ေစ်းဆိုင္ခန္းကို ၀ယ္မည္ဆိုလွ်င္

ေစ်းဆိုင္ခန္းကို ၀ယ္မည္ဆိုလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
31 Jul 2019 1:05 pm တွင် တင်ခဲ့သည်
1829 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

 ### Zawgyi Version ###

“ေစ်းဆုိင္ခန္းေတြဟာ သဘာ၀ေဘးအႏၲရာယ္ေၾကာင့္ျဖစ္ ျဖစ္၊ အျခားအေၾကာင္းတစ္ခုခုေၾကာင့္ျဖစ္ျဖစ္ ပ်က္စီးဆုံး႐ႈံး ခံရရင္ သက္ဆုိင္ရာထံက နစ္နာေၾကး ေလ်ာ္ေၾကးေတြရတယ္ မဟုတ္လား”

မိတ္ေဆြတစ္ဦးႏွင့္ လက္ဖက္ရည္ဆုိင္တြင္ ထုိင္ေနစဥ္ေမးလုိက္ျခင္းျဖစ္သည္။

“ဟာ-မင္းကလည္းကြာ၊ ေအး ေအးေဆးေဆး စိတ္လြတ္ကိုယ္လြတ္ ထုိင္ခ်င္လုိ႔ လက္ဖက္ရည္ဆုိင္ကို လာပါတယ္။ ဒီဥပေဒေၾကာင္း ကိစၥေတြက ဘယ္က ေရာက္လာျပန္တာလဲ”

“ေၾသာ္-ဒါကလည္း ႀကံဳတုန္း ေမးျမန္းေဆြးေႏြးရတာေလ”

“ေအးပါကြာ၊ မင္းေကၽြးတဲ့ နန္းႀကီးသုပ္နဲ႔ လက္ဖက္ရည္ စားေသာက္ၿပီးနားပူခံလုိက္ရဦးမွာေပါ့”

“ဟဲ ဟဲ” ဟုဆုိၿပီး သူငယ္ခ်င္း၏ မ်က္ႏွာအနည္းငယ္ ရႊင္သြားသည္။

“အဲ-ဟုိတေလာက ရန္ကုန္ မဂၤလာေစ်းႀကီး မီးေလာင္တယ္ မဟုတ္လား၊ ဆုိင္ရွင္ေတြကို ႏုိင္ငံ ေတာ္က ေထာက္ပ့ံေၾကးေတြ ထုတ္ေပးေနတယ္ေလ။ ေအး-တစ္ ခုေတာ့ရွိတာေပါ့။ သဘာ၀ေဘး အႏၲရာယ္ဆုိတာ ေရ၊ မီး၊ ေျမၿပိဳ မယ္၊ ေျမငလ်င္ဒဏ္ခံရမယ္ စတဲ့ သဘာ၀ေဘးအႏၲရာယ္ ကိစၥမ်ဳိးကို ဆုိလုိတာျဖစ္တယ္။မင္းေျပာတဲ့ အျခားအေၾကာင္း တစ္ခုခုလုိ႔ဆုိတဲ့ ေနရာမွာ ဆုိင္ခန္းထဲ ဓားျပတုိက္ သြားတာ၊ ပစၥည္းခုိးယူသြားတာ၊ ဆုိင္ခန္းကို ဖ်က္ဆီးသြားတာစတဲ့ ပုဂ္ၢိဳလ္ေရးရာ ကိစၥေတြေတာ့ မပါဘူးေပါ့ကြာ”

“ဆုိင္ပိုင္ရွင္ေတြကိုပဲ အဓိက ထားၿပီး ေထာက္ပ့ံေၾကးေတြ ေပးတယ္လုိ႔ ေျပာသံေတြ ၾကားရ တယ္”

“ဒါကလည္း မင္းသိခ်င္တဲ့ ဥပေဒနဲ႔အညီ ေဆာင္ရြက္တာပဲေပါ့”

“ဒါဆုိရင္ တစ္ဆင့္ငွားထားတဲ့ လူေတြက မရေတာ့ဘူးေပါ့၊ ေစ်းဆုိင္ခန္းလည္း ျပန္မရဘူးေပါ့”

