တရားဝင္လက္ရွိလက္ငုတ္ လုပ္ကိုင္သူျဖစ္လွ်င္ ပံုစံ ၇ ထုတ္ေပးျခင္း

တရားဝင္လက္ရွိလက္ငုတ္ လုပ္ကိုင္သူျဖစ္လွ်င္ ပံုစံ ၇ ထုတ္ေပးျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
6 Aug 2019 1:22 pm တွင် တင်ခဲ့သည်
1226 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

ကၽြန္ေတာ္၏ေက်ာင္းေနဖက္သူငယ္ခ်င္းျဖစ္သူ ဦးလွေအာင္မွ သူက “ ဒီလိုပါ သူငယ္ခ်င္းေရ ၊ ေလာေလာဆယ္ ၂၀၁၂ ခုနွစ္ ၊ လယ္ယာေျမဥပေဒ အတည္မျပဳမွီ ၊ တည္ဆဲလယ္ယာေျမဥပေဒမ်ားနွင့္အညီ တရားဝင္ လက္ရွိလက္ငုတ္ျဖစ္သူအား၊ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ထုတ္ေပးေနတာ ေတြ႕ရပါတယ္၊ အဲဒါဟာ တရားေရာ ဝင္ရဲ႕လား၊ ေနာက္ျပီး တိုင္းေဒသၾကီး လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕ရဲ႕ ဆံုးျဖတ္ခ်က္က အတည္ျဖစ္သလားဆိုတာ သိခ်င္လို႕ပါ ” ဟု ဆိုသျဖင့္ ကၽြန္ေတာ္က “သူငယ္ခ်င္းရဲ႕ ေမးခြန္းကို ေျဖေပးရရင္ ၊ တရားဝင္ လက္ရွိလက္ငုတ္ျဖစ္သူအား ၊ လယ္ယာေျမကို အသံုးျပဳခြင့္ရရွိထားသူ မဟုတ္ေသာ္လည္း ၊ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပံုစံ- ၇ ကို ထုတ္ေပးတာ ၊ တရားဝင္ပါတယ္ ၊ အတည္လည္း ျဖစ္ပါတယ္၊ ဘာကိုသိခ်င္လို႕ပါလဲ ” ဟု ေမးရာ ၊ သူက “ ျပႆနာေလးတစ္ခုရွိလို႕ပါ ၊ ကုိယ္ရဲ႕ ဖခင္အသံုးျပဳခြင့္ ရရွိထားတဲ့ အမည္ေပါက္ လယ္ယာေျမမွာ ၊ ကိုယ္ကေတာ့ သားသမီးျဖစ္လို႕ အေမြရမွာ ေသခ်ာေနေပမယ့္ ၊ အေဖ့ရဲ႕တူေတြက ၊ ၀င္ေရာက္လုပ္ကိုင္ျပီး ၊ ပံုစံ-၇ ထုတ္ဖို႕ ၾကိဳးစားေနလို႕ပါ ၊ ျပီးရင္လည္း သူတို႕ေတြက စားေသာက္ဆိုင္ဖြင့္မွာဆိုတာ ၊ ကိုယ္က သတင္းရထားပါတယ္၊ အဲဒါဘယ္လိုထားဆီရင္ ရမလဲဆိုတာ ၊ အကူအညီေပးပါဦး ” ဟု ဆိုလာသျဖင့္ ကိုလွေအာင္အေနနဲ႕ ဒီကိစၥကေတာ့ ၊ ကိုလွေအာင္ရွင္းရွင္းလင္းလင္း သိေအာင္ ေျပာျပပါ့မယ္၊ ကိုလွေအာင္အေနနဲ႕က လယ္ယာေျမကို အသံုးျပဳခြင့္ရရွိထားသူျဖစ္ျပီး၊ ကိုလွေအာင္ဖခင္ရဲ႕ တူေတြကေတာ့ လယ္ယာေျမပိုင္ခြင့္ျပဳ လက္မွတ္ရရွိႏိုင္သူဆိုျပီး ကြဲျပားေနပါတယ္၊ အမွတ္ကေတာ့ လယ္ယာေျမကို အသံုးျပခြင့္ ရရွိထားခဲ့ရင္လည္း ၊လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပံုစံ ၇ ကို ထုတ္ေပးရန္ ေလွ်ာက္ထားရမွာပါ ၊ ဒါ့ထက္ ေမးပါရေစဦး ၊ မနွစ္တုန္းကေကာ ၊ အဲဒီလယ္ကြက္ကို ၊ ဘယ္သူကလက္ရွိလက္ငုတ္ လုပ္ကိုင္ပါသလဲ ” ဟု ေမးရာ ၊ သူက “ဟာ အဲဒါကေတာ့ ကို္ယ္ပဲလုပ္ေနတာေလ ၊ မနွစ္ကစပါးေပၚျပီး၊ ေရာင္းခ်ျပီးမွ ၊ ကို္ယ့္ရဲ႕သားျဖစ္သူက ၊ ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ျမိဳ႕မွာ အလုပ္လုပ္ရင္း ၊ လုပ္ငန္းခြင္ထိခိုက္မိလို႕ ေဆးရုံတင္ထားတာကို သြားေစာင့္ေနတာ (၅) လေလာက္ၾကာသြားပါတယ္ ၊ ဒီကို ျပန္ေရာက္ေတာ့ ၊ အေဖ့တူေတြက အဲဒီလယ္ယာေျမမွာ ဝင္လုပ္ေနၾကျပီေလ ၊ သီးစားေတာင္ ေလွ်ာက္ထားေသးတယ္ ၊ အဲဒါေၾကာင့္ သူငယ္ခ်င္းကို အကူအညီ ေတာင္းေနရတာေပါ့ ” ဟု အားငယ္သံျဖင့္ ေျပာလာပါသည္ ။

