ဝယ္ထားသည့္ ပါမစ္ေျမကြက္မွာ ဂရန္သစ္ေလွ်ာက္ထားသူရိွေနလွ်င္ ဘယ္လိုလုပ္ပါ့မလဲ

ဝယ္ထားသည့္ ပါမစ္ေျမကြက္မွာ ဂရန္သစ္ေလွ်ာက္ထားသူရိွေနလွ်င္ ဘယ္လိုလုပ္ပါ့မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jul 2019 1:49 pm တွင် တင်ခဲ့သည်
2163 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

အိမ္၊ ၿခံ၊ ေျမ အေရာင္းအဝယ္ေလာကတြင္ အိမ္၊ ၿခံ၊ ေျမ မ်ား ေရာင္းၾက ဝယ္ၾကေသာအခါ ေရာင္းသူ ဝယ္သူမ်ားမွာ ေျမကြက္ျဖစ္ေစ၊ ေျမႏွင့္ အိမ္ျဖစ္ေစ တိုက္ခန္းျဖစ္ေစ၊ ယင္းေျမႏွင့္အိမ္၊ တိုက္ခန္းတို႔ႏွင့္ ပတ္သက္၍ မွန္ကန္မႈ ရိွမရိွ စံုစမ္းၾကေလ႔ရိွသည္။ အဓိကအားျဖင့္ ေရာင္းမွားဝယ္မွား ျဖစ္မွာ စိုးရိမ္သည့္အတြက္ ေစ့စပ္ေသခ်ာေအာင္ ေဆာင္ရြက္ၾကျခင္းျဖစ္သည္။ ယင္းသို႔ တက္စြမ္းသေလာက္ေလ့လာသည့္ၾကားမွာပင္ မေမွ်ာ္လင့္ေသာ အခက္အခဲမ်ားႏွင့္ ႀကံဳေတြ႔ၾကေလ့ရိွၾကသည္။ မၾကာေသးမီက အိမ္ ၿခံ ေျမ ဝယ္ေရာင္း အမ်ိဳးသမီး တစ္ဦး ကၽြႏု္ပ္ထံ ေရာက္လာသည္။

သူဝယ္ထားသည့္ ပါမစ္ေျမကြက္မွာ အတု-အစစ္ သိလို၍ ရန္ကုန္ၿမိဳ႕ ၿမိဳ႕ရြာႏွင့္ အိုးအိမ္ဖြ႔ံၿဖိဳးေရးဦးစီးဌာနသို႔ သြားေရာက္ကာ တာဝန္ရိွသူမ်ားထံတြင္ ျပသစစ္ေဆးရာ မွန္ကန္ေၾကာင္းသိခဲ့ရသည္။ထုိမွ်ႏွင့္အားရေက်နပ္မႈမရိွသျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္ သည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္လည္း နာမည္ေပါက္မွန္ကန္မႈ ရိွ / မရိွ သြားေရာက္စစ္ေဆးရာ အမည္ေပါက္မွန္ကန္ေၾကာင္း ျပန္ၾကားစာရရိွခဲ့သည္။ ထို႔ေၾကာင့္ ယင္းေျမကြက္ကို ဝယ္ယူၿပီး မိမိအမည္ေပါက္ျဖစ္ရန္ ႏွစ္ ၆၀ ဂရန္သစ္ထုတ္ေပးရန္ ေျမယာဌာနတြင္ ေလွ်ာက္ထားခ့ဲသည္။

ပါမစ္မွ ဂရန္သစ္ေလွ်ာက္ထားၿပီး ၁၄ ရက္ခန္႔ အၾကာတြင္ ယခင္ကမူလ အမည္ေပါက္ပိုင္ရွင္က ၂၀၁၀ ခုႏွစ္က ဂရန္သစ္ေလွ်ာက္ထားသည့္ မွတ္ခ်က္ရိွ၍ ရွင္းလင္းရန္ စည္ပင္ေျမယာဌာနမွ အေၾကာင္းၾကားစာ ေရာက္လာသျဖင့္ ဘယ္လိုေဆာင္ရြက္ရမည္မသိ၍ ကၽြႏ္ုပ္ထံ ေရာက္လာ ေမးျမန္းျခင္းျဖစ္သည္။

ဒီလုိ ဂရန္ သစ္ေလွ်ာက္တဲ့အခါမွာ ပါမစ္တစ္ခုထဲတြင္ ဂရန္ေလွ်ာက္သူႏွစ္ဦး ေပၚတက္ေၾကာင္း သိရသည္။ ယင္းသို႔ျဖစ္ရျခင္းမွာ မူလ ဂရန္သစ္ေလွ်ာက္ထားသူက ေလွ်ာက္ထားသည့္ ေျမကြက္ေပၚတြင္ တစ္သက္လံုးေနရန္ ရည္ရြယ္၍ ဂရန္သစ္ေလွ်ာက္ထားသည္ကို ေတြ႔ရသည္။

