အိမ္ငွါးတာဝန္ေဖာက္ဖ်က္သည္ဆိုသည့္ အိမ္ျပင္ဆင္ျခင္းနွင့္ေဆာက္လုပ္ျခင္း

အိမ္ငွါးတာဝန္ေဖာက္ဖ်က္သည္ဆိုသည့္ အိမ္ျပင္ဆင္ျခင္းနွင့္ေဆာက္လုပ္ျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
5 Aug 2019 12:46 pm တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

“ အိမ္ကကၽြန္ေတာ့္ အဘိုးလက္ထက္ကတည္းကအိမ္ ဆရာ။ အခုထိအိမ္ငွါးေတြက စဥ္ဆက္မျပတ္ေနတယ္။ အဲဒီအိမ္ကို ျပန္ရခ်င္တယ္။ ဘယ္လိုေဆာင္ရြက္ရမလဲဆရာ ” ဟု မိတ္ေဆြတစ္ဦးက လမ္းညြန္လိုက္သျဖင့္ စာေရးသူထံေရာက္လာျပီး ေဆြးေႏြးျခင္းျဖစ္သည္။

“ အိမ္က ဘယ္နွစ္ထပ္လဲ ဂရန္ေျမလား ၊ အဖိုးပိုင္တဲ့ အိမ္ေျမျဖစ္ေၾကာင္း စာရြက္အေထာက္အထားရွိသလား ”

“ဂရန္ေျမကေတာ့ အေဖနဲ႕ အေဒၚအမည္ေျပာင္းထားတယ္ ”

“ ဘယ္လိုေျပာင္းလိုက္တာလဲ”

“ အေဖတို႕က ေမာင္နွမနွစ္ေယာက္ရွိတယ္။ အဖိုးကြယ္လြန္ေတာ့ သားသမီးေတြအျဖစ္နဲ႕ အမည္ေျပာင္းထားတယ္လို႕ သိရပါတယ္ ”

“ အေဖနဲ႕အေဒၚဆိုသူတို႕က သက္ရွိထင္ရွားရွိၾကေသးလား ”

“ ဟုတ္ကဲ့ရွိပါတယ္။ အေဖက အသက္ ၈၀ နီးေနျပီ။ အေဒၚကလည္း အပ်ိဳၾကီးဆိုေတာ့ အေမြဆက္ခံသူက ကၽြန္ေတာ္တစ္ေယာက္တည္းရွိတာဆရာ ”

“ အခုအဲဒီအိမ္မွာက အိမ္ငွါးဘယ္နွစ္ဦးရွိသလဲ ”

“ နွစ္ဦးရွိတယ္လို႕သိရတယ္”

“ အိမ္ငွါးခေပးေသးလား”

“ အေဖေျပာစကားအရေတာ့ အိမ္လခမရတာလည္း ၁၅ နွစ္နီးပါဒေလာက္ရွိေနျပီဆိုတယ္ဆရာ ”

“ အေဆာက္အဦးက ဘယ္လိုပံုစံလဲ”

“ အိမ္လံုးခ်င္းဆရာ ၊ အစက ပံုနွိပ္တိုက္လုပ္ဖို႕ငွါးထားတာေျပာတယ္ တစ္ထပ္ပ်ဥ္ေထာင္အိမ္ ”

“ အခုထိ ပံုနွိပ္တိုက္လုပ္ေနဆဲလား ”

“ အခုေတာ့ ပံုနွိပ္တိုက္မရွိေတာ့ဘူး။အခန္းကန္႕ျပီး အိမ္ေထာင္စု နွစ္စုေနတာေတြ႔႕ေနရတယ္ ”

“ အိမ္ငွါးေတြကို အဖိုးျဖစ္သူက စျပီး ငွါးတယ္ဆိုေတာ့ အခုလက္ရွိ္ ေနသူေတြေတာ့ မျဖစ္ႏိုင္ဘူး”

“ မွန္ပါတယ္ဆရာ။ အဖိုးက ကြယ္လြန္ခဲ့တာ အေတာ္ၾကာျပီး။ကၽြန္ေတာ္မေမြးမီွက ျဖစ္မယ္ထင္တယ္။ အဖိုးငွါးခဲ့တဲ့ သူလည္းမရွိေတာ့ဘူး။ အခုေနတဲ့ သူေတြက အဖိုးငွါးခဲ့တဲ့ သူေတြရဲ႕ သားသမီးေျမးေတြလို႕ ေျပာပါတယ္ ”

