လယ်ယာမြေ အများကြီးဝယ်ထားသူများအခြားနည်းအသုံးပြုခွင့် အမြန်မရချင်ဘူးလား

လယ်ယာမြေ အများကြီးဝယ်ထားသူများအခြားနည်းအသုံးပြုခွင့် အမြန်မရချင်ဘူးလား - Property Knowledge in Myanmar from iMyanmarHouse.com
20 Jun 2019 1:10 pm တွင် တင်ခဲ့သည်
3531 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

၂၀၀၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပေါ်ထွက်လာပြီး နောက်ပိုင်းမှာ အိမ်ခြံမြေ တိုက်ခန်း အရောင်းအ၀ယ်များနည်းတူ လယ်ယာ မြေအရောင်းအ၀ယ်တွေဟာလည်း မြန်မာ ပြည်အနှံမှာ ဈေးကောင်းရလို့ အပြိုင်အဆိုင်ရောင်းဝယ်လုပ်ကိုင်နေကြတာ ကိုတွေ့ရပါတယ်။

လယ်ယာမြေ အရောင်းအ၀ယ် အကောင်းဆုံးနေရာတွေကို လေ့လာ ကြည့်တဲ့အခါ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လမ်းမကြီး ၀ဲယာတစ်လျှောက်နဲ့ လမ်းမ ကြီးဘေးမှာရှိတဲ့ ကျေးရွာတွေနဲ့ နိုင်ငံ တော်အစိုးရက စီမံကိန်းရေးဆွဲထားတဲ့ နယ်မြေ ပတ်ဝန်းကျင်တွေမှာ တွေ့ရပါတယ်။

မြေကွက်ကျယ်ကျယ်၊ ဧကများများ ပိုင်ဆိုင်ပြီး စီးပွားရေးလုပ်ငန်းတွက် ချေကိုက်မယ်လို့ ခန့်မှန်းထားတဲ့ လုပ်ငန်းရှင်တွေဟာ လယ်ယာမြေတွေ ကိုယ်ပိုင် စီးပွားရေးလုပ်နိုင်ရန် အခြားနည်းလျှောက် ထားကြသူ အများအပြားရှိတယ်လို့ သိရပါတယ်။ အဆင့်ဆင့်ဆောင်ရွက်ရတာ တွေကြောင့် နှောင့်နှေးကြန့်ကြာမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ ယခုအခါ ဒီလိုမဖြစ်တော့ဘဲ တစ်ပြေးညီဆောင်ရွက် နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပြီဖြစ်လို့ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လေ့လာတင်ပြလိုက်ပါ တယ်။

တပြေးညီဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ထွက်

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေနဲ့ နေပြည်တော်ကောင်စီ အပါအ၀င် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စရပ်နှင့်ပတ်သက်ပြီး နိုင်ငံနှင့်တစ်ဝန်း ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြခြင်း အပေါ် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေ ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ သဘောတူအကြောင်းကြားချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းကပင် ညွှန် ကြားချက်အသစ်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အမှုပွဲစားနဲ့ ၀န်ထမ်းများ မသမာမှုတွေ ကြောင့် လယ်ယာမြေအခြားနည်းလျှောက်ရာမှာ ငွေကြေးအကုန်အကျများ

အချို့သော တိုင်းဒေသကြီး ပြည်နယ်များမှာဆိုရင် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ကိစ်္စရပ်အတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်ပြုလုပ် ဖို့ တစ်ကြိမ်၊ လုပ်ငန်းစာတွဲတည်ဆောက် ခြင်းအတွက် တစ်ကြိမ်၊ စုစုပေါင်းနှစ် ကြိမ်တင်ပြနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းဆောင်ရွက်လိုတဲ့ ကာယကံရှင်များအဖို့ မလိုအပ်သော အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရတာကို တွေ့ရပါတယ်။ အဲဒီလို ကြန့်ကြာမှုတွေ ကြောင့် ပြည်သူလူထုအနေနဲ့ ဌာနအပေါ် အထင်အမြင်လွဲမှားတတ်ကြတယ်။ အဲဒီ လို အဆင့်ဆင့် နှစ်ကြိမ်တိုင်အောင် အထက်အောက် တင်ပြရမှုတွေကြောင့် ဆောင်ရွက်ရသည့် အဆင့်အပေါ်မူတည် ပြီး မသမာသော ၀န်ထမ်းများအနေနဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုကာ “အဂတိ လိုက်စားမှု”များ ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့အပြင် ရုံးဌာန၊ အဖွဲ့အစည်း များသို့ ကိုယ်တိုင်မသွားရောက်နိုင်သောသူများအနေနဲ့ အမှုပွဲစားများကို အားကိုးကြရ ပြန်တယ်။ ဒါကြောင့် ငွေကြေးပိုမို ကုန်ကျရခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

လယ်ယာမြေအခြားနည်းသုံးစွဲခွင့် တစ် ကြိမ်တည်းနဲ့ ရဖို့အတွက် သက်ဆိုင်ရာအစိုးရထံမှ ခွင့်ပြုချက်ရ

