သေခါနီးပေးကမ်းထားသည့်အိမ်မြေကို ၀ယ်မည်ဆိုလျှင်

သေခါနီးပေးကမ်းထားသည့်အိမ်မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
18 Jun 2019 12:16 pm တွင် တင်ခဲ့သည်
1488 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သေခါနီးပေးကမ်း ခြင်းဆိုတာရှိပါသလားဟု စာရေးသူ၏မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

““မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ ပေးကမ်းခြင်းပြု တယ်ဆိုတာ ပစ္စည်းပိုင်ဆိုင်သူက အဖိုးစားနားမယူဘဲ မေတ္တာ နဲ့ ပေးကမ်းခြင်းဖြစ်တယ်။ ပေးသူနဲ့ လက်ခံသူနှစ်ဦးလုံး သက် ရှိထင်ရှားရှိဖို့ လိုတယ်။ ပေးသူက ကျန်းမာပြီး သတိကောင်းစွာ ရှိရမှာဖြစ်တယ်လို့ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ ၁၂၂ မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်””

““ပေးကမ်းခြင်းပြုရာမှာ စာချုပ်စာတမ်း မှတ်ပုံတင် ပြုလုပ်မှ တရားဝင်တယ်မဟုတ်လား””

““မှန်ပါတယ်။ သက်သေနှစ်ဦးနဲ့အတူ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆိုရမှာဖြစ်ပါ တယ်””

““တစ်ခါတစ်ရံမှာ မှတ်ပုံတင်အပေးစာချုပ်တွေကို ဥပဒေနဲ့အညီတရားဝင်အတည်မဖြစ်ဘူးဆိုပြီး တရားစွဲဆိုတာ တွေရှိတယ် မဟုတ်လား””

““ရှိပါတယ်။ အထူးသဖြင့် မကြာမကြာဖြစ်လေ့ရှိတာက မိဘတွေအနေနဲ့ အမွေပစ္စည်းအားလုံးကို သားသမီးတစ်ဦးတည်းကို ပေးကမ်းတဲ့ကိစ္စတွေဖြစ်တယ်””

““မိဘများ ကွယ်လွန်ချိန်မှာ အမွေဆက်ခံခွင့်မရှိ ဖြစ်နေတဲ့ သားသမီးတွေက အပေးစာချုပ်ပယ်ဖျက်ပေးဖို့ တရားရုံးမှာ တရားစွဲဆိုကြတယ်လို့တော့ ကြားသိနေရပါတယ်””

““ဟုတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးဥပဒေနဲ့ မညီညွတ်တဲ့ မှတ်ပုံတင်အပေးစာချုပ်တွေကိုလည်းပယ်ဖျက်ပိုင်ခွင့်ရှိပါတယ်””

““ကျွန်တော် မြေနဲ့အိမ်ကိုဝယ်ဖို့ စရန်ငွေပေးပြီးမှ ရောင်းသူရထားတဲ့ အပေးစာချုပ်က တရားမ၀င်ဘူးဆိုပြီး ကန့်ကွက်သူပေါ်လာလို့””

““ကန့်ကွက်သူက ဘယ်လိုတော်စပ်သလဲ””

““ကန့်ကွက်သူက ဦးလေးနဲ့အဒေါ် ဖြစ်နေတယ်””

““ဒါဆိုရင် မြေအမည်ပေါက်ပြောင်းပြီးပြီလား””

““မြေအမည်ပေါက်တော့ မပြောင်းရသေးဘူး။ ဒါပေမယ့် အဘိုးဖြစ်သူက မြေးဖြစ်သူကို အပေးစာချုပ်နဲ့ ပေးထားတာ၊ မှတ်ပုံတင်စာချုပ်ရှိတယ်””

““မတ်ပုံတင်စာချုပ်နဲ့ အပေးစာချုပ်ဆိုတော့ သူငယ်ချင်းတို့ကလည်း အငြင်းပွားစရာမရှိတော့ဘူးပေါ့””

““မှန်ပါတယ်။ ပိုင်ဆိုင်မှုရှင်းတယ်ဆိုပြီး ၀ယ်လိုက်တာပဲ။ သတင်းစာထဲထည့်လိုက်မှ ကန့်ကွက်သူပေါ်လာတာဗျာ””

““နည်းနည်းတော့ စိတ်ညစ်သွားမှာပေါ့။ ဒါပေမယ့် အဖြေကရှိမှာပါ။ သူငယ်ချင်းပြောစကားအရဆိုရင် မြေအမည်ပေါက်က အဘိုးအမည်ပေါက်ဖြစ်နေမှာပေါ့””