“ ပထမငွါးစဥ္က ပံုနွိပ္တိုက္လုပ္ဖို႕ တစ္အိမ္လံုးကို ငွါးတာမဟုတ္လား။ အခုအခန္း (၂) ခန္းျဖစ္ေနတာက ဘယ္လိုျဖစ္လာတယ္လို႕သိသလဲ ”

“ ပထမငွါးထားတဲ့သူက သူပံုနွိပ္စက္လုပ္စဥ္အငွါးေခၚထားတဲ့သူကို အခန္းကန္႕ျပီး ငွါးထားတယ္လို႕ စံုစမ္းသိရတယ္ ”

“ အခန္းကန္႕ျပီး ထပ္ဆင့္ငွါးထားတဲ့ အခန္းမွာ မူလပံုနွိပ္စက္အလုပ္သမားဆိုပါေတာ့ သူရွိေနေသးလား”

“ သူလည္းမရွိေတာ့ဘူးဆရာ၊ သူ႕သမီး၊ သားမတ္နဲ႕ သားသမီးေတြေနတယ္လို႕သိရတယ္။ခက္တာကဆရာ ထပ္ဆင့္ငွါးထားတယ္ဆိုတဲ့ အခန္းက သူေတြက မူလသစ္သားကာေတြကို အုတ္နံရံတက္တယ္၊ ျပတင္းေပါက္ေတြ ေဖာက္တယ္။ ေခါင္မိုးသြပ္ျပားေတြခြာျပီး အသစ္လဲတယ္။ အတြင္းပိုင္းအားလံုးျပင္တယ္ဆရာ။ အိမ္သာ ၊ ေရခ်ိဳးခန္းက အစျပင္လိုက္တယ္။ အဲဒါ လုပ္ပိုင္ခြင့္ရွိသလားဆရာ ”

“ အဓိကကေတာ့ အခုကေတာ့ အခုလက္ရွိေနသူေတြနဲ႕ ေမာင္ရင္ရဲ႕ ဖခင္တို႕က အိမ္ရွင္အိမ္ငွါး ဆက္စပ္မႈရွိဖို႕လိုတယ္။ယခင္က အိမ္လခ ေကာက္ခံခဲ့တယ္ဆိုတဲ့ အေထာက္အထားစာရြက္စာတမ္းလည္း ျပန္ရွာျပီးစုထားပါ။ အခန္းကို ပံုစံေျပာင္းျပီး ျပတင္းေပါက္ေဖာက္တယ္။ အခိုင္အမာ အုတ္တက္တဲ့ကိစၥေတြကို သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီထံတိုင္ၾကားဖို႕ေတာ့လိုလိမ့္မယ္ ”

“ ဟုတ္ကဲ့ တိုင္ၾကားထားပါတယ္ ”

“ သက္ဆိုင္ရာ စည္ပင္သာယာရဲ႕ ခြင့္ျပဴခ်က္မရဘဲ အိမ္ျပင္ဆင္ေဆာက္တယ္ဆိုရင္ေတာ့ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးဥပေဒအရ အေရးယူတာေတြရွိပါတယ္။အဲဒီမွာ တစ္ဖက္က အိမ္ငွါး ဟုတ္မဟုတ္ တင္ျပလာတာေတြလည္း ရွိတတ္တယ္ ”

“ ဆရာေျပာသလိုဆိုရင္ လက္ရွိေနသူေတြက အေဖနဲ႕ အိမ္ရွင္အိမ္ငွါးဆက္စပ္မႈရွိတယ္ဆိုတဲ့ ဥပေဒသေဘာတရားမွာ ဘယ္လိုလဲဆရာ ”