“သာမန္အားျဖင့္ေတာ့ အငွားယူထားတဲ့ သူေတြက တရား၀င္ေငြသြင္းၿပီး ရထားတဲ့ ဆုိင္ခန္း မဟုတ္တဲ့အတြက္ ျပန္ရဖုိ႔ ခက္ခဲမွာပဲျဖစ္တယ္”

“တခ်ဳိ႕က အေပ်ာက္သေဘာမ်ဳိး ေငြေၾကး ေျမာက္ျမားစြာေပးၿပီး ၀ယ္ထားတာလည္း ရွိၾကတယ္လုိ႔ ေျပာတယ္”

“ * အမွန္ကေတာ့ အေပ်ာက္ေငြေၾကးစနစ္နဲ႔ ဆုိင္ခန္းကို လႊဲေျပာင္းမယ္။ ေရာင္းခ်မယ္ဆုိရင္ သက္ဆုိင္ရာဆုိင္ခန္း ဆုိင္ရာ ေကာ္မတီနဲ႔ ဆက္သြယ္ၿပီး ဆုိင္ခန္း အမည္ေျပာင္းေရး ကိစၥကို ဆက္လက္ေဆာင္ရြက္ရမွာျဖစ္တယ္ * ”

“ဒါဆုိ အခ်င္းခ်င္းခ်ဳပ္ဆိုထားတဲ့ ကတိစာခ်ဳပ္ကလည္း အေရးႀကီးတာေပါ့ေနာ္”

“မွန္တာေပါ့၊ အငွားစာခ်ဳပ္ပဲ ျဖစ္ျဖစ္၊ အေပ်ာက္စနစ္နဲ႔ ေရာင္းခ်လႊဲေျပာင္းတာပဲျဖစ္ျဖစ္ ကတိစာခ်ဳပ္ထဲမွ အကယ္၍ သဘာ၀ ေဘးအႏ္ၲရာယ္တစ္ခုေၾကာင့္ နစ္နာဆုံး႐ႈံးသြားရင္ ဆုိင္ခန္းပိုင္ရွင္က ဘယ္လုိ ေဆာင္ရြက္ေပးမယ္၊ ငွားရမ္းသက္တမ္း ကုန္ရင္ဘယ္လုိ ေဆာင္ရြက္ေပးမယ္စတဲ့ အျပန္အလွန္ ကတိေပးခ်က္ေတြကို ကတိ၀န္ခံခ်က္နဲ႔အတူ ကတိစာခ်ဳပ္ တစ္ခုကို ခ်ဳပ္ဆုိထားဖုိ႔ လုိပါမယ္။ ဒါမွ ေစ်းဆုိင္ခန္း၀ယ္ထားတဲ့ သူေတြ ငွားရမ္းလုပ္ကုိင္ေနသူတုိ႔ အေနနဲ႔ ဥပေဒနဲ႔အညီ အခြင့္အေရး ရရွိမွာျဖစ္တယ္ ”

“အင္း ဒီလုိေတာ့လည္း ဟုတ္ ေနတာပဲ”

“ဒါဆုိ မင္းသိခ်င္တာေတြ ျပည့္စုံသြားၿပီေပါ့”

“မၿပီးေသးဘူးကြ၊ အခုမွ ဇာတ္လမ္းကစမွာ”

“ဟင္” ကၽြန္ေတာ္ အံၾသသြားသည္။ ဘာမ်ား ကပ္သီးကပ္ သပ္ေမးမလဲဟု အနည္းငယ္ေတာ့ စုိးထိတ္သြားသည္။

“ဒီလုိကြ၊ ငါအိမ္ေထာင္မက်မီကတည္းက ငါ့ေယာကၡမမွာ ေစ်း ဆုိင္ခန္းတစ္ခန္းရွိတယ္”

“ဘယ္ေစ်းမွာလဲ”

“ေတာင္ဥကၠလာထဲကပဲ”

“ၿမိဳ႕ေတာ္စည္ပင္သာယာပိုင္ ေစ်းထဲကဆုိေတာ့ သက္ဆိုင္တဲ့ ဆုိင္ခန္းအခြန္အခေတြ ဘယ္သူ႔ အမည္နဲ႔ ရွိေနသလဲ”

