မိုက်ခရိုဝေ့နဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့
မိုက်ခရိုဝေ့နဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2019 12:37 pm တွင် တင်ခဲ့သည်
34828 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
### Zawgyi Version ###
မိုက်ခရိုဝေ့နဲ့ ပတ်သက်ပြီးလူသိမှားတဲ့ အချက်သုံးချက်။
### Unicode Version ###
မိုက်ခရိုဝေ့ ဆိုတာခေတ်သစ်ချက်ပြုတ်နည်းပညာတွေထဲမှာအရမ်းအဆင်ပြေပြီးသုံးရလွယ်ကူတဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုပါ။ အအေးခံထားတဲ့ ဟင်းတွေကို ပြန်နွှေးတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ဟင်းတွေ ပြုတ်ကင်ချက်ပြုတ်ဖို့ပဲ ဖြစ်ဖြစ် အဘက်ဘက်ကအသုံးဝင်တဲ့ အရာတစ်ခုပါ။ ဒီလိုအသုံးဝင်လှတဲ့ မိုက်ခရိုဝေ့နဲ့ ပတ်သက်လို့ လူတွေ မှားသိနေကြတဲ့ အရာတစ်ခုရှိပါတယ်။
က်ခရိုဝေ့နဲ့ ပတ်သက်ပြီးလူသိမှားတဲ့ အချက်သုံးချက်။
( ၁ ) မိုက်ခရိုဝေ့ထဲထည့်လိုက်ရင် အာဟာရဓာတ် တွေ အားလုံးပျက်ကုန်တယ်။
အရမ်းပူတဲ့ အပူချိန်နဲ့ထိတွေ့လိုက်တဲ့အခါ တချို့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် C တွေက ပြိုကွဲသွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒါကအပူချိန်နဲ့ အချိန်အကြာကြီးထိတွေ့မှ ဖြစ်တဲ့အတွက် မိုက်ခရိုဝေ့လိုမျိုးခဏလေးနဲ့ ချက်ပြီးကျက်သွားတဲ့ စားစရာတွေမှာတော့ အာဟာရဓာတ် တွေ ဆုံးရှုံးစရာမရှိပါဘူး။
( ၂ ) မိုက်ခရိုဝေ့ထဲနဲ့ ချက်တဲ့စားစရာတွေက ကင်ဆာဖြစ်စေတယ်။
မိုက်ခရိုဝေ့မှာ x-rays တွေ gamma rays တွေ မပါဝင်တဲ့အတွက် စားစရာတွေကိုရေဒီယိုဓာတ်ကြွမဖြစ်စေတဲ့အပြင် ကင်ဆာဖြစ်စရာအကြောင်းမရှိပါဘူး။ မိုက်ခရိုဝေ့ဆိုတာစားစရာတွေကိုအပူပဲပေးတာပါ။ သူတို့ရဲ့ ဓာတုဓာတ်ပေါင်းတွေနဲ့ မော်လီကျူးတွေကိုပြောင်းလဲတာမဟုတ်ပါဘူး။ဒါကြောင့် မိုက်ခရိုဝေ့အစားအစာတွေကိုစားရင်ကင်ဆာဖြစ်စရာ အကြောင်းမရှိပါဘူး။
ဒါပေမယ့် တစ်နေရာရာမှာထိခိုက်ပျက်စီးနေတဲ့ မိုက်ခရိုဝေ့ကတော့ ရေဒီယိုသတ္တုလှိုင်းတွေ ယိုထွက်နေနိုင်တဲ့အတွက် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိုက်ခရိုဝေ့ကိုဘယ်လိုပုံနဲ့ သုံးရမလဲဆိုတဲ့ နည်းအတိုင်းလိုက်နာပြီးသေချာအသုံးပြုသင့်ပါတယ်။
နောက်တစ်ချက်ကမိုက်ခရိုဝေ့ ထဲ ပလတ်စတစ်ပါတဲ့ ခွက်တွေနဲ့ စားစရာတွေကိုအပူပေးမယ်ဆိုရင်တော့ ကင်ဆာရောဂါဖြစ်နိုင်ချေများပါတယ်။ ဒါ့ပြင် ပလတ်စတစ်ခွက်တွေနဲ့ စားစာရာတွေကိုမိုက်ခရိုဝေ့ထဲထည့်မယ်ဆိုရင် သွေးတိုးရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုက်ခရိုဝေ့ကိုယ်တိုင်ကကင်ဆာဖြစ်စေတာမဟုတ်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းအတိုင်းသာလိုက်နာမယ်ဆိုရင် မိုက်ခရိုဝေ့ကကျန်းမာရေးကိုမထိခိုက်စေပါဘူး ။ ။
( ၃ ) မိုက်ခရိုဝေ့ထဲ အသားတွေ ချက်တဲ့အခါ အသားတုံးကြီးလေလေအပူချိန်မြင့်မြင့် သုံးရလေလေပါ။
ဒါကမှားနေတဲ့ အယူတစ်ခုပါ။ မိုက်ခရိုဝေ့ထဲမှာအသားတုံးကြီးကြီးတွေကိုချက်ပြုတ်တော့မယ်ဆိုရင် အပူချိန် အလယ်လောက်မှာပဲထားပြီးအချိန်ကြာကြာချက်ပြုတ်ပေးပါ။ မြန်မြန်ကျက်အောင် အပူချိန်မြင့်မြင့်သုံးရမယ်ဆိုတာမဟုတ်ပါဘူး။ အလယ်အလတ်အပူချိန်နဲ့ အချိန်ကြာကြာချက်ပြုတ်မှ အတွင်းပိုင်းအသားတွေ သေချာကျက်ပြီးအပြင်ပိုင်းအသားတွေ တူးတာမျိုးကို ဖြစ်စေမှာမဟုတ်ပါဘူး။
မိုက်ခရိုဝေ့နဲ့ ပတ်သက်ပြီးအခြားသိသင့်တဲ့ အချက်တွေကတော့
• မိုက်ခရိုနဲ့ စားစရာတွေ ချက်နေတဲ့အချိန်အတွင်းတစ်ဝက်လောက်မှာစားစရာတွေကိုဘက်လှည့်ပေးပါ။ ဒါမှ အပူမထိတဲ့ နေရာတွေ မရှိတော့ဘဲပိုးတွေလည်းသေအသားတွေလည်းညီညီညာညာကျက်မှာဖြစ်ပါတယ်။
• မိုက်ခရိုဝေ့နဲချက်နေစဉ်အတွင်းမှန်ကန်တဲ့ အပူချိန် ဟုတ်မဟုတ် သာမိုမီတာနဲ့ တိုင်းတာပေးပါ။
• နောက်ဆုံးအချက်ကတော့ မိုက်ခရိုဝေ့ထဲ ကြက်သားတို့ ဘဲတို့ကိုကောင်လုံးထည့်ကင်တာမျိုးမလုပ်သင့်ပါဘူး။ မိုက်ခရိုဝေ့ထဲကအပူချိန်ကအသားတွေ အာလုံးဆီအညီအမျှ မရောက်တော့ မကျက်တဲ့အသားတွေ စားမိတာ၊ ပိုးတွေ အကုန်မသေတာနဲ့ အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
Credit: The Myanmar Times
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
Shwe Wutt Hmone
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service