ထိုအခါ ကၽြန္ေတာ္က “ သိပ္လည္းစိတ္ပူမေနပါနဲ႕ ၊ သူငယ္ခ်င္းအေနနဲ႕ ဒီကျပန္သြားလို႕ ၊ အိမ္ကိုေရာက္တာနဲ႕ ၊ လုပ္ရမွာက ၂၀၁၂ ခုနွစ္ ၊ လယ္ယာေျမဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပံုစံ-၇ ကို သူငယ္ခ်င္းဖခင္ရဲ႕ တူေတြနဲ႕ အျပိဳင္ ေလွ်ာက္ထားရမယ္ ၊ သက္ဆိုင္ရာ ဌာနမ်ားမွ အဆင့္ဆင့္ စိစစ္ၾကပါလိမ့္မယ္ ” “ သူငယ္ခ်င္းအေနနဲ႕ သူတိုေတြထက္သာတဲ့အခ်က္ေတြ ရွိပါတယ္ ” “ အဲဒါကေတာ့ ၊ ၂၀၁၂ ခုနွစ္ ၊ လယ္ယာေျမဥပေဒပုဒ္မ ၆(က) (၂)တြင္ ျမိဳ႕နယ္လယ္ယာေျမ စီမံခန္႕ခြဲမႈအဖြဲ႕သည္ ၊ ဤဥပေဒအာဏ တည္သည့္ေနရက္တြင္ ၊ တည္ရွိေနေသာ လယ္ယာေျမမ်ားနွင့္စပ္လ်ဥ္း၍ လယ္ယာေျမကို အသံုးျပဳခြင့္ ရရွိထားေသာ အိမ္ေထာင္သားစု အၾကီးအကဲ သို႕မဟုတ္ ထိုအိိမ္ေထာင္စုတြင္ ပါဝင္သူတစ္ဦး သို႕မဟုတ္ အုပ္ထိန္းသူသည္ ဤဥပေဒျပဌာန္းအတည္မျပဳမီ တည္ဆဲေျမယာဥပေဒမ်ားနွင့္အညီ တရားဝင္လက္ရွိ လက္ငုတ္လုပ္ကိုင္ေနသူျဖစ္လွ်င္ သက္ဆိုင္ရာ ခရုိင္လယ္ယာေျမ စီမံခန္႕ခြဲမႈ အဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ ျမိဳ႕နယ္ဦးစီးဌာနရုံးတြင္ သတ္မွတ္ခ်က္မ်ားနွင့္အညီ မွတ္ပံုတင္ေၾကးေပးေဆာင္ေစ၍ မွတ္ပံုတင္ျပီး လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ထုတ္ေပးရမည္ျဖစ္ေၾကာင္းကို ျပဌာန္းထားတယ္ ”

