အေဆာက္အအံုသစ္တြင္ လူေနထုိင္ခြင့္ရေအာင္ ဘယ္လိုေဆာင္ရြက္မလဲ

အေဆာက္အအံုသစ္တြင္ လူေနထုိင္ခြင့္ရေအာင္ ဘယ္လိုေဆာင္ရြက္မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1 Jul 2019 1:22 pm တွင် တင်ခဲ့သည်
918 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

''လူေနထုိင္ခြင့္ B.C.C မက်ေသးတဲ့ တုိက္ခန္းမွာဝင္ေနရင္ ျပႆနာျဖစ္ႏုိင္သလား။ ဘယ္လုိေဆာင္ရြက္ရမလဲ''ဟု မိတ္ေဆြတစ္ဦးက လာေရာက္ေဆြးေႏြးသျဖင့္ ဗဟုသုတအျဖစ္ ေရးသားလုိက္ပါသည္။

ဥပေဒအရ တားျမစ္ခ်က္

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ျပန္ထားတဲ့ နည္းဥပေဒမွာ အေဆာက္အအုံ ေဆာက္လုပ္ျခင္းလုပ္ငန္းၿပီးစီးေၾကာင္းကို လုပ္ငန္းၿပီးစီးသည့္ေန႔မွ ရက္ေပါင္း ၃ဝ အတြင္း ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသုိ႔စာ ျဖင့္ တင္ျပေလွ်ာက္ထားရမည္ဟု ျပ႒ာန္းထားပါသည္။

ေကာ္မတီမွ အေဆာက္အအုံၿပီးစီးေၾကာင္း တင္ျပခ်က္ကို အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)အား သက္ဆုိင္ရာ အေဆာက္အအုံကုိ စစ္ေဆး၍ ရက္ေပါင္း ၃ဝ အတြင္း တင္ျပရန္ၫႊန္ၾကားရပါမည္။

ေကာ္မတီမွ အေဆာက္အအုံပုံစံႏွင့္အညီ ေဆာက္လုပ္၍ ေဆာက္လုပ္ျခင္းၿပီးစီးေၾကာင္း စိစစ္ေတြ႔ရွိပါက အဆုိပါ အေဆာက္အအုံတြင္ လူေနထုိင္ခြင့္ လက္မွတ္ B.C.C ကို ထုတ္ေပးမည္ျဖစ္သည္။

အကယ္၍ သတ္မွတ္ပုံစံႏွင့္ ကုိက္ညီျခင္းမရွိသည့္ အေဆာက္အအုံမ်ားျဖစ္ပါက ျပန္လည္ျပင္ဆင္ ေဆာက္လုပ္ရန္ ၫႊန္ၾကားၿပီး သတ္မွတ္ပုံစံျဖင့္ ျပင္ဆင္ေဆာက္လုပ္ၿပီးေၾကာင္း စိစစ္ရရွိမွသာ လူေနထုိင္ခြင့္ကို ခြင့္ျပဳေပးမည္ျဖစ္ပါသည္။

ယင္းအခ်က္ႏွင့္ ပတ္သက္္၍ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ-၆၁ (ဃ) တြင္ မည္သူမွ် ေကာ္မတီ၏ ခြင့္ျပဳထားသည့္ အေဆာက္အအုံပုံစံႏွင့္ ကြဲလြဲျခားနားသည့္ အေဆာက္အအုံကို ေဆာက္ လုပ္ျခင္းမျပဳရဟုလည္းေကာင္း၊ ပုဒ္မ ၆၁ (င) တြင္ မည္သူမွ် ေဆာက္လုပ္ၿပီးေသာ အေဆာက္အအုံတစ္ခုတြင္ ျဖစ္ေစ၊ ယင္းအေဆာက္အအုံ၏ အစိတ္အပုိင္းတစ္ခုတြင္ျဖစ္ေစ၊ ေကာ္မတီ၏ ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ေန ထုိင္ျခင္း၊ အသုံးျပဳျခင္းမျပဳရဟုလည္းေကာင္း တားျမစ္ျပ႒ာန္းထားပါသည္။

ထုိ႔ေၾကာင့္ လူေနထုိင္ခြင့္ လက္ မွတ္မရရွိဘဲ အေဆာက္အအုံအတြင္း ဝင္ေရာက္ေနထုိင္ခြင့္ရွိမည္ မဟုတ္ပါ။