ေနာက္ပိုင္းတြင္ မိသားစု စီးပြားေရးအတြက္ ျဖစ္ေစ၊ ေစ်းေကာင္းရ၍ျပန္ေရာင္းရသည့္အခါမ်ိဳးတြင္ျဖစ္ေစ၊ မိမိ ယခင္က ဂရန္သစ္ ေလွ်ာက္ထားဖူးေၾကာင္း ေျပာဆိုရန္ ေမ့ေနတက္ၾကသည္။ "ဂရန္ မထုတ္ရေသးတာပဲ၊ အေရးမႀကီးပါဘူးေလ" ဟူေသာ အထင္ျဖင့္ ေမ့ေမ့ေလ်ာ့ေလ်ာ့ ေနတက္ၾကသည္။

ပါမစ္မူရင္းကို အျခားသူ တစ္ဦးဦးသို႔ ေရာင္းခ်ၿပီးေသာ္လည္း မိမိေလွ်ာက္ထားခဲ့သည့္ ဂရန္အသစ္အမႈတြဲမွာ အေရးမပါဟု ယူဆၾကသျဖင့္ ေျမကြက္အေရာင္းအဝယ္လုပ္သည့္အခါ မိမိထံမွ ဝယ္ယူသူကို ဂရန္သစ္ေလွ်ာက္ထားသည့္အေၾကာင္း မေျပာဘဲေနခဲ့မိသည္။ ထုိ႔အတူ "ဂရန္ေလွ်ာက္ထားစဥ္က ဂရန္သစ္ေလွ်ာက္အမႈတြဲအမွတ္ပါသည့္ ဝန္ေဆာင္ခ ေပးသြင္းသည့္ပံုသံေလွ်ာက္လႊာ" တို႔ကိုပါ ေပးအပ္ရန္ ေမ့တက္ၾကသည္။

"သတိမမူေတာ့ ဂူမျမင္၊ သတိမူေတာ့ ျမဴစင္၍ ဂူျမင္သည္" ဆိုေသာ ဆိုရိုးစကားအတိုင္း မူလအမည္ေပါက္ထံမွ ထပ္မံဝယ္ယူသူက ဂရန္သစ္ေလွ်ာက္သည့္အခါ ယခုလို ဂရန္သစ္ေလွ်ာက္ထားသည့္ မွတ္ခ်က္ႀကီး က ေပၚလာေတာ့ ဌာနက လာေရာင္းရွင္းလင္းခ်က္ေရးသာတင္ျပပါဆိုၿပီး ေခၚယူေတာ့ စိတ္ညစ္စရာေတြ နဲ႔ ႀကံဳရတာေပါ့။ ဒီလုိ ႀကံဳရတဲ့အခါ မူလေရာင္းသူအမည္ေပါက္ သို႔မဟုတ္ စာခ်ဳပ္အဆက္ျဖင့္ ဂရန္ေလွ်ာက္ဖူးသူကို ျပန္ၿပီးေခၚ၍ ၿမိဳ႕ေတာ္ခန္းမ လက္ေထာက္ဌာနမွဴးေရွ႕မွာ မိမိေလွ်ာက္ခဲ့သည့္ ဂရန္သစ္အမႈတြဲပိတ္သိမ္းေပးဖို႔ အျခားသူတစ္ဦးဦးအား ေရာင္းခ်ထားျခင္းေၾကာင့္ မိမိေလွ်ာက္ထားခ်က္ရုတ္သိမ္းေၾကာင္း စာတင္ခဲ့ရတယ္။