“ သူငယ္ခ်င္းအေနနဲ႕ မိမိရဲ႕ဖခင္က မူလပိုင္ရွင္ျဖစ္ေသာ္လည္း၊ ဖခင္ျဖစ္သူ၏ အိမ္ေထာင္သားစုတြင္ ပါဝင္သူတစ္ဦးလည္းျဖစ္ျပီး၊ မိမိကိုယ္တုိင္ နွစ္စဥ္တိုင္း၊ လက္ရွိလက္ငုပ္လုပ္ကိုင္ေနေၾကာင္းကို သက္ဆိုင္ရာလယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕ အဆင့္ဆင့္က စိစစ္ျပီး၊ ေထာက္ခံေပးမွာျဖစ္ပါတယ္ ”

“ အဲဒါနဲ႕ပတ္သက္ျပီး ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဆံုးျဖတ္ခဲ့တဲ့ အမႈကိုညြန္းဆိုျပီး ရွင္းျပေပးပါ့မယ္ ” “ ဦးဝင္းလြင္နွင့္ ဥကၠဌ ၊ တိုင္းေဒသၾကီးလယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕ ၊ ရန္ကုန္တိုင္းေဒသၾကီးပါ -၅ ၊ ၂၀၁၇ ခုနွစ္ ၊ တရားမအေထြေထြ ေလွ်ာက္ထားမႈ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး၊ စာ-၂၂၈ ” မွာ ဆိုရင္ ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္ဟာ အခ်င္းျဖစ္ လယ္ယာေျမ ၄၅.၈၁ ဧက၏ မူလပိုင္ရွင္ျဖစ္သူ ဘၾကီးဦးေက်ာ္ျငိမ္းနွင့္ ၂၀၁၀ ျပည့္နွစ္၌ ေျမယာမႈခင္း ျဖစ္ပြားျပီးေနာက္ ၊ဓႏုတ္ေက်းရြာ ၊ ရယကနွင့္ ဒလျမိဳ႕နယ္ ၊ ေျမစာရင္းဦးစီးဌာနတို႕၏ ဆံုးျဖတ္ခ်က္အရ အခ်င္းျဖစ္လယ္ေျမ ၄၅.၈၁ ဧကကို ဆက္လက္လုပ္ကိုင္ခြင့္ ရရွိခဲ့သူျဖစ္ျပီး၊ ဦးေက်ာ္ျငိမ္းးကြယ္လြန္ခဲ့ျပီးေနာက္ ဦးသိန္းလြင္မွ လက္ရွိလက္ငုတ္လုပ္ကိုင္ေနေၾကာင္း သက္ဆိုင္ရာ လယ္ယာေျမစီမံခန္႕ခြဲမႈအဆင့္ဆင့္က စိစစ္ေတြ႕ရွိရ၍ ဦးသိန္းလြင္အား ၁၅-၁၀-၂၀၁၃ ရက္ေန႕တြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပံုစံ-၇ (၄)ေစာင္ ထုတ္ေပးခဲ့ျခင္း သည္ ၊ ဥပေဒနွင့္ ညီညြတ္မႈမရွိဟု ဆိုႏိုင္မည္ မဟုတ္ေပ ”

“ေလွ်ာက္ထားသူ ဦးဝင္းလြင္သည္ အခ်င္းျဖစ္ လယ္ေျမတြင္ စိုက္ပ်ိဳးလုပ္ကိုင္ေနေၾကာင္း ခိုင္လံုေသာ အေထာက္အထား တင္ျပႏိုင္မႈ မရွိျခင္း၊ ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္သည္ အခ်င္းျဖစ္လယ္ယာေျမမ်ားကို ၂၀၀၇ ခုနွစ္မွစ၍ လက္ရွိလက္ငုတ္လုပ္ကိုင္ေနသူျဖစ္၍ လယ္ယာေျမဥပေဒ ၊ နည္းဥပေဒျပဌာန္းခ်က္မ်ားနွင့္ အညီ ညီညြတ္မႈ ရွိျခင္းတို႕ေၾကာင့္ ခရုိင္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕က အခ်င္းျဖစ္လယ္ယာေျမမ်ားကို ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္အား လုပ္ကိုင္ခြင့္ျပဳေၾကာင္း ဆံုးျဖတ္ခဲ့ျခင္းအေပၚ တိုင္းေဒသၾကီး လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕က အတည္ျပဳခဲ့ျခင္းသည္ ၊ ယင္းတို႕၏ စီရင္ပိုင္ခြင့္အခြင့္အာဏအရ ေဆာင္ရြက္ျခင္းျဖစ္၍ ယင္းဆံုးျဖတ္ခ်က္အေပၚ ၊ အမႈေခၚ စာခၽြန္ေတာ္အမိန္႕ ထုတ္ဆင့္ပယ္ဖ်က္ရန္ အေၾကာင္းမရွိေပဟု သံုးသပ္ဆံုးျဖတ္ထားပါတယ္ ”