“ငါေယာကၡမ အမည္နဲ႔ပဲ”

“အဲဒီေတာ့ အခု ဘာျပႆနာ ရွိလုိ႔လဲ”

“အဲဒီဆုိင္ခန္းမွာ ေဆြရိပ္မ်ဳိးရိပ္မကင္းတဲ့ သူတစ္ေယာက္ကို အငွားခ်ထားၿပီး ေစ်းေရာင္းခြင့္ျပဳ ထားတယ္”

“ဆုိင္ခန္းအငွား စာခ်ဳပ္ေကာ ခ်ဳပ္ထားလား”

“မိန္းမေျပာစကားအရေတာ့ တုိက္ခန္းအငွားစာခ်ဳပ္ရွိတယ္လုိ႔ ေျပာတယ္”

“ဆိုင္ခန္းအငွားစာခ်ဳပ္ေတာ့ မေတြ႔ေသးဘူးေပါ့”

“ဟုတ္တယ္ သူငယ္ခ်င္း၊ အခု အဲဒါဆုိင္ခန္းက ဆင္းမေပးဘူး လုပ္ေနလုိ႔”

“မင္းတုိ႔က ဆုိင္ခန္းကေန ႏွင္ဖုိ႔ စိတ္ကူးရွိတယ္ေပါ့၊ ငွားရမ္း သက္တမ္းကုန္သြားလုိ႔လား”

“ဒီလုိမဟုတ္ဘူး။ အခု ေယာက္ၡမအဘြားႀကီး ဆုံးသြား ေတာ့ ဆုိင္ခန္းဖြင့္ေနသူေတြက ဆင္းမေပးတာပဲ သူငယ္ခ်င္း”

“အခုဆုိင္ခန္းလခေတြက ဘယ္သူေကာက္သလဲ”

“အဘြားႀကီးရွိစဥ္ကတည္းက မေပးေတာ့ဘူး၊ ဆုိင္အခြန္အခေတြကိုလည္း ဆုိင္ငွားထားတဲ့ သူေတြကပဲ ေပးသြင္းတယ္”

“ဘယ္သူအမည္နဲ႔ ဆုိင္အခြန္အခကို ေပးတာလဲ”

“အဘြားႀကီးအမည္နဲ႔ပဲ ေပးသြင္းေနတယ္လုိ႔ သိရတယ္”

“ဒါဆုိရင္ေတာ့ အေျခအေန ေကာင္းပါတယ္ကြာ၊ မင္းစိတ္မပူေအာင္ေျပာရမယ္ဆုိရင္ စည္ပင္သာယာအဖြဲ႔ပိုင္ ေစ်းခန္းေတြနဲ႔ ပတ္သက္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံး ျဖတ္ထားတဲ့ စီရင္ထုံး တစ္ခုရွိ တယ္”

“ဟာ-ဗဟုသုတအျဖစ္ ေျပာ ျပပါဦး”

ငါမွတ္မိသေလာက္ေျပာရ ရင္ ဦးထြန္းၾကည္ႏွင့္ ေဒၚၾကည္ စိန္ (ကြယ္လြန္သူ ေဒၚေလးငယ္၏ တရား၀င္ကိုယ္စားလွယ္) ၁၉၉၂ ခုႏွစ္၊ ျမန္မာႏုိင္ငံ စီရင္ထုံး စာ မ်က္ႏွာ ၇၃ အမႈမွာ - တရားလုိ ေဒၚေလးငယ္က အခ်င္းျဖစ္ဆုိင္ခန္းကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ေက်ာ္ကတည္းက ခင္ပြန္းျဖစ္သူ ဦးတန္လက္ရွိ ပုိင္ဆုိင္ၿပီး သံျဖဴပုံး လုပ္ငန္း လုပ္ကိုင္ခဲ့ေၾကာင္း၊ - ဦးထြန္းၾကည္မွာ ဦးတန္ထံသံျဖဴပုံး လုပ္ငန္းအလုပ္သင္ျဖစ္ၿပီး လခစား လုပ္ကိုင္ေစေၾကာင္း၊

