ဗဟုသုတ | Posted by အေးမြတ်သူ
### Zawgyi Version ###
''မိသားစုစီမံမႈျပဳထားတဲ့ တုိက္ခန္းကို ဝယ္လုိ႔ရပါသလား ဆရာ'' စာေရးသူ၏ မိတ္ေဆြတစ္ဦးက လမ္းၫႊန္လုိက္သျဖင့္ အမ်ဳိးသမီးရြယ္တစ္ဦး စာေရးသူထံသို႔ လာေရာက္ေဆြးေႏြးျခင္း ျဖစ္သည္။ ''အင္း- မိသားစု စီမံမႈဆုိေတာ့ စာခ်ဳပ္စာတမ္းနဲ႔ ဘယ္လုိေဆာင္ ရြက္ထားတာလဲ'' ''စာခ်ဳပ္စာတမ္းနဲ႔ လုပ္ထားတာလုိ႔ ေျပာတာပဲ ဆရာ'' ''မိသားစု စီမံမႈျဖစ္လုိ႔ မိဘေတြက သက္ရွိထင္ရွား ရွိေနေသးသလား'' ''မိခင္ကေတာ့ ရွိေသးတယ္ ေျပာတယ္။ အေမျဖစ္သူနဲ႔ သားသမီး ၃ ဦး ျပဳလုပ္ထားတဲ့ မိသားစု စီမံမႈလုိ႔ ေျပာတယ္'' ''အခုေရာင္းမယ္ဆုိတဲ့ တုိက္ခန္းက ဘယ္သူ႔ကို ေပးထားတာလဲ'' ''သားငယ္ကို ေပးထားတယ္ ေျပာတာပဲ ဆရာ'' ''ေပးခံထားရတဲ့ သားငယ္ဆုိတဲ့ သူနဲ႔ ေတြ႕ၿပီးၿပီလား'' ''သူက ႏုိင္ငံျခားသေဘၤာ လုိက္ေနေတာ့ သူ႔ဇနီးနဲ႔ပဲ ေတြ႕ပါတယ္။ ဇနီးျဖစ္သူေျပာတာကေတာ့ ဒီတုိက္ခန္းကို ေရာင္းၿပီး စုေဆာင္းထားေငြနဲ႔ ေပါင္းလုိ႔ လုံးခ်င္းတုိက္ ဝယ္မယ္ေျပာပါတယ္'' ''ေရာင္းမယ္ဆုိတဲ့ တုိက္ခန္းမွာ ဘယ္သူေနလဲ'' ''သားအငယ္ မိသားစု ေနပါတယ္'' ''ေၾသာ္- ေရာင္းမယ္ဆုိတဲ့သူေတြ ေနတာေပါ့၊ လက္ေရာက္ရၿပီးသေဘာ ျဖစ္ေနၿပီေပါ့'' ''ဟုတ္ပါတယ္။ ဒါေၾကာင့္ ဝယ္ဖုိ႔ သင့္/မသင့္၊ က်န္တဲ့ ေမာင္ႏွမေတြက ကန္႔ကြက္ႏုိင္ပါသလား ဆုိတာ သိခ်င္လုိ႔ပါဆရာ'' ''ေရာင္းသူကိုယ္တုိင္ လက္ဝယ္ရွိတဲ့ ပစၥည္းဆုိေတာ့ သာမန္အားျဖင့္ေတာ့ အေႏွာင့္အယွက္မရွိႏုိင္ဘူးေပါ့ေလ။ က်န္တဲ့ သားသမီးေတြက ဘယ္မွာေနၾကလဲ'' ''သားအႀကီးအတြက္ ေပးထားတဲ့ တုိက္ခန္းကိုေတာ့ သူ႔အေမက အိမ္ငွားတင္ထားတယ္ ေျပာတယ္'' ''အိမ္ငွားတင္ထားတယ္ဆုိေတာ့ အိမ္ပိုင္ရွင္ေတြက ဘယ္မွာေနၾကလဲ'' ''သားႀကီးျဖစ္တဲ့သူနဲ႔ ဇနီးက ဆရာဝန္ေတြလုိ႔ ေျပာတယ္။ ႏုိင္ငံျခားမွာလုိ႔ ေျပာပါတယ္'' ''ဒါဆုိ အေမႀကီးနဲ႔ ေနာက္တစ္ေယာက္က ဘယ္မွာေနၾကလဲ'' ''အေမျဖစ္တဲ့သူနဲ႔ သမီးလတ္ အပ်ဳိႀကီးက F.M.I အိမ္ရာမွာ ေနတယ္လုိ႔ ေျပာပါတယ္''
''ဒီေတာ့လည္း အသီးသီးခြဲေပးၿပီးသေဘာ ျဖစ္ေနၿပီေပါ့''