“ ရန္ကုန္တိုင္းေဒသၾကီး ရန္ကုန္ေတာင္ပိုင္းခရုိင္၊ ဒလျမိဳ႕နယ္၊ ဓႏုတ္စံျပေက်းရြာအုပ္စုတြင္ ၊ ကြင္းအမွတ္ ၂၃၆-ေအ ၊ ဘုရားၾကီးေခ်ာင္းကြင္း ၊ ဧရိယာ ၄၅.၈၁ ဧကရွိ လယ္ယာေျမနွင့္ စပ္လ်ဥ္း၍ ေလွ်ာက္ထားသူ ဦးဝင္းလြင္နွင့္ ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္တို႕မွ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပံုစံ-၇ ေလွ်ာက္ထားရာ ၊ ဓႏုတ္စံျပေက်းရြာအုပ္စု ၊ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕က ဦးသိန္းလြင္အား ၃၀.၅၆ ဧက ၊ ဦးဝင္းလြင္အား ၁၅.၂၅ ဧက လုပ္ခြင့္ျပဳေၾကာင္း ၊ ဦးဝင္းလြင္က ၂၅.၃၀ ဧက လုပ္ခြင့္ျပဳေၾကာင္း ၊ ဦးဝင္းလြင္နွင့္ဦးသိန္းလြင္တို႕ က ရန္ကုန္ေတာင္ပိုင္းခရုိင္ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕သို႕ အယူခံဝင္ရာ ဦးဝင္းလြင္၏ အယူခံလႊာကို ျငင္းပယ္ျပီး ၊ ဦးသိန္းလြင္အား ၄၅.၈၁ ဧကကို ၊ လက္ရွိလုပ္ကိုင္ေနသူျဖစ္၍ ဆက္လက္လုပ္ကိုင္ခြင့္ျပဳေၾကာင္း ၊ ခရုိင္ဆံုးျဖတ္ခ်က္အား မေက်နပ္၍ ေလွ်ာက္ထားသူက ရန္ကုန္တိုင္းေဒသၾကီး လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕သို႕ အယူခံဝင္ရာ အယူခံလႊာကို ပယ္ခဲ့သျဖင့္ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕အဆင့္ဆင့္၏ ဆံုးျဖတ္ခ်က္မ်ားကို အမႈေခၚ စာခၽြန္ေတာ္အမိန္႕ ထုတ္ဆင့္ပယ္ဖ်က္ေပးရန္ ဦးဝင္းလြင္က ေလွ်ာက္ထားျခင္း ျဖစ္ပါတယ္ ”

“ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က အမႈေခၚ စာခၽြန္ေတာ္အမိန္႕ ထုတ္ဆင့္ရန္ မသင့္ေၾကာင္း အေၾကာင္းျပေစရန္ ေလွ်ာက္ထားခံရသူထံ အေၾကာင္းၾကားစာ ထုတ္ဆင့္ခဲ့၍ ေလွ်ာက္ထားခံရသူတို႕ ျပန္ၾကားအစီရင္ခံစာနွင့္ ျပန္လွန္က်မ္းကိ်န္လႊာမ်ားအရ ၊ အခ်င္းျဖစ္လယ္ေျမနွင့္စပ္လ်ဥ္း၍ ေလွ်ာက္ထားခံရသူဦးသိန္းလြင္အား လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ထုတ္ေပးထားေၾကာင္း သိရွိရသျဖင့္ ၊ ဤတရားမအေထြေထြေလွ်ာက္ထားမႈကို စရိတ္နွင့္တကြ ပယ္လိုက္ေၾကာင္း ဆံုးျဖတ္ခဲ့တယ္ ၊ သူငယ္ခ်င္းေရ ” “ ကဲ ၊ ကိုလွေအာင္ေရ၊ ကို္ယ္ေျပာသလိုသာ လုပ္ေပေတာ့ကြာ ” ဟု သာအၾကံျပဳ အားေပးလိုက္ရပါေတာ့သည္။