““ဟုတ်ပါတယ်။ အဘိုးဖြစ်သူက မကွယ်လွန်မီအချိန် မှာ အပေးစာချုပ်ပြုလုပ်ပေးသွားတာဖြစ်တယ်””

““ကန့်ကွက်သူက အမည်ပေါက်ပိုင်ရှင်ရဲ့ သားသမီးတွေမဟုတ်လား၊ မြေးဖြစ်သူရဲ့မိဘတွေက မရှိတော့ဘူးလား””

““သားဖြစ်သူက ဖခင်ထက်စော ကွယ်လွန်သွားတော့ မြေးဖြစ်သူကို ကွယ်လွန်သွားတဲ့သားကိုယ်စားပေးသွားတဲ့ သဘောလို့ ပြောပါတယ်””

““ဥပေဒအရတော့ အမွေမမီမြေးလို့ ပြောရမှာပေါ့။ တစ်ခုရှိတာက ကျန်တဲ့သားသမီးတွေ (ကန့်ကွက်တဲ့သူတွေ) ပေါ့။ သူတို့ကို ဖခင်ကအမွေသဘောခွဲဝေပေးခဲ့တယ်ဆိုရင် တော့ ပြဿနာမရှိဘူးလို့ ပြောရမယ်””

““ကန့်ကွက်စာထဲမှာ တွေ့တာက သေခါနီးပေးကမ်းခြင်းဖြစ်လို့ တရားမ၀င်ပျက်ပြယ်တဲ့စာချုပ်လို့ ကန့်ကွက်ထားတာတွေ့ရတယ်။ ဒါကြောင့် သေခါနီးပေးကမ်းခြင်းဆိုတာ ဘယ်လိုကိစ္စမျိုးလည်း သိထားချင်လို့””

““မြန်မာဗုဒ္ဓဘာသာဝင်များအနေနဲ့ သေခါနီးဆဲဆဲ ပေးကမ်းခြင်း တရားဝင် မ၀င်နဲ့ ပတ်သက်လို့ တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ ဦးခင်မောင်ဆန်းနှင့် ဒေါ်စောယုနွယ် (ခ) ဒေါ်စောယုယုကျော်ပါ (၃)နဲ့ ဦးခင်မောင်သန်းနှင့် ဦးခင်ကျော်ညိုပါ (၃) ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၂၇ မှာ အသေးစိတ်ဖော်ပြထားတယ်””

““ဗဟုသုတအဖြစ် ပြောပြပါလားဗျာ””

““အဲဒီအမှုရဲ့ ဆုံးဖြတ်ချက်ထဲမှာ သေခါနီးဆဲဆဲပေး ကမ်းခြင်းနဲ့ပတ်သက်ပြီး ကင်းဝန်မင်းကြီးဦးကောင်းရဲ့ ၃၆ စောင်တွဲအမွေမှုခန်း ဓမ္မသတ်ကျမ်းကြီး ပုဒ်မ ၇၉မှာ သေခါ နီးဆဲဆဲ သလွန်ညောင်စောင်း (အိပ်ရာခုတင်)ထက်၌ ရှိနေစဉ် ပေးကမ်းခြင်းသည် သေခါနီးဆဲဆဲ ပေးကမ်းခြင်းဖြစ်သည် လို့ ဆိုလိုကြောင်း သုံးသပ်ထားပါတယ်။ ဒါ့အပြင် ကိုင်းစား ဓမ္မသတ်၌ အကြင်သူသည် သေခါနီးဝယ် ညောင်စောင်းထက် ၌ ကျေးကျွန်ပစ္စည်းဥစ္စာတို့ကို သူ့အားပေးသော်ပေးသည် မမည်။ အမွေဥစ္စာသာမည်ချေ၏လို့ ဖော်ပြထားကြောင်း ကိုးကားထားပါတယ်””

““ဒါဆိုရင် သေခါနီးဆဲဆဲ ပေးတဲ့အပေးစာချုပ်ဟာ တရားမ၀င်တဲ့ သဘောပေါ့””