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနကိုႏွိပ္ပါ။
Credit: ေစ်းကြက္ဂ်ာနယ္
### Unicode Version ###
''မိသားစုစီမံမှုပြုထားတဲ့ တိုက်ခန်းကို ဝယ်လို့ရပါသလား ဆရာ''
စာရေးသူ၏ မိတ်ဆွေတစ်ဦးက လမ်းညွှန်လိုက်သဖြင့် အမျိုးသမီးရွယ်တစ်ဦး စာရေးသူထံသို့ လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။
''အင်း- မိသားစု စီမံမှုဆိုတော့ စာချုပ်စာတမ်းနဲ့ ဘယ်လိုဆောင် ရွက်ထားတာလဲ''
''စာချုပ်စာတမ်းနဲ့ လုပ်ထားတာလို့ ပြောတာပဲ ဆရာ''
''မိသားစု စီမံမှုဖြစ်လို့ မိဘတွေက သက်ရှိထင်ရှား ရှိနေသေးသလား''
''မိခင်ကတော့ ရှိသေးတယ် ပြောတယ်။ အမေဖြစ်သူနဲ့ သားသမီး ၃ ဦး ပြုလုပ်ထားတဲ့ မိသားစု စီမံမှုလို့ ပြောတယ်''
''အခုရောင်းမယ်ဆိုတဲ့ တိုက်ခန်းက ဘယ်သူ့ကို ပေးထားတာလဲ''
''သားငယ်ကို ပေးထားတယ် ပြောတာပဲ ဆရာ''
''ပေးခံထားရတဲ့ သားငယ်ဆိုတဲ့ သူနဲ့ တွေ့ပြီးပြီလား''
''သူက နိုင်ငံခြားသင်္ဘော လိုက်နေတော့ သူ့ဇနီးနဲ့ပဲ တွေ့ပါတယ်။ ဇနီးဖြစ်သူပြောတာကတော့ ဒီတိုက်ခန်းကို ရောင်းပြီး စုဆောင်းထားငွေနဲ့ ပေါင်းလို့ လုံးချင်းတိုက် ဝယ်မယ်ပြောပါတယ်''
''ရောင်းမယ်ဆိုတဲ့ တိုက်ခန်းမှာ ဘယ်သူနေလဲ''
''သားအငယ် မိသားစု နေပါတယ်''
''သြော်- ရောင်းမယ်ဆိုတဲ့သူတွေ နေတာပေါ့၊ လက်ရောက်ရပြီးသဘော ဖြစ်နေပြီပေါ့''
''ဟုတ်ပါတယ်။ ဒါကြောင့် ဝယ်ဖို့ သင့်/မသင့်၊ ကျန်တဲ့ မောင်နှမတွေက ကန့်ကွက်နိုင်ပါသလား ဆိုတာ သိချင်လို့ပါဆရာ''
''ရောင်းသူကိုယ်တိုင် လက်ဝယ်ရှိတဲ့ ပစ္စည်းဆိုတော့ သာမန်အားဖြင့်တော့ အနှောင့်အယှက်မရှိနိုင်ဘူးပေါ့လေ။ ကျန်တဲ့ သားသမီးတွေက ဘယ်မှာနေကြလဲ''
''သားအကြီးအတွက် ပေးထားတဲ့ တိုက်ခန်းကိုတော့ သူ့အမေက အိမ်ငှားတင်ထားတယ် ပြောတယ်''
''အိမ်ငှားတင်ထားတယ်ဆိုတော့ အိမ်ပိုင်ရှင်တွေက ဘယ်မှာနေကြလဲ''
''သားကြီးဖြစ်တဲ့သူနဲ့ ဇနီးက ဆရာဝန်တွေလို့ ပြောတယ်။ နိုင်ငံခြားမှာလို့ ပြောပါတယ်''
''ဒါဆို အမေကြီးနဲ့ နောက်တစ်ယောက်က ဘယ်မှာနေကြလဲ''