“ ဥပေဒအရေျပာရရင္ေတာ့ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခ ၾကီးၾကပ္ေရးဥပေဒ ပုဒ္မ (၂) အရ အိမ္ရွင္ျဖစ္ေစ ၊ အိမ္ငွါးျဖစ္ေစ ၊ မူလအိမ္ရွင္ သို႕မဟုတ္ အိမ္ငွါးကြယ္လြန္သြား၍ ဆက္ခံသူတုိ႕မွာ အိမ္ရွင္အိမ္ငွါးအျဖစ္ဆက္စပ္လ်က္ရွိတယ္လို႕ ေဖာ္ျပထားပါတယ္ ။ ဒါေၾကာင့္ အဖိုးကြယ္လြန္ရင္သားျဖစ္တဲ့ ေမာင္ရင့္အေဖက အိမ္ရွင္ျဖစ္လာသလို အဖိုးငွါးထားသူရဲ႕ သားသမီးေတြကလည္း အဆိုပါ အိမ္မွာ ဆက္ေနရသ္ အိမ္ငွါးအျဖစ္ ဥပေဒအရ ေရာက္ရွိသြားမွာျဖစ္ပါတယ္ ”

“ အခိ်ဳ႕ကေျပာတာေတာ့ အိမ္ကို ခြင့္ျပဳခ်က္မရဘဲျပင္ရင္ အိမ္နွင္လိုမႈစြဲဆိုနွင္လို႕ရတယ္လို႕ ေျပာတယ္ဟုတ္ပါသလား ”

“ ရွင္းေအာင္ေျပာရရင္ အိမ္ကို ျပင္ဆင္ျခင္းနဲ႕ ေဆာက္လုပ္ျခင္းဆိုတာ နွစ္မ်ိဳးရွိတယ္ ။ ဦးခ်စ္ေအာင္ပါ (၁၀)ပါးနွင့္ ဦးညဏ္ဝင္းပါ (၂) ၁၉၉၈ ခုနွစ္ ၊ စာ- ၁၉၁ စီရင္ထံုးေတြမွာ အိမ္အမိုးကို ေကာင္းေအာင္ျပင္ဆင္ျခင္းသည္ အိမ္ငွါးတာဝန္ေဖာက္ဖ်က္ျခင္းမဟုတ္ ၊ အျမဲတမ္းအေဆာက္အအံုအျဖစ္ ေဆာက္လုပ္ျခင္းမဟုတ္ ဟု ဆံုးျဖတ္ထားပါတယ္ ”

“ ေဆာက္လုပ္ျခင္းဆိုတဲ့ အဓိပၸာယ္က ဘယ္လိုလဲဆရာ ”

“ တရားရုံးခ်ဳပ္က ဆံုးျဖတ္ထားတဲ့ ေအရာလင္ဆီေလ့ာနွင့္ ေဒၚအမာဂ်န္ပါ ၂၊ ၁၉၆၅ ခုနွစ္ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုးစာမ်က္ႏွာ ၄၀၆ အမႈမွာ ထပ္ခိုးကဲ့သို႕ ၾကီးမားခိုင္မာေသာ အထပ္မ်ားကို ထပ္မံေဆာက္လုပ္ျခင္း ၊ အခန္းတစ္ခန္းျဖစ္ေပၚလာရန္ ရည္ရြယ္ခ်က္ျဖင့္ ျပဳလုပ္ရာတြင္ ေခတၱခဏ အနည္းငယ္မွ်သာ ေျပာင္းလဲ ျပဳလုပ္ထားျခင္းမဟုတ္ဘဲ ၊ ယခင္ထားရွိသည့္အခန္းမ်ားကို မတူေအာင္ အျခားသူေနရန္မ်ားစြာ ျပဳျပင္ေျပာင္းလဲလိုက္ျခင္းသည္ တည္ျမဲေသာ အေဆာက္အဦးကို ေဆာက္လုပ္ျခင္းျဖစ္သည္လို႕ သံုးသပ္ဆံုးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ေတြနဲ႕ အၾကံဳးဝင္ဖို႕ေတာ့လိုပါတယ္ ”

“ တရားစြဲရင္ တစ္ဆင့္ခံအိမ္ငွါးကို ထည့္စြဲရန္မလိုလို႕လည္း ေျပာၾကတယ္ ဟုတ္ပါသလား ”