““အဲဒီအချက်နဲ့ပတ်သက်လို့ အဲဒီစီရင်ထုံးမှာ အသေး စိတ်ဖော်ပြထားပါတယ်။ သေခါနီးဆဲဆဲပေးကမ်းခြင်း (a death bed gift) ဖြစ်ကြောင်း ထင်ရှားစေရန်မှာပေးသူသည် အိပ်ရာ ထက်၌လဲနေပြီး နာမကျန်းဖြစ်နေကြောင်း ပစ္စည်းပေးကမ်းသည့်အချိန်တွင် ပြန်လည်ကျန်းမာလာစေရန် မျှော်လင့်ချက်မရှိဘဲ သေရမည်ကို မျှော်မှန်း၍ ပေးကမ်းခြင်းဖြစ်ကြောင်း ဆိုသည့်အချက်နှစ်ချက်ကို အဓိကဆုံးဖြတ်သုံးသပ်ရမည်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သေခါနီးဆဲဆဲ ပေးကမ်းခြင်းသည် စင်စစ်ပေးသူသည် ၎င်းင်းသေဆုံးသွားသောအခါမှ ပေးရန်ရည်ရွယ်၍ပြုလုပ်သည်ဟု မှတ်ယူကြရမည်ဖြစ်ရာ သေတမ်းစာပြုလုပ်သည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ မြန်မာ ဗုဒ္ဓဘာသာဝင်များ၌ သေတမ်းစာပြုလုပ်၍ အမွေခွဲဝေခွင့်မရှိ သောကြောင့် မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် သေခါနီးဆဲဆဲ ပေးကမ်းခြင်းသည် တရားမ၀င်လို့ ဆုံးဖြတ်ခဲ့ပါတယ်””

““အဲဒီအမှု အဖြစ်အပျက်ကို မသိနိုင်ဘူးလား””

““တိုတိုပြောရရင်တော့ ပစ္စည်းပိုင်ရှင်အဘိုးဖြစ်သူ ဦးအေးကိုက မြေးဖြစ်တဲ့ ဒေါ်စောယုနွယ်နဲ့ ဒေါ်မေသက်ကျော် ကို အပေးစာချုပ်မှတ်ပုံတင် စာချုပ်အမှတ် ၂၀၃၉/၂၀၀၆ နဲ့ (၁၄-၃-၂၀၀၆)နေ့မှာ မြေကွက်တစ်ကွက်ပေးခဲ့တယ်။ ထပ်မံပြီး မှတ်ပုံတင်အပေးစာချုပ် ၄၆၅၄/၂၀၀၆ နဲ့ (၇-၉-၂၀၀၆) မှာ အချင်းဖြစ်မြေကွက်ကို မြေးဖြစ်တဲ့ ဒေါ်စောယုနွယ်တစ်ဦးတည်းကို ပေးခဲ့တယ်။ (၁၉)ရက်အကြာမှာ ကွယ်လွန်သွားတယ်။ ဦးခင်မောင်သန်းက အပေးစာချုပ် (၂)ခုလုံးကို သေခါနီးဆဲဆဲ ပေးတဲ့စာချုပ်တွေဖြစ်လို့ ပယ်ဖျက်ပေးဖို့ တရားရုံးလျှောက်တယ်။ ရုံးတော်က (၁၄-၃-၂၀၀၆) နေ့က ချုပ်ဆိုတဲ့ မှတ်ပုံတင်အပေးစာချုပ် ၂၀၃၉/၂၀၀၆ ကို အတည်ပြုခဲ့ပြီး ဆေးရုံတွင် တက်ရောက်နေစဉ်ပြုလုပ်တဲ့ မှတ်ပုံတင်အပေး စာချုပ် ၄၆၅၄/၂၀၀၆ ဟာ ကွယ်လွန်ခါနီး ၁၉ ရက်ခန့်အလို မှာ ပြုလုပ်တဲ့ စာချုပ်ဖြစ်လို့ သေခါနီးဆဲဆဲပေးကမ်းခြင်းဖြစ်ပြီး တရားမ၀င်ပျက်ပြယ်ကြောင်း ဆုံးဖြတ်ခဲ့တယ်””

““ဒါဆိုရင် ကျွန်တော်တို့ကိစ္စမှာ အမှန်တကယ် သေခါနီးဆဲဆဲ ပေးကမ်းခြင်းဖြစ်ဖို့ လိုတာပေါ့နော်””

““မှန်ပါတယ်။ ညှိနှိုင်းလို့ အဆင်မပြေရင်တော့ အမှုအခင်းဖြစ်နိုင်တဲ့အတွက် စရန်ငွေပြန်ရရင် နောက်ဆုတ်သင့်တယ်”” လို့ အကြံပြုဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service