ျပစ္ဒဏ္ပုိင္း

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒပုဒ္မ (၆၈) မွာ မည္သူမဆုိ ဤဥပေဒပါတားျမစ္ခ်က္ တစ္ရပ္ရပ္ကုိ ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း သို႔မဟုတ္ လုိက္နာရန္ ပ်က္ကြက္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ ျခင္းခံရလွ်င္ ထုိသူကုိ ေထာင္ဒဏ္ တစ္ႏွစ္အထိျဖစ္ေစ၊ အနည္းဆုံးေငြဒဏ္က်ပ္တစ္ေသာင္းမွ အမ်ားဆုံး ေငြဒဏ္က်ပ္ငါးသိန္းအထိျဖစ္ေစ၊ အနည္းဆုံးေငြဒဏ္က်ပ္တစ္ေသာင္းမွ အမ်ားဆုံးေငြဒဏ္က်ပ္ ငါးသိန္းအထိျဖစ္ေစ၊ ဒဏ္ေငြႏွစ္ရပ္လုံးျဖစ္ေစ၊ ခ် မွတ္ရမည္ဟု ျပ႒ာန္းထားပါသည္။

အကယ္၍ ဥပေဒပုဒ္မ ၆၈ အရ ျပစ္ဒဏ္ခ်ခံရသူသည္ အဆုိပါ ဥပေဒျပ႒ာန္းခ်က္ကို ဆက္လက္ ေဖာက္ဖ်က္က်ဴးလြန္ေနလွ်င္ သုိ႔မဟုတ္ လုိက္နာရန္ ပ်က္ကြက္လွ်င္ ထုိသူကုိ ဆက္လက္ေဖာက္ဖ်က္က်ဴး လြန္ျခင္း သို႔မဟုတ္ ပ်က္ကြက္ျခင္း ျပဳသည့္ေန႔မွစ၍ ေန႔အသီးသီးတြင္ တစ္ေန႔လွ်င္ အနည္းဆုံးေငြဒဏ္က်ပ္ တစ္ေသာင္းမွ အမ်ားဆုံး ေငြဒဏ္က်ပ္ငါးေသာင္းအထိျဖစ္ေစ၊ ေထာင္ဒဏ္တစ္ႏွစ္အထိျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္းထားပါသည္။

ထုိ႔ေၾကာင့္ လူေနထုိင္ခြင့္မရရွိဘဲ အေဆာက္အအုံအတြင္း ဝင္ေရာက္ေနထုိင္ေၾကာင္း သိရွိပါက ဥပဒႏွင့္အညီ အေရးယူေဆာင္ရြက္ျခင္း ခံရမည္ျဖစ္သည္။

ယခုအခါအေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ B.C.C မရေသးဘဲ ေျမရွင္အပါအဝင္ တုိက္ခန္းဝယ္သူမ်ားသည္ အေဆာက္အအုံအတြင္း ဝင္ေရာက္ေနထုိင္ျခင္းမ်ားရွိေနေပသည္။ စည္ပင္သာယာမွ အေရးယူသည္ဟု မေတြ႔ရေပ။ သုိ႔ေသာ္ ေဘးပတ္ဝန္းက်င္ အိမ္နီးပါးခ်င္း အပါအဝင္ တုိင္တန္းသူရွိလွ်င္ေတာ့ စည္ပင္မွ အေရးယူသည္ဟု သိရပါသည္။

လူေနထုိင္ခြင့္ B.C.C မည္သုိ႔ ေလွ်ာက္ထားမည္နည္း

လူေနထုိင္ခြင့္ B.C.C ရရန္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသုိ႔ လုပ္ငန္းၿပီးစီးေၾကာင္း တင္ျပေလွ်ာက္ထားရာတြင္ ေအာက္ပါအခ်က္အလက္မ်ား ပူးတြဲပါရွိရန္ လုိအပ္ေပသည္။

သက္ဆုိင္ရာ မီးသတ္ဌာန၊ ေရသန္႔ဌာန၊ လွ်ပ္စစ္ဌာန၊ အခြန္ဦးစီးဌာနတုိ႔၏ ေထာက္ခံခ်က္ပါရွိရမည္ ျဖစ္ပါသည္။