- ဦးတန္ကြယ္ လြန္သြားေသာအခါ ဦးထြန္းၾကည္က ခ်က္ခ်င္းဆုိင္ခန္း အတင္းဖြင့္ ၍ သံျဖဴလုပ္ငန္း ဆက္လက္ လုပ္ကိုင္သျဖင့္ တရားစြဲဆုိရျခင္းျဖစ္ေၾကာင္း အဆုိျပဳသည္။

ဦးထြန္းၾကည္က

- ဦးတန္ပုိင္ ဆုိင္ခန္းမဟုတ္ေၾကာင္း - ဦးသာေဒြး ၏ လုပ္ငန္းျဖစ္ေၾကာင္း၊ - ဦးသာေဒြးက ဦးတန္ကို သံျဖဴလုပ္ငန္း သင္ေပးခဲ့ျခင္းျဖစ္ၿပီး မိမိတုိ႔အတူ ေနေၾကာင္း ထုေခ်သည္။

တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ သည္မွာ

- စည္ပင္သာယာ ေစ်းဆုိင္ခန္းမ်ား၏ ပုိင္ရွင္မွာ စည္ပင္ သာယာအဖြဲ႔ျဖစ္သည္။ - သို႔ေသာ္ စည္ပင္သာယာေရး အဖြဲ႔၏ တရား၀င္ ခ်ထားေပးခ်က္အရဆုိင္ခန္းရရွိသူမ်ားသည္ စည္းကမ္းႏွင့္ အညီ အခြန္ထမ္းေဆာင္၍ ဆုိင္ခန္းကို လက္ရွိထားလ်က္ ေစ်းေရာင္းခ်ခြင့္ရသည္။ - ထုိသုိ႔ ခ်ထားျခင္းခံရေသာ ဆုိင္ရွင္ေသဆုံးပါက ထုိဆုိင္ခန္း ကို ၎၏ ဇနီး၊ ခင္ပြန္းသားသမီး မ်ားအေနျဖင့္ ဆက္ခံခြင့္ရရွိၿပီး စည္းကမ္းႏွင့္အညီ အခြန္ထမ္း ေဆာင္၍ ဆုိင္ခန္းအား လက္ရွိ ထားၿပီး ေစ်းေရာင္းခ်ခြင့္ရသည္။

ယခုအမႈတြင္ - အခ်င္းျဖစ္ ဆုိင္ခန္းမွာ ကြယ္လြန္သူ ဦးတန္ အား လြန္ခဲ့ေသာ ႏွစ္ ၃၀ ေက်ာ္ခန္႔ကပင္ တရား၀င္ခ်ေပးေသာ ဆုိင္ခန္းျဖစ္ၿပီး - ဦးတန္အေနျဖင့္ ဆုိင္ခန္းကို လက္ရွိ အသုံးျပဳ၍ သံျဖဴလုပ္ငန္း လုပ္ကိုင္လာခဲ့ေၾကာင္း၊ - ဦးထြန္းၾကည္မွာ ဦးတန္က ပညာသင္ေပးၿပီး ဆုိင္တြင္ လက္ခစား အျဖစ္ လုပ္ကိုင္ေနသူျဖစ္ေၾကာင္း ေပၚေပါက္သည္။

ထုိ႔ေၾကာင့္ ေစ်းေရာင္းခ်ခြင့္ရေသာ ဦးတန္ ကြယ္လြန္သြားသျဖင့္ ဆုိင္ခန္းႏွင့္ ပတ္သက္သည့္ အက်ဳိးခံစားခြင့္ မ်ားကို ဇနီးျဖစ္သူ ေဒၚေလးငယ္ က ဆက္ခံရမည္ျဖစ္ၿပီး ေဒၚေလး ငယ္ကြယ္လြန္ပါက ၎တုိ႔၏ သား သမီးမ်ားက အေမြဆက္ခံခြင့္ရ မည္ျဖစ္ေၾကာင္း ဆုံးျဖတ္ခဲ့သည္။