အထက်ပါဆိုးကျိုးများကို ရှောင် ရှားနိုင်ဖို့အတွက် ယခုအခါ လယ်ယာ မြေကို အခြားနည်းအသုံးပြုခွင့်လျှောက် ထားတဲ့ကိစ်္စရပ်တွေနဲ့ ပတ်သက်ပြီး မြေ စာရင်းပုံစံ (၁၀၅)နဲ့ သက်သေခံမြေပုံ မြေစာရင်းပုံစံ (၁၀၆)တို့ကို မြေရာဇ၀င် ရေးကူးပြီးရင် သက်ဆိုင်ရာလယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ရေးကူးစေပြီးနောက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတမ်း ဖြင့် ပူးတွဲပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ တစ်ကြိမ်တည်း စိစစ်ခွင့်ပြုဖို့နဲ့ လုပ်ငန်း ကို တစ်နိုင်ငံလုံး တစ်ပြေးညီ ကျင့်သုံး ဆောင်ရွက်နိုင်စေရေးအတွက် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို တင်ပြသည့်အတိုင်း ဆောင်ရွက်ရန် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခြားနည်းအသုံးပြုခွင့်ရဖို့ မြို့နယ်မှ တိုင်းအထိ အဆင့်ဆင့်ခွင့်ပြုချက်ရဖို့ လိုအပ်

ဒါကြောင့် လယ်ယာမြေကို အခြားနည်းအသုံးပြုလိုသူများအနေနဲ့ ယခင်ကလို နှောင့်နှေးကြန့်ကြာခြင်းမရှိ တော့ဘဲ သက်ဆိုင်ရာ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှာ မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူး ပြီး လယ်ယာမြေဥပဒေပုဒ်မ ၂၉/၃၀(က)/ ၃၀(ခ)အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်ရန် သာ လိုအပ်ပါတယ်။

ဒါပေမဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး၊ ပြည်နယ်တို့က အဆင့်ဆင့်ထောက်ခံချက်ပါရပါမယ်။ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အခြားလယ်ယာမြေဖြစ်နေပါက နေပြည် တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူရန် လိုအပ်တယ်လို့ သိရပါတယ်။

အခြားနည်းအသုံးပြုခွင့်ရဖို့ အချက်(၁၁) ခု တင်ပြရန်လို

လယ်ယာမြေဥပဒေပုဒ်မ ၂၉/ ၃၀(က)/၃၀(ခ)အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်တဲ့အခါမှာ လျှောက်ထားသူများ အနေနဲ့ အောက်ပါစာရွက်စာတမ်း အထောက်အထားများကို ပြည့်စုံစွာ ပူးတွဲ တင်ပြရန် လိုအပ်ပါတယ်။ [က] လယ် ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်လွှာပုံစံ-၁၄၊ [ခ] မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊ [ဂ] ပတ်ဝန်းကျင်ပြမြေပုံ၊ [ဃ] မြေတည်ရှိရာ အခြေပြမြေပုံ (Loca-tion Map)၊ [င] ဆိုက်ပလင် ( Site Plan)၊ [စ] ဓာတ်ပုံမှတ်တမ်းများ၊ [ဆ] လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် [ပုံစံ-၇] မိတ္တူ [ဇ] ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ထောက်ခံချက်၊ [ဈ] ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊ [ည] လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ)တို့ကို ပူးတွဲတင်ပြရပါမယ်။

လယ်မြေမဟုတ်တဲ့ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရဖို့ နေပြည်တော်/ တိုင်းနှင့် ပြည်နယ်ကသာ ခွင့်ပြုမိန့်ပေး

လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားသည့် ကိစ္စရပ် များအနက် “လယ်မြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅)”ကို ရရှိ ဖို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အထိ လုပ်ငန်းစာတွဲပေးပို့တင်ပြ ကြရမည်ဖြစ်ပါတယ်။ လယ်မြေ မဟုတ်သော အခြားလယ်ယာမြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅-က)ကို တော့ နေပြည်တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များကသာ ထုတ်ပေးပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ယခုအခါ အချို့သော တိုင်းဒေသကြီးအစိုးရအဖွဲ့ (ဥပမာ ရန်ကုန် တိုင်းဒေသကြီး)များက လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားမှု ကို တားမြစ်ပိတ်ပင်လိုက်ပြီဟု ကြားသိ ရပါတယ်။

အချုပ်ဆိုသော် လယ်ယာမြေ ကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားလိုသော လူပုဂ်္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းများအနေနဲ့ လယ်မြေဖြစ် စေ၊ လယ်မြေမဟုတ်သော အခြားလယ် ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ယခင်ကထက် ပိုမို အဆင်ပြေချောမွေ့လွယ်ကူလာနိုင်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါး လိုက်ရပါတယ်။

ရှာဖွေလေ တွေ့ရှိလေမို့ ရှာဖွေဖို့ မမေ့ကြစို့

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service