်လက်ရပ်တည်သည်လို့ ဖော်ပြထားပါတယ် ”

“ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့ တိုက်ခန်းက နိုင်ငံပိုင်သိမ်းခဲ့ရင်လည်းမြေရှင်ကို ပြန်လည်ပေးအပ်ခြင်းရှိမရှိ မေးရမှာပေါ့”

“ မှန်ပါတယ် ။မြေရှင်မှ လွှဲပြောင်းရယူထားပြီး မြေရှင်ထံတိုက်ခန်းနေသူက အိမ်လခပေးခဲ့ရင်တော့မြေရှင်နဲ့အိမ်ရှင်အိမ်ငှါးဆက်စပ်မှုရှိပြီး မြေရှင်အနေနဲ့ အမည်ပြောင်းခ ၁ ရာခိုင်နှုန်းသာ ရပိုင်ခွင့်ရှိမှာဖြစ်တယ် ” လို့ ရှင်းပြဆွေးနွေးလိုက်ပါသည်။

Credit: ထီးယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service