ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မြန်မာ- အိန္ဒိယနယ်စပ် တမူးမြို့ပေါ်၌နေ ထိုင်ကြသည့် မြေပိုင်ဆိုင်မှုမရှိသေး သော အိုးမဲ့အိမ်မဲ့ပြည်သူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့၏စီစဉ်မှုဖြင့် မြေကွက်ချထားပေး သွားမည်ဖြစ်သည့်အတွက် အောက် တိုဘာလကုန်အထိ လျှောက်ထား နိုင်ကြောင်း သိရသည်။
အဆိုပါမြေလျှောက်ထားမှုကို မူလက အောက်တိုဘာ ၁ ရက် မှ အောက်တိုဘာ ၂၀ ရက်အထိ သတ်မှတ်ပေးထားသော်လည်း အိုးအိမ်မဲ့ပြည်သူများ မြေကွက် လျှောက်ထားမှုလုပ်ငန်းများဆောင် ရွက်ရာတွင် ပိုမိုပြည့်စုံမှုရှိစေရန် နှင့် နစ်နာမှုမရှိစေရန် ယခုကဲ့သို့ အောက်တိုဘာလကုန်အထိ ရက် တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ် သည်။
""မြေကွက်လျှောက်ထားလာမှု တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြပေးမှာဖြစ်ပြီး စစ်ဆေး တဲ့နေရာမှာတော့ မြေပိုင်ဆိုင်မှုမရှိသူတွေနဲ့ လျှောက်ထားသူအနည်း အများပေါ်မူတည်ပြီး အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ။ စက်တင်ဘာလကုန်ပိုင်းက တိုင်းဒေသကြီးဝန် ကြီးချုပ်နဲ့အဖွဲ့က မြေကွက်ချထား ပေးမယ့်နေရာကို သွားကြည့်ခဲ့ပါ တယ်""ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး က ပြောကြားသည်။
မြေကွက်လျှောက်ထားလိုသူ များသည် အိမ်ထောင်စုဇယားမိတ္တူ သုံးစုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူသုံးစုံနှင့် ပတ်စ်ပို့ဓာတ်ပုံသုံး ပုံတို့ကို သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးများ၌ လျှောက်ထားနိုင် သည်။""မြေကွက်ပေးတဲ့အခါ အမှန်တကယ်အိမ်ဆောက်ပြီး နေထိုင် တဲ့သူနဲ့ မြို့မှာ အိမ်ထောင်စုဇယား နဲ့နေတဲ့ အိုးအိမ်မဲ့မိသားစုတွေကို ပေးသင့်ပါတယ်။ မြို့မ (၅) ရပ် ကွက်မှာ အိမ်ပေါင်း ၂၀ဝ ကျော် ရှိပြီး မြေပိုင်ဆိုင်မှုမရှိသူ ၂၀ ကျော် လာရောက်လျှောက်ထားပါတယ်""ဟု အမှတ် (၅) ရပ်ကွက်ရာအိမ်မှူး ဦးညွန့်ဦးက ပြောကြားသည်။
အဆိုပါအိုးအိမ်မဲ့ပြည်သူများ အား တမူးမြို့ရှောင်လမ်းရှိ လမ်း ဘေးဝဲယာမှ မြေဧက ၂၀ဝ ခန့်ကို ခွဲဝေချထားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
Credit: Democracytoday