“ တစ္ဆင့္ခံအိမ္ငွါးအျဖစ္ ၊ အခန္းကို ကန္႕ျပီးငွါးေၾကာင္းထင္ရွားရင္ေတာ့ သူ႕ကို တရားစြဲရာမွာ ထည့္စြဲဖို႕ မလိုအပ္ဘူး။ အိမ္ရွင္က မူလအိမ္ငွါးအျဖစ္ ငွါးရမ္းထားသူကို တရားစြဲဆိုရုံနဲ႕လံုေလာက္တယ္။ဒါေပမဲ့ တစ္ခါတစ္ရံမွာ တစ္ဆင့္ခံအိမ္ငွါးမဟုတ္ဘူး။မူလအိမ္ငွါးက အခန္းကိုျခားျပီး အေပ်ာက္စနစ္သေဘာမ်ိဳး ေရာင္းထားတာမ်ိဳး ၊ က်ဴးေက်ာ္ေနထိုင္တယ္ဆိုတာမ်ိဳး တရားရုံးမွာ ထုေခ်ေပၚေပါက္လာတတ္တဲ့ အတြက္ အခ်ိဳ႕ကလည္း မူလအိမ္ငွါးခအျပင္ ထပ္ဆင့္ အိမ္ငွါးလို႕ သိရွိထားသူကို ပါထည့္သြင္းျပီး တရားစြဲဆိုေလ့ရွိၾကပါတယ္ ”

“ အိမ္ငွါးေတြနဲ႕ နွစ္ဖက္ညိွႏိႈင္းရင္ ဘယ္လိုျဖစ္ႏိုင္သလဲဆရာ ”

“ နွစ္ဖက္ညွိႏႈိင္းလို႕ အဆင္ေျပသြားရင္ေတာ့ေကာင္းတာေပါ့။ တခ်ိဳ႕ အိမ္ငွါးေတြကလည္းသိန္းရာခ်ီ ေတာင္းတာမ်ိဳးျဖစ္လာတတ္တယ္ ”

“ မွန္ပါတယ္။ တခ်ို႕ အိမ္ရွင္ေတြကလည္း တရားစြဲဆိုရင္ ၾကာမယ္ ခံစားရဖို႕ နွစ္ေပါင္းၾကာရွည္ေစာင့္ရျပီး အဆင္မေျပရင္ ခက္မယ္ဆိုျပီး ကန္ထရုိက္ေပးေဆာက္ဖို႕လုပ္ၾကတာေတြလည္းရွိတယ္ ”

“ဒါဆိုရင္ အိမ္ငွါးေတြကို အိမ္ခန္းအစားေပးရမယ့္သေဘာရွိမွာေပါ့ ”

“ လက္ရွိျမန္မာႏိုင္ငံမွာ က်င့္သံုးေနတဲ့ ညွိႏိႈင္းစနစ္ကေတာ့ က်ဴးေက်ာ္ေနသူမ်ားကိုပင္ ႏိုင္ငံေတာ္က အခန္းေပးျပီး က်ဴးေက်ာ္ေျမေပၚမွာ အေဆာက္အဦးေဆာက္လုပ္တာေတြ ရွိေနေတာ့ ဒီစနစ္ဟာ ဥပေဒမဟုတ္ေပမယ့္ နားလည္မႈအျဖစ္ ေဆာင္ရြက္ေနတာေၾကာင့္ စဥ္းစားေဆာင္ရြက္ပါ ” လို႕ ေဆြးေႏြးလိုက္ပါသည္။

Credit: ထီယု(ဥပေဒအတိုင္ပင္ခံ)

### Unicode Version ###

“ အိမ်ကကျွန်တော့် အဘိုးလက်ထက်ကတည်းကအိမ် ဆရာ။ အခုထိအိမ်ငှါးတွေက စဉ်ဆက်မပြတ်နေတယ်။ အဲဒီအိမ်ကို ပြန်ရချင်တယ်။ ဘယ်လိုဆောင်ရွက်ရမလဲဆရာ ” ဟု မိတ်ဆွေတစ်ဦးက လမ်းညွန်လိုက်သဖြင့် စာရေးသူထံရောက်လာပြီး ဆွေးနွေးခြင်းဖြစ်သည်။

“ အိမ်က ဘယ်နှစ်ထပ်လဲ ဂရန်မြေလား ၊ အဖိုးပိုင်တဲ့ အိမ်မြေဖြစ်ကြောင်း စာရွက်အထောက်အထားရှိသလား ”

“ဂရန်မြေကတော့ အဖေနဲ့ အဒေါ်အမည်ပြောင်းထားတယ် ”

“ ဘယ်လိုပြောင်းလိုက်တာလဲ”