ယခုအခါ လွ်ပ္စစ္ဌာနမွ တုိက္ခန္းအလုိက္ မီတာတစ္လုံးစီတပ္ဆင္ ႏုိင္ေရးအတြက္ လူေနထုိင္ခြင့္ လက္ မွတ္ရရွိၿပီးမွသာ ခြင့္ျပဳေပးသည္မ်ားရွိလာသျဖင့္ တုိက္ခန္းဝယ္သူမ်ား ဝင္ေရာက္ေနထုိင္ရန္ အခက္အခဲရွိ လာၿပီျဖစ္သည္။

အခြန္ဦးစီးဌာနတြင္ ေပးေဆာင္ရမည့္ အခြန္သတ္မွတ္ခ်က္ႏွင့္ ပတ္သက္၍လည္း သက္ဆုိင္ရာ အခြန္ဦးစီးဌာနမွ ေအာက္ပါအတုိင္း သတ္မွတ္ထားပါသည္။

အေဆာက္အအုံ ေဆာက္လုပ္ျခင္း၊ တည္ေဆာက္ျခင္းအတြက္ အခြန္ေပးေဆာင္ရန္အလုိ႔ငွာ တန္ဖုိး စိစစ္သတ္မွတ္ေရးအဖြဲ႔ထံ ေအာက္ပါအေထာက္အထားတင္ျပေလွ်ာက္ ထားရပါသည္။

(က) ေဆာက္လုပ္ခြင့္ အမိန္႔ (မူရင္း + မိတၱဴ)

(ခ) ေဆာက္လုပ္မႈပုံစံ B.Q

(မူရင္း + မိတၱဴ)

(ဂ) အေဆာက္အအုံအတုိင္းအ တာႏွင့္ ခန္႔မွန္းကုန္က်စရိတ္ တြက္ခ်က္မႈ စာရင္း

(ဃ) အေဆာက္အအုံဓာတ္ပုံ

(ေရွ႕၊ ဘယ္၊ ညာ) တစ္စုံ

(င) ေလွ်ာက္ထားသူ၊ ေျမရွင္၏ မွတ္ပုံတင္ အိမ္ေထာင္စုစာရင္း (မူရင္း + မိတၱဴ)

(စ) ကုိယ္တုိင္ျဖစ္ေစ၊ ကုိယ္စား လွယ္စာရသူကျဖစ္ေစ ေလွ်ာက္ထားႏုိင္သည္ဟု သတ္မွတ္ထားပါသည္။

ထုိ႔ျပင္ အဆုိပါ အေထာက္အထားမ်ားသည္ ကာလတန္ဖုိး စိစစ္သတ္မွတ္ေရး အဖြဲ႔သို႔ အမွန္အကန္ တင္ျပျခင္းျဖစ္ၿပီး လိမ္လည္တင္ျပေၾကာင္း စိစစ္ေတြ႔ရွိပါက ဥပေဒအရ အေရးယူေဆာင္ရြက္ျခင္းကို ခံယူမည္ဟု ကုိယ္တုိင္ဝန္ခံလက္မွတ္ထုိး ရမည္ျဖစ္သည္။

ၾကန္႔ၾကာရသည့္ အေျခအေနမ်ား

အခ်ဳိ႕တုိက္ခန္းမ်ားမွာ ကန္ထ႐ုိက္တာမ်ားအေနျဖင့္ ရင္းႏွီးေငြျပတ္သြားသျဖင့္ အေဆာက္အအုံအတြင္းပုိင္းကုိ မြမ္းမံႏုိင္ျခင္းမရွိဘဲ ရပ္ဆုိင္းသြားသည့္ အေျခအေနမ်ား ရွိတတ္ သည္။

ထုိ႔ျပင္ သက္ဆုိင္ရာ အခြန္ဦးစီးဌာနမွ အခြန္စည္းၾကပ္မည့္ေငြမ်ား မေပးသြင္းႏုိင္ေသး၍ ရပ္ဆုိင္းသြားသည္လည္း ရွိေပသည္။

မည္သုိ႔ပင္ျဖစ္ေစ နည္းဥပေဒ အပုိဒ္ (၂၅) တြင္ ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီသည္ ခြင့္ျပဳခ်က္ျဖင့္ ေဆာက္လုပ္ေနေသာ အေဆာက္အအုံတစ္ခုႏွင့္ စပ္လ်ဥ္း၍ ငါးႏွစ္အတြင္းၿပီးစီးေအာင္ ေဆာင္လုပ္ျခင္းမရွိေၾကာင္း စိစစ္ေတြ႔ရွိပါက သက္ဆုိင္ရာေဆာက္လုပ္ခြင့္ရသူအား ေခၚယူညိႇႏႈိင္း၍ ၿပီးစီးေအာင္ေဆာက္လုပ္ရန္ ၫႊန္ၾကားႏုိင္ သည္ဟု ျပ႒ာန္းထားပါသည္။