“အဲဒီစီရင္ထုံး ဆုံးျဖတ္ခ်က္ အရဆုိရင္ သူငယ္ခ်င္းရဲ႕ ေယာကၡမကို ဆုိင္ဖြင့္ခြင့္ျပဳထားတဲ့ဆုိင္ခန္းဟာ သူကြယ္လြန္သြားတာနဲ႔ သူရဲ႕သားသမီးေတြကသာ အေမြ ဆက္ခံရရွိမွာျဖစ္တယ္ သူငယ္ ခ်င္း”ဟု ရွင္းျပေဆြးေႏြးလုိက္ပါ သည္။

“ဒါနဲ႔ ေနပါဦး၊ ငါတုိ႔က ထပ္မံလႊဲေျပာင္းေရာင္းခ်မယ္ဆုိရင္”

“ဒါကေတာ့ ငါအထက္က ေျပာခဲ့သလုိ ဆုိင္ခန္းဆုိင္ရာ စည္ ပင္သာယာအဖြဲ႔ထံ တင္ျပၿပီး အေရာင္းအ၀ယ္ ကတိစာခ်ဳပ္ ခ်ဳပ္ဆုိ လႊဲေျပာင္းလုိ႔ ၀ယ္သူရဲ႕ ဆုိင္ခန္းအမည္ေပါက္ေျပာင္းျခင္းကို လုပ္ေဆာင္ရမွာျဖစ္တယ္ သူငယ္ခ်င္း”

 

Credit: ထီယု(ဥပေဒ အတိုင္ပင္ခံ)

### Unicode Version ###

“ဈေးဆိုင်ခန်းတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ် ဖြစ်၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ် ပျက်စီးဆုံးရှုံး ခံရရင် သက်ဆိုင်ရာထံက နစ်နာကြေး လျော်ကြေးတွေရတယ် မဟုတ်လား”

မိတ်ဆွေတစ်ဦးနှင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ်မေးလိုက်ခြင်းဖြစ်သည်။

“ဟာ-မင်းကလည်းကွာ၊ အေး အေးဆေးဆေး စိတ်လွတ်ကိုယ်လွတ် ထိုင်ချင်လို့ လက်ဖက်ရည်ဆိုင်ကို လာပါတယ်။ ဒီဥပဒေကြောင်း ကိစ္စတွေက ဘယ်က ရောက်လာပြန်တာလဲ”

“သြော်-ဒါကလည်း ကြုံတုန်း မေးမြန်းဆွေးနွေးရတာလေ”

“အေးပါကွာ၊ မင်းကျွေးတဲ့ နန်းကြီးသုပ်နဲ့ လက်ဖက်ရည် စားသောက်ပြီးနားပူခံလိုက်ရဦးမှာပေါ့”

“ဟဲ ဟဲ” ဟုဆိုပြီး သူငယ်ချင်း၏ မျက်နှာအနည်းငယ် ရွှင်သွားသည်။

“အဲ-ဟိုတလောက ရန်ကုန် မင်္ဂလာဈေးကြီး မီးလောင်တယ် မဟုတ်လား၊ ဆိုင်ရှင်တွေကို နိုင်ငံ တော်က ထောက်ပံ့ကြေးတွေ ထုတ်ပေးနေတယ်လေ။ အေး-တစ် ခုတော့ရှိတာပေါ့။ သဘာဝဘေး အန္တရာယ်ဆိုတာ ရေ၊ မီး၊ မြေပြို မယ်၊ မြေငလျင်ဒဏ်ခံရမယ် စတဲ့ သဘာဝဘေးအန္တရာယ် ကိစ္စမျိုးကို ဆိုလိုတာဖြစ်တယ်။မင်းပြောတဲ့ အခြားအကြောင်း တစ်ခုခုလို့ဆိုတဲ့ နေရာမှာ ဆိုင်ခန်းထဲ ဓားပြတိုက် သွားတာ၊ ပစ္စည်းခိုးယူသွားတာ၊ ဆိုင်ခန်းကို ဖျက်ဆီးသွားတာစတဲ့ ပုဂ်္ဂိုလ်ရေးရာ ကိစ္စတွေတော့ မပါဘူးပေါ့ကွာ”