ကိုယ္တိုင္လာေရာက္အမႈပိတ္သိမ္းသူမွန္ကန္ေၾကာင္း ၎အရာရိွေရွ႕မွာ လက္မွတ္ထိုးရတယ္။အမႈပိတ္သိမ္းတဲ့ အမႈတြဲတင္ျပခ်က္ႏွင့္ အတူ ပိတ္သိမ္းသူရဲ႕ မွတ္ပံုတင္မိတၱဴ၊ ပါမစ္မိတၱဴ တစ္စံုစီကို ပူးတြဲတင္ျပရတယ္။ အဲဒီတင္ျပခ်က္ေတြကို အရာရိွေရွ႕မွာ ဒီအတိုင္း ထားခဲ့လို႔ မရဘူး။ ဝင္စာလက္ခံတဲ့သူထံမွာ တင္ခဲ့ရတယ္။ အဲဒီဝင္စာလက္ခံသူက ဝင္စာအမွတ္ ( )နဲ႔ ေန႔စြဲကို ေျပာျပတယ္။ ဥပမာ ဝင္စာအမွတ္ ၉၉၉/ ေန႔စြဲ ၂၉-၅-၂၀၁၄ လို႔ေျပာရင္ မွတ္သားထားရတယ္။ အဲဒီဝင္စာအား ဂရန္သစ္ေလွ်ာက္ထားတဲ့ေျမကြက္ေပၚမွာ ရိွတဲ့ မွတ္ခ်က္ကို ဖ်က္ေပးလိုက္တယ္။ အဲဒီအခါမွ ဂရန္သစ္ေလွ်ာက္ထားသူအတြက္ ဌာနက ေျမတိုင္းကြင္းဆင္းစစ္ေဆးျခင္း သတင္းေၾကာ္ျငာေးပးျခင္း၊ ဂရန္သစ္ထုတ္ေပးသည့္ဘုတ္အဖြဲ႔သို႔ တင္ျပျခင္း၊ ခြင့္ျပဳခ်က္ရလွ်င္ ေျမကြက္တန္းဖိုး ေငြသြင္းျခင္း၊ ယင္းေနာက္ တာဝန္ရိွသူ အဆင့္ဆင့္ လက္မွတ္ေရးထုုိးေပးၿပီး ဂရန္သစ္ထုတ္ေပးဖုိ႔ အဆင္သင့္ျဖစ္တဲ့ေန႔မွာ ေလွ်ာက္ထားသူထံကို အေၾကာင္းၾကားပါတယ္။ ရံုးက အေၾကာင္းၾကားစာေရာက္မလာမီ မိမိကိုယ္တိုင္ၿမိဳ႕ေတာ္ခန္းမမွာ မၾကာခဏ သြားစံုစမ္းလို႔လည္း ရါတယ္။ ျမတ္ဗုဒၶ ေဟာတယ္မဟုတ္လား။

"အတၱာဟိ..အတၱေနာ နာေထာ" တဲ့ေလ။ "ကိုယ့္ကိုယ္ကိုပဲ အားကိုးရာပါ"ဆိုေတာ့ အျမန္ရေအာင္ ခဏခဏသြားစံုစမ္းေပါ့။ ဤသို႔ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္အဆင့္ဆင့္ကို ကၽြႏ္ုပ္က ေျပာျပလိုက္သည့္အခါ လာေရာက္ေမးသူအမ်ိဳးသမီးမွာလည္း သေဘာေပါက္နားလည္ၿပီး ေက်းဇူးတင္ေၾကာင္း ေျပ၍ ျပန္သြားေလေတာ့သည္။

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( Shwe Sethtagan Journal)

 

### Unicode Version ###

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင် အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊ မြေနှင့် အိမ်ဖြစ်စေ တိုက်ခန်းဖြစ်စေ၊ ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။ အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ယင်းသို့ တက်စွမ်းသလောက်လေ့လာသည့်ကြားမှာပင် မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့ရှိကြသည်။ မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး ကျွနု်ပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍ ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ မှန်ကန်ကြောင်းသိခဲ့ရသည်။ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့် ရန်ကုန်မြို့တော် သည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင်လည်း နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက်စစ်ဆေးရာ အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာရရှိခဲ့သည်။ ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင် လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင် ယခင်ကမူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန် စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာသဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ ရောက်လာ မေးမြန်းခြင်းဖြစ်သည်။

ဒီလို ဂရန် သစ်လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင် ဂရန်လျှောက်သူနှစ်ဦး ပေါ်တက်ကြောင်း သိရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူက လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန် ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေးအတွက် ဖြစ်စေ၊ ဈေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင်ဖြစ်စေ၊ မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန် မေ့နေတက်ကြသည်။ "ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ" ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတက်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့်အခါ မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်အကြောင်း မပြောဘဲနေခဲ့မိသည်။ ထို့အတူ "ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက်အမှုတွဲအမှတ်ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံသံလျှောက်လွှာ" တို့ကိုပါ ပေးအပ်ရန် မေ့တက်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်" ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံမှ ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့ ဌာနက လာရောင်းရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး ခေါ်ယူတော့ စိတ်ညစ်စရာတွေ နဲ့ ကြုံရတာပေါ့။ ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ် စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍ မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်ခဲ့သည့် ဂရန်သစ်အမှုတွဲပိတ်သိမ်းပေးဖို့ အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့် မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း ၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့ မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။ အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့ မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ရတယ်။ အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( )နဲ့ နေ့စွဲကို ပြောပြတယ်။ ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင် မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို ဖျက်ပေးလိုက်တယ်။ အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက် ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း သတင်းကြော်ငြာေးပးခြင်း၊ ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊ ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊ ယင်းနောက် တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ လျှောက်ထားသူထံကို အကြောင်းကြားပါတယ်။ ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း ရါတယ်။ မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။

"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။ "ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ"ဆိုတော့ အမြန်ရအောင် ခဏခဏသွားစုံစမ်းပေါ့။ ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူအမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး ကျေးဇူးတင်ကြောင်း ပြေ၍ ပြန်သွားလေတော့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( Shwe Sethtagan Journal)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service