စားသောက်ဆိုင် …. မြေနေရာငှါးသူများ ပံ့ပိုးပေးရမယ့်အချက်များ
စားသောက်ဆိုင် …. မြေနေရာငှါးသူများ ပံ့ပိုးပေးရမယ့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
3 Jul 2019 1:27 pm တွင် တင်ခဲ့သည်
1179 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
### Zawgyi Version ###
### Unicode Version ###
စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ တစ်ဦးနဲ့တစ်ဦး အတွေးအခေါ်အယူအဆ မတူကြတာကို တွေ့ရတယ်။ အချို့ စီးပွားရေးလုပ်ငန်းရှင်များမှာ အရောင်းအဝယ်လုပ်ငန်းတစ်ခုခု လုပ်တော့မယ်ဆိုရင် ပထမဦးဆုံး အချက်အချာကျကျ မြေနေရာကောင်းကောင်းမှာ ငွေကြေးရင်းနှီးမြှုပ်နှံပြီး ဆိုင်ဖွင့်ဖို့ ကြိုးစားကြတယ်။
ပွဲဦးထွက်မှာ မြေငှါး ၊ နောက်တော့ မြေပိုင်ရှင် ဖြစ်လာသူများ
အချို့စီးပွားရေးလုပ်ငန်းများ ကျတော့လည်း မြေကွက်ဝယ်ပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်မကူးကြဘူး။မြေကွက်ငှါးပြီး ဆိုင်ဖွင့်ဖို့ ကြိုးစားကြသူတွေလည်း ရှိတယ်။ ဒီလိုမြေကွက်ငှါးပြီး ဆိုင်ဖွင့်ချင်သူတွေထဲမှာလည်း ရည်ရွယ်ချက် (၂)မျိုးနဲ့ လုပ်ကိုင်ကြတာကို တွေ့ရတယ်။တချို့ကတော့ “ မြေစမ်း ခရမ်းပျိုး ” ဆိုသလိုမျိုး စမ်းသပ်ပြီး ရောင်းဝယ်ကြည့်ကြတယ်။ အရောင်းအဝယ်တွေကောင်းလို့ အမြတ်အစွန်းတွေ ရလာတဲ့အခါ ကျတော့မှ မြေပိုင်ဝယ်ပြီး ဆိုင်ဖွင့်တာမျိုး ရှိတယ်။
နေရာအဓိကထား မြေငှါးတဲ့ လုပ်ငန်းရှင်များ
အချို့ကျတော့လည်း နေရာကောင်းဈေးကွက်ကောင်းကောင်းတွေနဲ့ မြေကွက်ငှါးပြီး လက်ရှိလုပ်ငန်းကို ဈေးကွက်တိုးချဲ့တာမျိုးလည်း တွေ့ရတယ်။ အဲဒီလို စီးပွားရေးသမားတွေကျတော့ မြေငှါးခကို အဓိကမထားဘူး။ မိမိတို့ရဲ့ ကုန်ပစ္စည်းသုံးစွဲလိုသူတွေ လွယ်လင့်တကူ ဝယ်ယူနိုင်အောင် နေရာရွေးချယ် ဆိုင်ဖွင့်တဲ့သဘော ဖြစ်ပါတယ်။ အဲဒီလို လုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့ ရောင်းကုန်တွေက ပြည်သူတွေ အများဆုံး ဝယ်ယူအားပေးတဲ့ နာမည်ကြီး ကုန်အမျိုးအစားတွေ ဖြစ်တာကို တွေ့ရတယ်။ သူတို့အတွက်ကျတော့ နေရာသာ အဓိက ဖြစ်နေတာကို တွေ့ရတယ်။
ဆိုင်ဖွင့်ဖို့ မြေကွက်များ တွေ့ပါပြီး မီးပွိုင့်နားမှာ
အဲဒီၤလို ဈေးကွက်ရှာသူတွေထဲမှာ လုပ်ငန်းတိုးချဲ့ဖို့အတွက် မြောက်ဥက္ကလာပ ၊ သုဓမ္မာလမ်းမကြီးပေါ်မှာ “ စားသောက်ဆိုင် ” ဖွင့်ဖို့ မြေနေရာလိုက်ရှာနေသူကတော့ “ ကိုကိုမောင် ”ပါပဲ။တိုက်တိုက်ဆိုင်ဆိုင်ပဲ လမ်းဆုံလမ်းခွ ၊ မီးပွိုင့်အနီးမှာ မြေကွက်လပ်တစ်ခုကို သွာတွေ့တယ်။အနီးက ကားပြင်ဆိုင်ကို မေးကြည့်တော့ အမွေဆိုင်တွေ ပိုင်တဲ့မြေကွက် ဖြစ်နေတယ်။
တစ်ချိန်က အဲဒီနေရာ ၊အဲဒီမြေကွက် မှာ စားသောက်ဆိုင်တစ်ဆိုင် ရှိခဲ့ဖူးတယ်။တော်တော်လည်း အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ စားသောက်ဆိုင်ကြီးပါ။ခေတ်ကာလ ရွေ့လျောပြီး မိဘတွေ မရှိကြတဲ့အခါမှာ သားသမီးတွေက ဆက်မလုပ်ကြတော့ဘဲ အဆောက်အဦးဖျက်ပြီး မြေကွက်သက်သက်ပဲ ထားလိုက်ကြလို့ အခုလို မြေလွတ်ဖြစ်နေတာလို့ ဆိုပါတယ်။