“ဆိုင်ပိုင်ရှင်တွေကိုပဲ အဓိက ထားပြီး ထောက်ပံ့ကြေးတွေ ပေးတယ်လို့ ပြောသံတွေ ကြားရ တယ်”

“ဒါကလည်း မင်းသိချင်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တာပဲပေါ့”

“ဒါဆိုရင် တစ်ဆင့်ငှားထားတဲ့ လူတွေက မရတော့ဘူးပေါ့၊ ဈေးဆိုင်ခန်းလည်း ပြန်မရဘူးပေါ့”

“သာမန်အားဖြင့်တော့ အငှားယူထားတဲ့ သူတွေက တရားဝင်ငွေသွင်းပြီး ရထားတဲ့ ဆိုင်ခန်း မဟုတ်တဲ့အတွက် ပြန်ရဖို့ ခက်ခဲမှာပဲဖြစ်တယ်”

“တချို့က အပျောက်သဘောမျိုး ငွေကြေး မြောက်မြားစွာပေးပြီး ဝယ်ထားတာလည်း ရှိကြတယ်လို့ ပြောတယ်”

“ * အမှန်ကတော့ အပျောက်ငွေကြေးစနစ်နဲ့ ဆိုင်ခန်းကို လွှဲပြောင်းမယ်။ ရောင်းချမယ်ဆိုရင် သက်ဆိုင်ရာဆိုင်ခန်း ဆိုင်ရာ ကော်မတီနဲ့ ဆက်သွယ်ပြီး ဆိုင်ခန်း အမည်ပြောင်းရေး ကိစ္စကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ် * ”

“ဒါဆို အချင်းချင်းချုပ်ဆိုထားတဲ့ ကတိစာချုပ်ကလည်း အရေးကြီးတာပေါ့နော်”

“မှန်တာပေါ့၊ အငှားစာချုပ်ပဲ ဖြစ်ဖြစ်၊ အပျောက်စနစ်နဲ့ ရောင်းချလွှဲပြောင်းတာပဲဖြစ်ဖြစ် ကတိစာချုပ်ထဲမှ အကယ်၍ သဘာ၀ ဘေးအန်္တရာယ်တစ်ခုကြောင့် နစ်နာဆုံးရှုံးသွားရင် ဆိုင်ခန်းပိုင်ရှင်က ဘယ်လို ဆောင်ရွက်ပေးမယ်၊ ငှားရမ်းသက်တမ်း ကုန်ရင်ဘယ်လို ဆောင်ရွက်ပေးမယ်စတဲ့ အပြန်အလှန် ကတိပေးချက်တွေကို ကတိဝန်ခံချက်နဲ့အတူ ကတိစာချုပ် တစ်ခုကို ချုပ်ဆိုထားဖို့ လိုပါမယ်။ ဒါမှ ဈေးဆိုင်ခန်းဝယ်ထားတဲ့ သူတွေ ငှားရမ်းလုပ်ကိုင်နေသူတို့ အနေနဲ့ ဥပဒေနဲ့အညီ အခွင့်အရေး ရရှိမှာဖြစ်တယ် ”

“အင်း ဒီလိုတော့လည်း ဟုတ် နေတာပဲ”

“ဒါဆို မင်းသိချင်တာတွေ ပြည့်စုံသွားပြီပေါ့”

“မပြီးသေးဘူးကွ၊ အခုမှ ဇာတ်လမ်းကစမှာ”

“ဟင်” ကျွန်တော် အံသြသွားသည်။ ဘာများ ကပ်သီးကပ် သပ်မေးမလဲဟု အနည်းငယ်တော့ စိုးထိတ်သွားသည်။

“ဒီလိုကွ၊ ငါအိမ်ထောင်မကျမီကတည်းက ငါ့ယောက္ခမမှာ ဈေး ဆိုင်ခန်းတစ်ခန်းရှိတယ်”

“ဘယ်ဈေးမှာလဲ”

“တောင်ဥက္ကလာထဲကပဲ”

“မြို့တော်စည်ပင်သာယာပိုင် ဈေးထဲကဆိုတော့ သက်ဆိုင်တဲ့ ဆိုင်ခန်းအခွန်အခတွေ ဘယ်သူ့ အမည်နဲ့ ရှိနေသလဲ”