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး(ဥေပဒ)

 

### Unicode Version ###

ကျွန်တော်၏ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ဦးလှအောင်မှ သူက “ ဒီလိုပါ သူငယ်ချင်းရေ ၊ လောလောဆယ် ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေ အတည်မပြုမှီ ၊ တည်ဆဲလယ်ယာမြေဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်ဖြစ်သူအား၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးနေတာ တွေ့ရပါတယ်၊ အဲဒါဟာ တရားရော ဝင်ရဲ့လား၊ နောက်ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်သလားဆိုတာ သိချင်လို့ပါ ” ဟု ဆိုသဖြင့် ကျွန်တော်က “သူငယ်ချင်းရဲ့ မေးခွန်းကို ဖြေပေးရရင် ၊ တရားဝင် လက်ရှိလက်ငုတ်ဖြစ်သူအား ၊ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူ မဟုတ်သော်လည်း ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ- ၇ ကို ထုတ်ပေးတာ ၊ တရားဝင်ပါတယ် ၊ အတည်လည်း ဖြစ်ပါတယ်၊ ဘာကိုသိချင်လို့ပါလဲ ” ဟု မေးရာ ၊ သူက “ ပြဿနာလေးတစ်ခုရှိလို့ပါ ၊ ကိုယ်ရဲ့ ဖခင်အသုံးပြုခွင့် ရရှိထားတဲ့ အမည်ပေါက် လယ်ယာမြေမှာ ၊ ကိုယ်ကတော့ သားသမီးဖြစ်လို့ အမွေရမှာ သေချာနေပေမယ့် ၊ အဖေ့ရဲ့တူတွေက ၊ ဝင်ရောက်လုပ်ကိုင်ပြီး ၊ ပုံစံ-၇ ထုတ်ဖို့ ကြိုးစားနေလို့ပါ ၊ ပြီးရင်လည်း သူတို့တွေက စားသောက်ဆိုင်ဖွင့်မှာဆိုတာ ၊ ကိုယ်က သတင်းရထားပါတယ်၊ အဲဒါဘယ်လိုထားဆီရင် ရမလဲဆိုတာ ၊ အကူအညီပေးပါဦး ” ဟု ဆိုလာသဖြင့် ကိုလှအောင်အနေနဲ့ ဒီကိစ္စကတော့ ၊ ကိုလှအောင်ရှင်းရှင်းလင်းလင်း သိအောင် ပြောပြပါ့မယ်၊ ကိုလှအောင်အနေနဲ့က လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူဖြစ်ပြီး၊ ကိုလှအောင်ဖခင်ရဲ့ တူတွေကတော့ လယ်ယာမြေပိုင်ခွင့်ပြု လက်မှတ်ရရှိနိုင်သူဆိုပြီး ကွဲပြားနေပါတယ်၊ အမှတ်ကတော့ လယ်ယာမြေကို အသုံးပြခွင့် ရရှိထားခဲ့ရင်လည်း ၊လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ ၇ ကို ထုတ်ပေးရန် လျှောက်ထားရမှာပါ ၊ ဒါ့ထက် မေးပါရစေဦး ၊ မနှစ်တုန်းကကော ၊ အဲဒီလယ်ကွက်ကို ၊ ဘယ်သူကလက်ရှိလက်ငုတ် လုပ်ကိုင်ပါသလဲ ” ဟု မေးရာ ၊ သူက “ဟာ အဲဒါကတော့ ကိုယ်ပဲလုပ်နေတာလေ ၊ မနှစ်ကစပါးပေါ်ပြီး၊ ရောင်းချပြီးမှ ၊ ကိုယ့်ရဲ့သားဖြစ်သူက ၊ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ အလုပ်လုပ်ရင်း ၊ လုပ်ငန်းခွင်ထိခိုက်မိလို့ ဆေးရုံတင်ထားတာကို သွားစောင့်နေတာ (၅) လလောက်ကြာသွားပါတယ် ၊ ဒီကို ပြန်ရောက်တော့ ၊ အဖေ့တူတွေက အဲဒီလယ်ယာမြေမှာ ဝင်လုပ်နေကြပြီလေ ၊ သီးစားတောင် လျှောက်ထားသေးတယ် ၊ အဲဒါကြောင့် သူငယ်ချင်းကို အကူအညီ တောင်းနေရတာပေါ့ ” ဟု အားငယ်သံဖြင့် ပြောလာပါသည် ။

