ဒီလုပ်ငန်းက အမြတ် အစွန်းကောင်းတဲ့ လုပ်ငန်းတစ်ခုဖြစ်သလို ကုမ္ပဏီတိုင်းလိုလိုကလည်း လိုအပ်နေတဲ့ ဝန်ဆောင်မှုမျိုး ဖြစ်ပါတယ်။
အွန်လိုင်းပလက်ဖောင်းဆိုတာ အရှိုန်အဟုတ်မြင့်မားစွာနဲ့ ပြောင်းလဲတိုးတက်နေတဲ့ ကြားခံတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့တွေအများစုဟာ အချိန်တစ်ဝက်လောက်ကို ဒီပေါ်မှာ ကုန်းဆုံးနေကြတယ်လို့ ပြောမယ်ဆိုရင် တောင် လူတိုင်းနီးပါး လက်ခံနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် လူစိတ်ဝင်စားမှုများနေတဲ့ အွန်းလိုင်းပေါ်ကနေ ဉာဏ်စွမ်းရှိရင်ရှိသလို အကျိုးအမြတ် လည်း များစွာရှာဖွေနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လတ်တလော အားဖြင့် ဘယ်လိုလုပ်ငန်းမျိုးတွေနဲ့ ရှာဖွေနိုင်မလဲ ဆိုတာ အောက်မှာ အမျိုးအစား (၄) ခုကို ဖော်ပြပေးထား ပါတယ်။
(၁) အွန်လိုင်းဘလော့
ဘလော့တွေတည်ထောင်တာကလည်း ဝင်ငွေရနိုင်တဲ့ အလုပ်တစ်ခုပဲဆိုတာ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မသိ ကြသေးပါ ဘူး။ တကယ်တမ်းကျတော့ ဘလော့တည်ထောင်ခြင်းဖြင့်လည်း ရပ်တည်လို့ရနိုင်ပါတယ်။ ဘလော့ တစ်ခုတည်ထောင် တော့မယ်ဆိုရင် အကြံပြုချင်တာကတော့ စာရေးဆရာကောင်းကောင်းတစ်ယောက်လောက် ရှာပါ။ လူမှုကွန်ရက်ရဲ့ လုပ်နည်း ကိုင်နည်းတွေကို လေ့လာသင်ယူပါ။ ပြီးရင်တော့ စီးပွားရေးဘလော့လေးကို စတင်ဆောင်ရွက်လို့ရပါပြီ။ သင့်ရဲ့ ဆိုက်ပေါ်မှာ သိပ်ကောင်းတဲ့ content တွေရှိနေမယ်ဆိုရင် super hit ဖြစ်မှာ သေချာပါတယ်။
(၂) အွန်လိုင်းစတိုး
အွန်လိုင်းစတိုးလည်းပဲ စတင်လုပ်ကိုင်နိုင်ပါတယ်။ Amazon တို့လိုပဲ အွန်လိုင်းကို အသုံးပြုပြီးတော့ စီးပွားရေး စတင်လို့ ရပါတယ်။ ယနေ့လို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ အွန်လိုင်းအသုံးပြုမှုဟာလည်း သိပ်ကို များပြားလာတာကို တွေ့ရပါတယ်။ စွန့်ဦးတီထွင်သူတော်တော်များများဟာ အွန်လိုင်းပေါ်မှာ အရောင်းဝက်ဘ် ဆိုက်တွေနဲ့ စတင်ခဲ့ကြတာ များပါတယ်။ နောက်မှသာ ချဲ့ထွင်ခဲ့ကြတာပါ။
(၃) အွန်လိုင်း လမ်းညွှန်သင်တန်း
online courses တွေဟာ အချိန်ကုန် လူပန်းသက်သာတော့ လူတော်တော်များများက စိတ်ဝင်စားကြတယ်။ အန္ဒိယဘက်မှာ ဆိုရင် e-learning နဲ့ပတ်သက်လို့ တော်တော်ခေတ်ထနေတယ်။ နိုင်ငံတကာမှာလည်း အခုဆို တော်တော်များလာတာကို တွေ့ရတယ်။ ဒါပေမဲ့ ပညာရေးပိုင်းကိုတော့ ကျောင်းမှာလို လုံးဝအပြည့်အစုံကြီး တော့လည်း ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။
(၄) အွန်လိုင်းဈေးကွက်ဖော်ဆောင်မှုနဲ့ ကြော်ငြာလုပ်ငန်း
အွန်လိုင်းဝန်ဆောင်မှု အတော်များများရှိနေတယ်ဆိုရင်လည်း မတူညီတဲ့ လမ်းကြောင်းတစ်မျိုးနဲ့ ဖန်တီးပြီး လျှောက်ဖို့လိုပါ တယ်။ ဒါ့ကြောင့် အွန်လိုင်းကြော်ငြာလုပ်ငန်းနဲ့ marketing ဝန်ဆောင်မှုကို လုပ်ကိုင်လို့ ရနိုင်ပါတယ်။ ဒီလုပ်ငန်းက အမြတ် အစွန်းကောင်းတဲ့ လုပ်ငန်းတစ်ခုဖြစ်သလို ကုမ္ပဏီတိုင်းလိုလိုကလည်း လိုအပ်နေတဲ့ ဝန်ဆောင်မှုမျိုးဖြစ်ပါတယ်။
Credit: Duwun