“ငါယောက္ခမ အမည်နဲ့ပဲ”

“အဲဒီတော့ အခု ဘာပြဿနာ ရှိလို့လဲ”

“အဲဒီဆိုင်ခန်းမှာ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ သူတစ်ယောက်ကို အငှားချထားပြီး ဈေးရောင်းခွင့်ပြု ထားတယ်”

“ဆိုင်ခန်းအငှား စာချုပ်ကော ချုပ်ထားလား”

“မိန်းမပြောစကားအရတော့ တိုက်ခန်းအငှားစာချုပ်ရှိတယ်လို့ ပြောတယ်”

“ဆိုင်ခန်းအငှားစာချုပ်တော့ မတွေ့သေးဘူးပေါ့”

“ဟုတ်တယ် သူငယ်ချင်း၊ အခု အဲဒါဆိုင်ခန်းက ဆင်းမပေးဘူး လုပ်နေလို့”

“မင်းတို့က ဆိုင်ခန်းကနေ နှင်ဖို့ စိတ်ကူးရှိတယ်ပေါ့၊ ငှားရမ်း သက်တမ်းကုန်သွားလို့လား”

“ဒီလိုမဟုတ်ဘူး။ အခု ယောက်္ခမအဘွားကြီး ဆုံးသွား တော့ ဆိုင်ခန်းဖွင့်နေသူတွေက ဆင်းမပေးတာပဲ သူငယ်ချင်း”

“အခုဆိုင်ခန်းလခတွေက ဘယ်သူကောက်သလဲ”

“အဘွားကြီးရှိစဉ်ကတည်းက မပေးတော့ဘူး၊ ဆိုင်အခွန်အခတွေကိုလည်း ဆိုင်ငှားထားတဲ့ သူတွေကပဲ ပေးသွင်းတယ်”

“ဘယ်သူအမည်နဲ့ ဆိုင်အခွန်အခကို ပေးတာလဲ”

“အဘွားကြီးအမည်နဲ့ပဲ ပေးသွင်းနေတယ်လို့ သိရတယ်”

“ဒါဆိုရင်တော့ အခြေအနေ ကောင်းပါတယ်ကွာ၊ မင်းစိတ်မပူအောင်ပြောရမယ်ဆိုရင် စည်ပင်သာယာအဖွဲ့ပိုင် ဈေးခန်းတွေနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ စီရင်ထုံး တစ်ခုရှိ တယ်”

“ဟာ-ဗဟုသုတအဖြစ် ပြော ပြပါဦး”

ငါမှတ်မိသလောက်ပြောရ ရင် ဦးထွန်းကြည်နှင့် ဒေါ်ကြည် စိန် (ကွယ်လွန်သူ ဒေါ်လေးငယ်၏ တရားဝင်ကိုယ်စားလှယ်) ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံ စီရင်ထုံး စာ မျက်နှာ ၇၃ အမှုမှာ - တရားလို ဒေါ်လေးငယ်က အချင်းဖြစ်ဆိုင်ခန်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက ခင်ပွန်းဖြစ်သူ ဦးတန်လက်ရှိ ပိုင်ဆိုင်ပြီး သံဖြူပုံး လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ - ဦးထွန်းကြည်မှာ ဦးတန်ထံသံဖြူပုံး လုပ်ငန်းအလုပ်သင်ဖြစ်ပြီး လခစား လုပ်ကိုင်စေကြောင်း၊ - ဦးတန်ကွယ် လွန်သွားသောအခါ ဦးထွန်းကြည်က ချက်ချင်းဆိုင်ခန်း အတင်းဖွင့် ၍ သံဖြူလုပ်ငန်း ဆက်လက် လုပ်ကိုင်သဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း အဆိုပြုသည်။

ဦးထွန်းကြည်က

- ဦးတန်ပိုင် ဆိုင်ခန်းမဟုတ်ကြောင်း - ဦးသာဒွေး ၏ လုပ်ငန်းဖြစ်ကြောင်း၊ - ဦးသာဒွေးက ဦးတန်ကို သံဖြူလုပ်ငန်း သင်ပေးခဲ့ခြင်းဖြစ်ပြီး မိမိတို့အတူ နေကြောင်း ထုချေသည်။