“ အဖေတို့က မောင်နှမနှစ်ယောက်ရှိတယ်။ အဖိုးကွယ်လွန်တော့ သားသမီးတွေအဖြစ်နဲ့ အမည်ပြောင်းထားတယ်လို့ သိရပါတယ် ”

“ အဖေနဲ့အဒေါ်ဆိုသူတို့က သက်ရှိထင်ရှားရှိကြသေးလား ”

“ ဟုတ်ကဲ့ရှိပါတယ်။ အဖေက အသက် ၈၀ နီးနေပြီ။ အဒေါ်ကလည်း အပျိုကြီးဆိုတော့ အမွေဆက်ခံသူက ကျွန်တော်တစ်ယောက်တည်းရှိတာဆရာ ”

“ အခုအဲဒီအိမ်မှာက အိမ်ငှါးဘယ်နှစ်ဦးရှိသလဲ ”

“ နှစ်ဦးရှိတယ်လို့သိရတယ်”

“ အိမ်ငှါးခပေးသေးလား”

“ အဖေပြောစကားအရတော့ အိမ်လခမရတာလည်း ၁၅ နှစ်နီးပါဒလောက်ရှိနေပြီဆိုတယ်ဆရာ ”

“ အဆောက်အဦးက ဘယ်လိုပုံစံလဲ”

“ အိမ်လုံးချင်းဆရာ ၊ အစက ပုံနှိပ်တိုက်လုပ်ဖို့ငှါးထားတာပြောတယ် တစ်ထပ်ပျဉ်ထောင်အိမ် ”

“ အခုထိ ပုံနှိပ်တိုက်လုပ်နေဆဲလား ”

“ အခုတော့ ပုံနှိပ်တိုက်မရှိတော့ဘူး။အခန်းကန့်ပြီး အိမ်ထောင်စု နှစ်စုနေတာတွေ့နေရတယ် ”

“ အိမ်ငှါးတွေကို အဖိုးဖြစ်သူက စပြီး ငှါးတယ်ဆိုတော့ အခုလက်ရှိ နေသူတွေတော့ မဖြစ်နိုင်ဘူး”

“ မှန်ပါတယ်ဆရာ။ အဖိုးက ကွယ်လွန်ခဲ့တာ အတော်ကြာပြီး။ကျွန်တော်မမွေးမှီက ဖြစ်မယ်ထင်တယ်။ အဖိုးငှါးခဲ့တဲ့ သူလည်းမရှိတော့ဘူး။ အခုနေတဲ့ သူတွေက အဖိုးငှါးခဲ့တဲ့ သူတွေရဲ့ သားသမီးမြေးတွေလို့ ပြောပါတယ် ”

“ ပထမငှါးစဉ်က ပုံနှိပ်တိုက်လုပ်ဖို့ တစ်အိမ်လုံးကို ငှါးတာမဟုတ်လား။ အခုအခန်း (၂) ခန်းဖြစ်နေတာက ဘယ်လိုဖြစ်လာတယ်လို့သိသလဲ ”

“ ပထမငှါးထားတဲ့သူက သူပုံနှိပ်စက်လုပ်စဉ်အငှါးခေါ်ထားတဲ့သူကို အခန်းကန့်ပြီး ငှါးထားတယ်လို့ စုံစမ်းသိရတယ် ”

“ အခန်းကန့်ပြီး ထပ်ဆင့်ငှါးထားတဲ့ အခန်းမှာ မူလပုံနှိပ်စက်အလုပ်သမားဆိုပါတော့ သူရှိနေသေးလား”

“ သူလည်းမရှိတော့ဘူးဆရာ၊ သူ့သမီး၊ သားမတ်နဲ့ သားသမီးတွေနေတယ်လို့သိရတယ်။ခက်တာကဆရာ ထပ်ဆင့်ငှါးထားတယ်ဆိုတဲ့ အခန်းက သူတွေက မူလသစ်သားကာတွေကို အုတ်နံရံတက်တယ်၊ ပြတင်းပေါက်တွေ ဖောက်တယ်။ ခေါင်မိုးသွပ်ပြားတွေခွာပြီး အသစ်လဲတယ်။ အတွင်းပိုင်းအားလုံးပြင်တယ်ဆရာ။ အိမ်သာ ၊ ရေချိုးခန်းက အစပြင်လိုက်တယ်။ အဲဒါ လုပ်ပိုင်ခွင့်ရှိသလားဆရာ ”