''အမေဖြစ်တဲ့သူနဲ့ သမီးလတ် အပျိုကြီးက F.M.I အိမ်ရာမှာ နေတယ်လို့ ပြောပါတယ်''
''ဒီတော့လည်း အသီးသီးခွဲပေးပြီးသဘော ဖြစ်နေပြီပေါ့''
''ဟုတ်ပါတယ်''
''အခု ပြောတဲ့အတိုင်းဆိုရင် မိသားစု စီမံမှုပြုပြီး ခွဲဝေပေးထားတဲ့သဘော သက်ရောက်နေပါတယ်''
''ဒါပေမယ့် အမေက သူတို့ကို အပြီးလွှဲပေးထားတာတော့ မဟုတ်ဘူးလို့လည်း ပြောတယ်ဆရာ''
''ဟုတ်ပြီ၊ လက်ရှိတိုက်ခန်း အမည်ပေါက်တွေက အမေ့နာမည်ဖြစ်နေပြီး တရားဝင် လွှဲပြောင်း၊ အမည်ပြောင်းတာ မလုပ်ရသေးဘူးပေါ့''
''ဟုတ်ကဲ့ ဆရာပြောသလို ဖြစ်မယ်ထင်ပါတယ်''
''သားနဲ့ ချွေးမကို မိခင်က ခွင့်ပြုချက်နဲ့ ထားတဲ့သဘော ဖြစ်နေတာပေါ့။ တိုက်ခန်းရဲ့ ပိုင်ဆိုင်မှုက မိခင်လက်ဝယ်မှာ ရှိနေသေးတယ်။ ဒါဆိုရင်တော့ မိခင်ကို အသိပေးပြီးမှ ရောင်းသင့်တယ်လို့ ဆရာထင်တယ်။ ဝယ်လိုက်ပြီး ပိုင်ဆိုင်ခွင့် အမည်ပြောင်းမယ် ဆိုရင် မိခင်ရဲ့ သဘောတူညီချက်ယူမှ တိုက်ခန်းအမည်ပေါက်ကို တရားဝင်ရမှာဖြစ်တယ်''
''ဒါဆိုရင် မိခင်ဖြစ်သူက ကန့်ကွက်နိုင်ခွင့်ရှိတဲ့ သဘောပေါ့နော်''
''ဥပဒေသတောအရ ကြည့်ရင်တော့ ပိုင်ရှင်က မိခင်ဖြစ်နေတဲ့အတွက် မိခင်ဖြစ်သူက ကန့်ကွက်နိုင်တဲ့ သဘောပေါ့ကွယ်၊ ဒါပေမယ့် မိခင်ကို နားလည်အောင် ပြောရင်တော့ အဆင်ပြေသွားမှာပေါ့''
''ကျန်တဲ့ မောင်နှမတွေကတော့ ကန့်ကွက်ခွင့် ရှိပါသေးသလား''
''မိခင်ရှိနေသေးသရွေ့တော့ ကန့်ကွက်ခွင့် မရှိဘူးပေါ့။ မိခင် ကွယ်လွန်သွားရင်လည်း တူမပြောသလို မိသားစု စီမံမှုပြုထားမယ်ဆိုရင် နှောင့်ယှက်ပိုင်ခွင့် မရှိတော့ဘူး''
''ဒါဆိုရင် ဆရာ၊ တစ်ခုသိချင်တာက မိသားစု စီမံမှုဆိုတာ ဘယ်လိုပါလဲဆရာ''
''မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ကျန်ရစ်တဲ့ မိဘတစ်ဦးဦးက မိမိ မကွယ်လွန်မီ သားသမီးတွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ အမွေပုံပစ္စည်းကို ခွဲဝေပေးခွင့် ရှိတယ်။ ကြိုတင်အမွေခွဲပေးထားတဲ့ သဘောပေါ့ကွယ်''
''သေတမ်းစာ သဘောလား ဆရာ''