တရားရုံးချုပ်က ဆုံးဖြတ် သည်မှာ

- စည်ပင်သာယာ ဈေးဆိုင်ခန်းများ၏ ပိုင်ရှင်မှာ စည်ပင် သာယာအဖွဲ့ဖြစ်သည်။ - သို့သော် စည်ပင်သာယာရေး အဖွဲ့၏ တရားဝင် ချထားပေးချက်အရဆိုင်ခန်းရရှိသူများသည် စည်းကမ်းနှင့် အညီ အခွန်ထမ်းဆောင်၍ ဆိုင်ခန်းကို လက်ရှိထားလျက် ဈေးရောင်းချခွင့်ရသည်။ - ထိုသို့ ချထားခြင်းခံရသော ဆိုင်ရှင်သေဆုံးပါက ထိုဆိုင်ခန်း ကို ၎င်း၏ ဇနီး၊ ခင်ပွန်းသားသမီး များအနေဖြင့် ဆက်ခံခွင့်ရရှိပြီး စည်းကမ်းနှင့်အညီ အခွန်ထမ်း ဆောင်၍ ဆိုင်ခန်းအား လက်ရှိ ထားပြီး ဈေးရောင်းချခွင့်ရသည်။

ယခုအမှုတွင် - အချင်းဖြစ် ဆိုင်ခန်းမှာ ကွယ်လွန်သူ ဦးတန် အား လွန်ခဲ့သော နှစ် ၃၀ ကျော်ခန့်ကပင် တရားဝင်ချပေးသော ဆိုင်ခန်းဖြစ်ပြီး - ဦးတန်အနေဖြင့် ဆိုင်ခန်းကို လက်ရှိ အသုံးပြု၍ သံဖြူလုပ်ငန်း လုပ်ကိုင်လာခဲ့ကြောင်း၊ - ဦးထွန်းကြည်မှာ ဦးတန်က ပညာသင်ပေးပြီး ဆိုင်တွင် လက်ခစား အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း ပေါ်ပေါက်သည်။

ထို့ကြောင့် ဈေးရောင်းချခွင့်ရသော ဦးတန် ကွယ်လွန်သွားသဖြင့် ဆိုင်ခန်းနှင့် ပတ်သက်သည့် အကျိုးခံစားခွင့် များကို ဇနီးဖြစ်သူ ဒေါ်လေးငယ် က ဆက်ခံရမည်ဖြစ်ပြီး ဒေါ်လေး ငယ်ကွယ်လွန်ပါက ၎င်းတို့၏ သား သမီးများက အမွေဆက်ခံခွင့်ရ မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

“အဲဒီစီရင်ထုံး ဆုံးဖြတ်ချက် အရဆိုရင် သူငယ်ချင်းရဲ့ ယောက္ခမကို ဆိုင်ဖွင့်ခွင့်ပြုထားတဲ့ဆိုင်ခန်းဟာ သူကွယ်လွန်သွားတာနဲ့ သူရဲ့သားသမီးတွေကသာ အမွေ ဆက်ခံရရှိမှာဖြစ်တယ် သူငယ် ချင်း”ဟု ရှင်းပြဆွေးနွေးလိုက်ပါ သည်။

“ဒါနဲ့ နေပါဦး၊ ငါတို့က ထပ်မံလွှဲပြောင်းရောင်းချမယ်ဆိုရင်”

“ဒါကတော့ ငါအထက်က ပြောခဲ့သလို ဆိုင်ခန်းဆိုင်ရာ စည် ပင်သာယာအဖွဲ့ထံ တင်ပြပြီး အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆို လွှဲပြောင်းလို့ ဝယ်သူရဲ့ ဆိုင်ခန်းအမည်ပေါက်ပြောင်းခြင်းကို လုပ်ဆောင်ရမှာဖြစ်တယ် သူငယ်ချင်း”

 

Credit: ထီယု(ဥပဒေ အတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service