ထုိ႔ေၾကာင့္ ဥပေဒအရဆုိလွ်င္ လူေနထုိင္ခြင့္ B.C.C မက်ပါက သက္ဆုိင္ရာ တုိက္ခန္းအေဆာက္အအုံတြင္ ဝင္ေရာက္ေနထုိင္ခြင့္မရွိပါေၾကာင္း အႀကံျပဳေရးသားလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09- 268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

''လူနေထိုင်ခွင့် B.C.C မကျသေးတဲ့ တိုက်ခန်းမှာဝင်နေရင် ပြဿနာဖြစ်နိုင်သလား။ ဘယ်လိုဆောင်ရွက်ရမလဲ''ဟု မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးသဖြင့် ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

ဥပဒေအရ တားမြစ်ချက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားတဲ့ နည်းဥပဒေမှာ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီသို့စာ ဖြင့် တင်ပြလျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ကော်မတီမှ အဆောက်အအုံပြီးစီးကြောင်း တင်ပြချက်ကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)အား သက်ဆိုင်ရာ အဆောက်အအုံကို စစ်ဆေး၍ ရက်ပေါင်း ၃ဝ အတွင်း တင်ပြရန်ညွှန်ကြားရပါမည်။

ကော်မတီမှ အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်၍ ဆောက်လုပ်ခြင်းပြီးစီးကြောင်း စိစစ်တွေ့ရှိပါက အဆိုပါ အဆောက်အအုံတွင် လူနေထိုင်ခွင့် လက်မှတ် B.C.C ကို ထုတ်ပေးမည်ဖြစ်သည်။

အကယ်၍ သတ်မှတ်ပုံစံနှင့် ကိုက်ညီခြင်းမရှိသည့် အဆောက်အအုံများဖြစ်ပါက ပြန်လည်ပြင်ဆင် ဆောက်လုပ်ရန် ညွှန်ကြားပြီး သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောက်လုပ်ပြီးကြောင်း စိစစ်ရရှိမှသာ လူနေထိုင်ခွင့်ကို ခွင့်ပြုပေးမည်ဖြစ်ပါသည်။

ယင်းအချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက် လုပ်ခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ ၆၁ (င) တွင် မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင် ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေ ထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် လူနေထိုင်ခွင့် လက် မှတ်မရရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ခွင့်ရှိမည် မဟုတ်ပါ။

ပြစ်ဒဏ်ပိုင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ (၆၈) မှာ မည်သူမဆို ဤဥပဒေပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ်ကျပ်ငါးသိန်းအထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ် ငါးသိန်းအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ၊ ချ မှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

အကယ်၍ ဥပဒေပုဒ်မ ၆၈ အရ ပြစ်ဒဏ်ချခံရသူသည် အဆိုပါ ဥပဒေပြဋ္ဌာန်းချက်ကို ဆက်လက် ဖောက်ဖျက်ကျူးလွန်နေလျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက်ကျူး လွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်း ပြုသည့်နေ့မှစ၍ နေ့အသီးသီးတွင် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ်ကျပ် တစ်သောင်းမှ အများဆုံး ငွေဒဏ်ကျပ်ငါးသောင်းအထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် လူနေထိုင်ခွင့်မရရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ကြောင်း သိရှိပါက ဥပဒနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်သည်။

ယခုအခါအကြောင်းအမျိုးမျိုးကြောင့် B.C.C မရသေးဘဲ မြေရှင်အပါအဝင် တိုက်ခန်းဝယ်သူများသည် အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ခြင်းများရှိနေပေသည်။ စည်ပင်သာယာမှ အရေးယူသည်ဟု မတွေ့ရပေ။ သို့သော် ဘေးပတ်ဝန်းကျင် အိမ်နီးပါးချင်း အပါအဝင် တိုင်တန်းသူရှိလျှင်တော့ စည်ပင်မှ အရေးယူသည်ဟု သိရပါသည်။