ထိုအခါ ကျွန်တော်က “ သိပ်လည်းစိတ်ပူမနေပါနဲ့ ၊ သူငယ်ချင်းအနေနဲ့ ဒီကပြန်သွားလို့ ၊ အိမ်ကိုရောက်တာနဲ့ ၊ လုပ်ရမှာက ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ-၇ ကို သူငယ်ချင်းဖခင်ရဲ့ တူတွေနဲ့ အပြိုင် လျှောက်ထားရမယ် ၊ သက်ဆိုင်ရာ ဌာနများမှ အဆင့်ဆင့် စိစစ်ကြပါလိမ့်မယ် ” “ သူငယ်ချင်းအနေနဲ့ သူတိုတွေထက်သာတဲ့အချက်တွေ ရှိပါတယ် ” “ အဲဒါကတော့ ၊ ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေပုဒ်မ ၆(က) (၂)တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ၊ ဤဥပဒေအာဏ တည်သည့်နေရက်တွင် ၊ တည်ရှိနေသော လယ်ယာမြေများနှင့်စပ်လျဉ်း၍ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသော အိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်စုတွင် ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေပြဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ်လုပ်ကိုင်နေသူဖြစ်လျှင် သက်ဆိုင်ရာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးရမည်ဖြစ်ကြောင်းကို ပြဌာန်းထားတယ် ”

“ သူငယ်ချင်းအနေနဲ့ မိမိရဲ့ဖခင်က မူလပိုင်ရှင်ဖြစ်သော်လည်း၊ ဖခင်ဖြစ်သူ၏ အိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦးလည်းဖြစ်ပြီး၊ မိမိကိုယ်တိုင် နှစ်စဉ်တိုင်း၊ လက်ရှိလက်ငုပ်လုပ်ကိုင်နေကြောင်းကို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က စိစစ်ပြီး၊ ထောက်ခံပေးမှာဖြစ်ပါတယ် ”

“ အဲဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တဲ့ အမှုကိုညွန်းဆိုပြီး ရှင်းပြပေးပါ့မယ် ” “ ဦးဝင်းလွင်နှင့် ဥက္ကဌ ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၊ ရန်ကုန်တိုင်းဒေသကြီးပါ -၅ ၊ ၂၀၁၇ ခုနှစ် ၊ တရားမအထွေထွေ လျှောက်ထားမှု ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၂၂၈ ” မှာ ဆိုရင် လျှောက်ထားခံရသူ ဦးသိန်းလွင်ဟာ အချင်းဖြစ် လယ်ယာမြေ ၄၅.၈၁ ဧက၏ မူလပိုင်ရှင်ဖြစ်သူ ဘကြီးဦးကျော်ငြိမ်းနှင့် ၂၀၁၀ ပြည့်နှစ်၌ မြေယာမှုခင်း ဖြစ်ပွားပြီးနောက် ၊ဓနုတ်ကျေးရွာ ၊ ရယကနှင့် ဒလမြို့နယ် ၊ မြေစာရင်းဦးစီးဌာနတို့၏ ဆုံးဖြတ်ချက်အရ အချင်းဖြစ်လယ်မြေ ၄၅.၈၁ ဧကကို ဆက်လက်လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်ပြီး၊ ဦးကျော်ငြိမ်းးကွယ်လွန်ခဲ့ပြီးနောက် ဦးသိန်းလွင်မှ လက်ရှိလက်ငုတ်လုပ်ကိုင်နေကြောင်း သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်ဆင့်က စိစစ်တွေ့ရှိရ၍ ဦးသိန်းလွင်အား ၁၅-၁၀-၂၀၁၃ ရက်နေ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ-၇ (၄)စောင် ထုတ်ပေးခဲ့ခြင်း သည် ၊ ဥပဒေနှင့် ညီညွတ်မှုမရှိဟု ဆိုနိုင်မည် မဟုတ်ပေ ”