“ အဓိကကတော့ အခုကတော့ အခုလက်ရှိနေသူတွေနဲ့ မောင်ရင်ရဲ့ ဖခင်တို့က အိမ်ရှင်အိမ်ငှါး ဆက်စပ်မှုရှိဖို့လိုတယ်။ယခင်က အိမ်လခ ကောက်ခံခဲ့တယ်ဆိုတဲ့ အထောက်အထားစာရွက်စာတမ်းလည်း ပြန်ရှာပြီးစုထားပါ။ အခန်းကို ပုံစံပြောင်းပြီး ပြတင်းပေါက်ဖောက်တယ်။ အခိုင်အမာ အုတ်တက်တဲ့ကိစ္စတွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီထံတိုင်ကြားဖို့တော့လိုလိမ့်မယ် ”

“ ဟုတ်ကဲ့ တိုင်ကြားထားပါတယ် ”

“ သက်ဆိုင်ရာ စည်ပင်သာယာရဲ့ ခွင့်ပြူချက်မရဘဲ အိမ်ပြင်ဆင်ဆောက်တယ်ဆိုရင်တော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူတာတွေရှိပါတယ်။အဲဒီမှာ တစ်ဖက်က အိမ်ငှါး ဟုတ်မဟုတ် တင်ပြလာတာတွေလည်း ရှိတတ်တယ် ”

“ ဆရာပြောသလိုဆိုရင် လက်ရှိနေသူတွေက အဖေနဲ့ အိမ်ရှင်အိမ်ငှါးဆက်စပ်မှုရှိတယ်ဆိုတဲ့ ဥပဒေသဘောတရားမှာ ဘယ်လိုလဲဆရာ ”

“ ဥပဒေအရပြောရရင်တော့ မြို့ပြဆိုင်ရာ ငှါးရမ်းခ ကြီးကြပ်ရေးဥပဒေ ပုဒ်မ (၂) အရ အိမ်ရှင်ဖြစ်စေ ၊ အိမ်ငှါးဖြစ်စေ ၊ မူလအိမ်ရှင် သို့မဟုတ် အိမ်ငှါးကွယ်လွန်သွား၍ ဆက်ခံသူတို့မှာ အိမ်ရှင်အိမ်ငှါးအဖြစ်ဆက်စပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ် ။ ဒါကြောင့် အဖိုးကွယ်လွန်ရင်သားဖြစ်တဲ့ မောင်ရင့်အဖေက အိမ်ရှင်ဖြစ်လာသလို အဖိုးငှါးထားသူရဲ့ သားသမီးတွေကလည်း အဆိုပါ အိမ်မှာ ဆက်နေရသ် အိမ်ငှါးအဖြစ် ဥပဒေအရ ရောက်ရှိသွားမှာဖြစ်ပါတယ် ”

“ အချို့ကပြောတာတော့ အိမ်ကို ခွင့်ပြုချက်မရဘဲပြင်ရင် အိမ်နှင်လိုမှုစွဲဆိုနှင်လို့ရတယ်လို့ ပြောတယ်ဟုတ်ပါသလား ”

“ ရှင်းအောင်ပြောရရင် အိမ်ကို ပြင်ဆင်ခြင်းနဲ့ ဆောက်လုပ်ခြင်းဆိုတာ နှစ်မျိုးရှိတယ် ။ ဦးချစ်အောင်ပါ (၁၀)ပါးနှင့် ဦးညဏ်ဝင်းပါ (၂) ၁၉၉၈ ခုနှစ် ၊ စာ- ၁၉၁ စီရင်ထုံးတွေမှာ အိမ်အမိုးကို ကောင်းအောင်ပြင်ဆင်ခြင်းသည် အိမ်ငှါးတာဝန်ဖောက်ဖျက်ခြင်းမဟုတ် ၊ အမြဲတမ်းအဆောက်အအုံအဖြစ် ဆောက်လုပ်ခြင်းမဟုတ် ဟု ဆုံးဖြတ်ထားပါတယ် ”

“ ဆောက်လုပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်က ဘယ်လိုလဲဆရာ ”

“ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အေရာလင်ဆီလေ့ာနှင့် ဒေါ်အမာဂျန်ပါ ၂၊ ၁၉၆၅ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ ၄၀၆ အမှုမှာ ထပ်ခိုးကဲ့သို့ ကြီးမားခိုင်မာသော အထပ်များကို ထပ်မံဆောက်လုပ်ခြင်း ၊ အခန်းတစ်ခန်းဖြစ်ပေါ်လာရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရာတွင် ခေတ္တခဏ အနည်းငယ်မျှသာ ပြောင်းလဲ ပြုလုပ်ထားခြင်းမဟုတ်ဘဲ ၊ ယခင်ထားရှိသည့်အခန်းများကို မတူအောင် အခြားသူနေရန်များစွာ ပြုပြင်ပြောင်းလဲလိုက်ခြင်းသည် တည်မြဲသော အဆောက်အဦးကို ဆောက်လုပ်ခြင်းဖြစ်သည်လို့ သုံးသပ်ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဒီအချက်တွေနဲ့ အကြုံးဝင်ဖို့တော့လိုပါတယ် ”

“ တရားစွဲရင် တစ်ဆင့်ခံအိမ်ငှါးကို ထည့်စွဲရန်မလိုလို့လည်း ပြောကြတယ် ဟုတ်ပါသလား ”

“ တစ်ဆင့်ခံအိမ်ငှါးအဖြစ် ၊ အခန်းကို ကန့်ပြီးငှါးကြောင်းထင်ရှားရင်တော့ သူ့ကို တရားစွဲရာမှာ ထည့်စွဲဖို့ မလိုအပ်ဘူး။ အိမ်ရှင်က မူလအိမ်ငှါးအဖြစ် ငှါးရမ်းထားသူကို တရားစွဲဆိုရုံနဲ့လုံလောက်တယ်။ဒါပေမဲ့ တစ်ခါတစ်ရံမှာ တစ်ဆင့်ခံအိမ်ငှါးမဟုတ်ဘူး။မူလအိမ်ငှါးက အခန်းကိုခြားပြီး အပျောက်စနစ်သဘောမျိုး ရောင်းထားတာမျိုး ၊ ကျူးကျော်နေထိုင်တယ်ဆိုတာမျိုး တရားရုံးမှာ ထုချေပေါ်ပေါက်လာတတ်တဲ့ အတွက် အချို့ကလည်း မူလအိမ်ငှါးခအပြင် ထပ်ဆင့် အိမ်ငှါးလို့ သိရှိထားသူကို ပါထည့်သွင်းပြီး တရားစွဲဆိုလေ့ရှိကြပါတယ် ”

“ အိမ်ငှါးတွေနဲ့ နှစ်ဖက်ညှိနှိုင်းရင် ဘယ်လိုဖြစ်နိုင်သလဲဆရာ ”

“ နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေသွားရင်တော့ကောင်းတာပေါ့။ တချို့ အိမ်ငှါးတွေကလည်းသိန်းရာချီ တောင်းတာမျိုးဖြစ်လာတတ်တယ် ”

“ မှန်ပါတယ်။ တချို့ အိမ်ရှင်တွေကလည်း တရားစွဲဆိုရင် ကြာမယ် ခံစားရဖို့ နှစ်ပေါင်းကြာရှည်စောင့်ရပြီး အဆင်မပြေရင် ခက်မယ်ဆိုပြီး ကန်ထရိုက်ပေးဆောက်ဖို့လုပ်ကြတာတွေလည်းရှိတယ် ”

“ဒါဆိုရင် အိမ်ငှါးတွေကို အိမ်ခန်းအစားပေးရမယ့်သဘောရှိမှာပေါ့ ”

“ လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ညှိနှိုင်းစနစ်ကတော့ ကျူးကျော်နေသူများကိုပင် နိုင်ငံတော်က အခန်းပေးပြီး ကျူးကျော်မြေပေါ်မှာ အဆောက်အဦးဆောက်လုပ်တာတွေ ရှိနေတော့ ဒီစနစ်ဟာ ဥပဒေမဟုတ်ပေမယ့် နားလည်မှုအဖြစ် ဆောင်ရွက်နေတာကြောင့် စဉ်းစားဆောင်ရွက်ပါ ” လို့ ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service