လူနေထိုင်ခွင့် B.C.C မည်သို့ လျှောက်ထားမည်နည်း

လူနေထိုင်ခွင့် B.C.C ရရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လုပ်ငန်းပြီးစီးကြောင်း တင်ပြလျှောက်ထားရာတွင် အောက်ပါအချက်အလက်များ ပူးတွဲပါရှိရန် လိုအပ်ပေသည်။

သက်ဆိုင်ရာ မီးသတ်ဌာန၊ ရေသန့်ဌာန၊ လျှပ်စစ်ဌာန၊ အခွန်ဦးစီးဌာနတို့၏ ထောက်ခံချက်ပါရှိရမည် ဖြစ်ပါသည်။

ယခုအခါ လျှပ်စစ်ဌာနမှ တိုက်ခန်းအလိုက် မီတာတစ်လုံးစီတပ်ဆင် နိုင်ရေးအတွက် လူနေထိုင်ခွင့် လက် မှတ်ရရှိပြီးမှသာ ခွင့်ပြုပေးသည်များရှိလာသဖြင့် တိုက်ခန်းဝယ်သူများ ဝင်ရောက်နေထိုင်ရန် အခက်အခဲရှိ လာပြီဖြစ်သည်။

အခွန်ဦးစီးဌာနတွင် ပေးဆောင်ရမည့် အခွန်သတ်မှတ်ချက်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

အဆောက်အအုံ ဆောက်လုပ်ခြင်း၊ တည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန်အလို့ငှာ တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ထံ အောက်ပါအထောက်အထားတင်ပြလျှောက် ထားရပါသည်။

(က) ဆောက်လုပ်ခွင့် အမိန့် (မူရင်း + မိတ္တူ)

(ခ) ဆောက်လုပ်မှုပုံစံ B.Q

(မူရင်း + မိတ္တူ)

(ဂ) အဆောက်အအုံအတိုင်းအ တာနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှု စာရင်း

(ဃ) အဆောက်အအုံဓာတ်ပုံ

(ရှေ့၊ ဘယ်၊ ညာ) တစ်စုံ

(င) လျှောက်ထားသူ၊ မြေရှင်၏ မှတ်ပုံတင် အိမ်ထောင်စုစာရင်း (မူရင်း + မိတ္တူ)

(စ) ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စား လှယ်စာရသူကဖြစ်စေ လျှောက်ထားနိုင်သည်ဟု သတ်မှတ်ထားပါသည်။

ထို့ပြင် အဆိုပါ အထောက်အထားများသည် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့သို့ အမှန်အကန် တင်ပြခြင်းဖြစ်ပြီး လိမ်လည်တင်ပြကြောင်း စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို ခံယူမည်ဟု ကိုယ်တိုင်ဝန်ခံလက်မှတ်ထိုး ရမည်ဖြစ်သည်။

ကြန့်ကြာရသည့် အခြေအနေများ

အချို့တိုက်ခန်းများမှာ ကန်ထရိုက်တာများအနေဖြင့် ရင်းနှီးငွေပြတ်သွားသဖြင့် အဆောက်အအုံအတွင်းပိုင်းကို မွမ်းမံနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းသွားသည့် အခြေအနေများ ရှိတတ် သည်။

ထို့ပြင် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ အခွန်စည်းကြပ်မည့်ငွေများ မပေးသွင်းနိုင်သေး၍ ရပ်ဆိုင်းသွားသည်လည်း ရှိပေသည်။

မည်သို့ပင်ဖြစ်စေ နည်းဥပဒေ အပိုဒ် (၂၅) တွင် မြို့တော်စည်ပင် သာယာရေးကော်မတီသည် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေသော အဆောက်အအုံတစ်ခုနှင့် စပ်လျဉ်း၍ ငါးနှစ်အတွင်းပြီးစီးအောင် ဆောင်လုပ်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဆောက်လုပ်ခွင့်ရသူအား ခေါ်ယူညှိနှိုင်း၍ ပြီးစီးအောင်ဆောက်လုပ်ရန် ညွှန်ကြားနိုင် သည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် ဥပဒေအရဆိုလျှင် လူနေထိုင်ခွင့် B.C.C မကျပါက သက်ဆိုင်ရာ တိုက်ခန်းအဆောက်အအုံတွင် ဝင်ရောက်နေထိုင်ခွင့်မရှိပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service