''သေတမ်းစာ သဘော မဟုတ်ဘူး။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာကိုးကွယ်သူတွေဟာ သေတမ်းစာရေးသားခွင့် မရှိဘူး။ သေတမ်းစာဆိုတာက အမွေရှင်က မိမိပေးချင်သူ တစ်ဦးတည်းကို ပစ္စည်းအားလုံး ပေးခွင့်ရှိတယ်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ အမွေပစ္စည်းကို တစ်ဦးတည်းပုံပေးလို့ မရဘူး။ အမွေဆက်ခံသူ အားလုံးရဲ့ သဘောတူညီချက်နဲ့ မိသားစုစီမံမှု စာချုပ် ချုပ်ဆိုပြီး ခွဲဝေထားကြတာ ဖြစ်တယ်''
''သားသမီးတိုင်းက အမွေရကိုရမယ့် သဘောပေါ့''
''မှန်ပါတယ်။ တူမကြီး သိအောင် ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ 'မောင်ခွေးသိုး (ဒေါ်ထင်ကြီး၏ တရားဝင် ကိုယ်စားလှယ်)နှင့် ဒေါ်မှတ်ကြီး ၁၉၈ဝ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၉၂' စီရင်ထုံးမှာ မိသားစု စီမံမှုဖြင့် အမွေပုံပစ္စည်းများ ခွဲဝေခြင်းဆိုသည်မှာ အမွေရှင် သေဆုံးသည့်အခါ မိသားစုစီမံမှုပြုစဉ်က ပဋိညာဉ်အတိုင်း အမွေပစ္စည်းများကို ခွဲယူရမည်ဖြစ်သည်။
'မိသားစု စီမံမှုပြုလုပ်ရာတွင် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ စာချုပ်စာတမ်းဖြင့် မဟုတ်ဘဲ နှုတ်ကတိဖြင့် ပြုလုပ်နိုင်သည်။ စာချုပ်စာတမ်းဖြင့် ပြုလုပ်လျှင် မှတ်ပုံတင်စာချုပ် ပြုလုပ်ရန် မလိုပေ' လို့ လမ်းညွှန်ဆုံးဖြတ်ထားပါတယ်။
''ဒါဆိုရင် မိဘကွယ်လွန်မှ ပိုင်ဆိုင်ခွင့် ရမယ်ပေါ့နော်''
''အေး- ဟုတ်တယ်။ ဒါကြောင့် အခုဝယ်မယ့် တိုက်ခန်းမှာ မိခင်က သားငယ်ကို အပြီးအပိုင် လွှဲပြောင်းပေးထားတယ်ဆိုရင် သားငယ်က လွတ်လပ်စွာ ရောင်းပိုင်ခွင့် ရှိတယ်။ မိသားစု စီမံမှု စာချုပ်အရ ခွဲဝေထားတဲ့ တိုက်ခန်းဆိုရင်တော့ စာချုပ်ပါအတိုင်း အားလုံးသဘောတူ လက်မှတ်ရေးထိုးထားတဲ့အတွက် မိခင်ကွယ်လွန်မှ ပိုင်ဆိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ဒါပေမယ့် သက်ရှိ ထင်ရှားရှိတဲ့ မိခင်ရဲ့ သဘောတူညီချက်အရ ဆိုရင်တော့ တိုက်ခန်းကို ရောင်းပိုင်ခွင့်ရှိမှာ ဖြစ်တယ်''လို့ ရှင်းပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေကိုနှိပ်ပါ။
Credit: စျေးကွက်ဂျာနယ်