ဒါနဲ့ “ ကိုကိုမောင် ” က ပိုင်ရှင်တွေရှိရာ လမ်းညွန်ပေးပါ ပြောလို့ အဲဒီလမ်းမကြီးအနီးမှာနေတဲ့ အကြီးဆုံး သားတစ်ယောက်နဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ ငှါးမယ် ဈေးနှုန်းမေးကြည့်တော့ တစ်လ (၁၀)သိန်း ၊ တစ်နှစ် (၁၂၀) သိန်းနဲ့ ငှါးမယ်လို့ သိရတယ်။ “ ကိုကိုမောင် ” က လည်း (၃)နှစ် ငှါးဖို့ ဆုံးဖြတ်ပြီး စရန်ပေးစာချုပ်မယ့်နေ့ကို ရွေးချယ်ချိန်းဆိုလိုက်ကြပါတယ်။
အငှါးချထားသူ (မြေရှင်) ဘက်က ကူညီပေးရမယ့် အချက်တွေ
စရန်ငွေတစ်ဝက် သိန်း (၆၀) ပေးတဲ့နေ့မှာတော့ မြေရှင်တွေဘက်က ဆောင်ရွက်ပေးရမယ့် အချက်တွေကို တောင်းဆိုရပါတယ်။အရေးကြီးဆုံးအချက်တွေ ကတော့ စားသောက်ဆိုင်၊ ဘီယာဆိုင်ဖွင့်ပြီဆိုရင် ဆိုင်ပတ်ဝန်းကျင်း (၁၀)အိမ်လောက်က ကန့်ကွက်ရန်မရှိ သဘောတူကြောင်း ထောက်ခံချက်လုပ်ပေးရမယ်၊ အဆောက်အဦးကတော့ အခုခတ်ပုံစံအတိုင်း ရွှေ့ရပြောင်းရ လွယ်ကူအောင် “ သံဖရိန် ” နဲ့ ဆိုင်ဆောက်မယ်။ဒီတော့ အဆောက်အဦးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်လည်းလိုအပ်မယ်။စားသောက်ဆိုင်ဆိုပေမယ့် “ ယမကာ (အရက်) ပါလာတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ ယစ်မျိုးလိုင်စင် လျှောက်ယူရဦးမယ် …… စတဲ့ ကိစ္စတွေဆောင်ရွက်တဲ့အခါ ငှါးရမ်းသူ မြေရှင်တွေ ဘက်က လိုအပ်တာရှိရင်လိုက်ပါကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ် ”
နှစ်ဦးနှစ်ဘက် သဘောတူညီချက်အရေးကြီး
မြေရှင်ဘက်နဲ့ ငှါးရမ်းသူတို့ နှစ်ဘက် သဘောတူညီတဲ့ အချက်တွေကတော့ (၃)နှစ်ငှါးမယ်။ တစ်နှစ်တစ်ကြိမ် (၁၂) လစာ ပေးမယ်၊ ဈေးထပ်မတတ်ရဘူး၊ (၃)နှစ် ပြည့်လို့ ဆက်မလုပ်ဖြစ်ရင်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ပြန်ဖျက်ယူသွားမယ်။စတဲ့အချက်တွေပါပဲ။ မြေရှင်တွေဘက်ကလည်း လိုက်လျောနိုင်တဲ့ အချက်တွေဖြစ်လို့ အခက်အခဲမရှိ စရန်ပေးစာချုပ် ချုပ်လိုက်ကြပါတယ်။
မြေကွက်ပိုင်ရှင်/ဆိုင်ခန်းပိုင်ရှင်တို့ အဓိက သိထားရမယ့် အချက်တွေ
အနှစ်ချုပ်ပြောရရင် အိမ်ခြံမြေရောင်းဝယ်တာပဲဖြစ်ဖြစ်၊ တိုက်ခန်းရောင်းဝယ်တာပဲဖြစ်ဖြစ် သူ့နေရာသူ့စည်းကမ်းတွေ ၊ လိုက်နာရမယ့်အချက်တွေ ရှိသလို အခုလို မြေကွက်ငှါးပြီး အဆောက်အဦး ဆောက်လုပ်ခဲ့ရင်လည်း မြေရှင်နဲ့ ငှါးရမ်းသူတို့ တစ်ဖက်နဲ့တစ်ဖက် လိုက်နာရမယ့် အချက်တွေ ရှိတာကို တွေ့လာရပါတယ်။ဒါ့အပြင် မိမိမြေကွက်ကို ငှါးရမ်းတယ်ဆိုပေမယ့် ပတ်ဝန်းကျင်းရဲ့ သဘောတူညီချက်တွေ လိုအပ်တယ်ဆိုတာလည်း သိလာရတယ်။ ဒီထက်ပိုထူးတာက စားသောက်ဆိုင်နဲ့ တွဲပြီး ဘီယာနဲ့အရက်ပါ တွဲပြီး ရောင်းချင်ရင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးထံမှာ ယစ်မျိုးလိုင်စင် လျှောက်ထားရယူရတယ်ဆိုတဲ့ အသိတစ်ခုတိုးပြီး ရလိုက်ပါတယ်ခင်ဗျာ ။
သုခီအတ္တာနံ ပရိဟရန္တု
Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service