“လျှောက်ထားသူ ဦးဝင်းလွင်သည် အချင်းဖြစ် လယ်မြေတွင် စိုက်ပျိုးလုပ်ကိုင်နေကြောင်း ခိုင်လုံသော အထောက်အထား တင်ပြနိုင်မှု မရှိခြင်း၊ လျှောက်ထားခံရသူ ဦးသိန်းလွင်သည် အချင်းဖြစ်လယ်ယာမြေများကို ၂၀၀၇ ခုနှစ်မှစ၍ လက်ရှိလက်ငုတ်လုပ်ကိုင်နေသူဖြစ်၍ လယ်ယာမြေဥပဒေ ၊ နည်းဥပဒေပြဌာန်းချက်များနှင့် အညီ ညီညွတ်မှု ရှိခြင်းတို့ကြောင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အချင်းဖြစ်လယ်ယာမြေများကို လျှောက်ထားခံရသူ ဦးသိန်းလွင်အား လုပ်ကိုင်ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုခဲ့ခြင်းသည် ၊ ယင်းတို့၏ စီရင်ပိုင်ခွင့်အခွင့်အာဏအရ ဆောင်ရွက်ခြင်းဖြစ်၍ ယင်းဆုံးဖြတ်ချက်အပေါ် ၊ အမှုခေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ရန် အကြောင်းမရှိပေဟု သုံးသပ်ဆုံးဖြတ်ထားပါတယ် ”

“ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာအုပ်စုတွင် ၊ ကွင်းအမှတ် ၂၃၆-အေ ၊ ဘုရားကြီးချောင်းကွင်း ၊ ဧရိယာ ၄၅.၈၁ ဧကရှိ လယ်ယာမြေနှင့် စပ်လျဉ်း၍ လျှောက်ထားသူ ဦးဝင်းလွင်နှင့် လျှောက်ထားခံရသူ ဦးသိန်းလွင်တို့မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ-၇ လျှောက်ထားရာ ၊ ဓနုတ်စံပြကျေးရွာအုပ်စု ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဦးသိန်းလွင်အား ၃၀.၅၆ ဧက ၊ ဦးဝင်းလွင်အား ၁၅.၂၅ ဧက လုပ်ခွင့်ပြုကြောင်း ၊ ဦးဝင်းလွင်က ၂၅.၃၀ ဧက လုပ်ခွင့်ပြုကြောင်း ၊ ဦးဝင်းလွင်နှင့်ဦးသိန်းလွင်တို့ က ရန်ကုန်တောင်ပိုင်းခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရာ ဦးဝင်းလွင်၏ အယူခံလွှာကို ငြင်းပယ်ပြီး ၊ ဦးသိန်းလွင်အား ၄၅.၈၁ ဧကကို ၊ လက်ရှိလုပ်ကိုင်နေသူဖြစ်၍ ဆက်လက်လုပ်ကိုင်ခွင့်ပြုကြောင်း ၊ ခရိုင်ဆုံးဖြတ်ချက်အား မကျေနပ်၍ လျှောက်ထားသူက ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရာ အယူခံလွှာကို ပယ်ခဲ့သဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို အမှုခေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ပေးရန် ဦးဝင်းလွင်က လျှောက်ထားခြင်း ဖြစ်ပါတယ် ”

“ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုခေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ရန် မသင့်ကြောင်း အကြောင်းပြစေရန် လျှောက်ထားခံရသူထံ အကြောင်းကြားစာ ထုတ်ဆင့်ခဲ့၍ လျှောက်ထားခံရသူတို့ ပြန်ကြားအစီရင်ခံစာနှင့် ပြန်လှန်ကျမ်းကျိန်လွှာများအရ ၊ အချင်းဖြစ်လယ်မြေနှင့်စပ်လျဉ်း၍ လျှောက်ထားခံရသူဦးသိန်းလွင်အား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးထားကြောင်း သိရှိရသဖြင့် ၊ ဤတရားမအထွေထွေလျှောက်ထားမှုကို စရိတ်နှင့်တကွ ပယ်လိုက်ကြောင်း ဆုံးဖြတ်ခဲ့တယ် ၊ သူငယ်ချင်းရေ ” “ ကဲ ၊ ကိုလှအောင်ရေ၊ ကိုယပြောသလိုသာ လုပ်ပေတော့ကွာ ” ဟု သာအကြံပြု အားပေးလိုက်ရပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး(ဥပေဒ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service