ဘ၀ မှာ လူတွေ ဟာ အောင်မြင်သူတွေ ကို အားကျကြတယ်၊ လွယ်လွယ် နဲ့ ရလာတယ် ဘဲ ထင်တတ်ကြ တာ များပါတယ်၊ တကယ်တော့ ဘယ်အရာ မှ အလကား မရပါဘူး ၊ သူ့နေရာ နဲ့ သူ ထိုက်သင့်တဲ့ ပေးဆပ်မှု ကိုတော့ ပြုခဲ့ရတာပါ။
ကဲ - ပြောပြတော့မယ်နော် ၊ တစ်ခါ က ပန်းပု ဆရာကြီး တစ်ယောက် ရှိပါသတဲ့၊ သူ့ဆီ ကို သစ်သားတုံး နှစ်တုံးရောက် လာတယ် ၊ သစ်သားတုံး နှစ်တုံး အနက် ပထမ သစ်သားတုံး ကို ပန်းပု ဆရာကြီးက ဆူး၊ဆောက် လက်နက်တွေ နဲ့ ပန်းပုထု တဲ့ အချိန်မှာ အဲဒီ သစ်သားတုံး က ရှုံ့မဲ့ ပြီး......
" နာ တယ် နာ တယ် တော်ပါတော့ " ဆိုပြီး ထအော်တယ် ၊ ပန်းပု ဆရာ လည်း စဉ်းစား လိုက်တယ် ၊ ဒီကောင် အနာ မခံ နိုင်တဲ့ အကောင်ဘဲ ၊ ဒါကြောင့် လွယ်လွယ်လေးဘဲ မောင်းတုံး အဖြစ် ထုပေးလိုက် တယ်၊
နောက် သစ်သားတုံး ကို ပန်းပု ထုတော့ ဒုတိယ သစ်သားတုံး က နာပေမယ့် ကြိတ် မှိတ် သည်းညည်းခံ တယ်၊ ဒါကြောင့် ပန်းပု ဆရာကြီး က ဒုတိယ သစ်သားတုံး ကို ဘုရား ဆင်းတုတော် ဖြစ်အောင် ထုပေးလိုက်တယ်၊
အဲ ဒီလို နဲ့ မူလ သစ်သားတုံးနှစ်တုံး ဟာ တစ်တုံး က မောင်းတုံးဖြစ်သွားပြီး နောက် တစ်တုံးက ဘုရား ဆင်းတုတော်ဖြစ်သွားတယ်၊
သူတို့ဟာ ဘုရားကျောင်း တစ်ကျောင်း ကိုရောက်သွားတယ် ၊ လူတွေ က မောင်းတုံး ကို ခေါက်ကြတယ်။ လူလာတိုင်း မောင်းတုံးက အခေါက်ခံရတော့ နာကျင်နေတာပေါ့လေ၊
သူ့ မိတ်ဆွေ သစ်သားတုံး ကတော့ ဘုရားဆင်းတု ဖြစ်သွားတော့ လူတွေ က ဘုရား ဆင်းတုတော်ကို ပူဇော်ပသ ၊ ပန်းရေ ဆီမီး ကပ် အမွေးနံ့သာတွေ နဲ့ ပက်ဖြန်းကြတယ်၊ အဲဒါကို လူလာတိုင်း အခေါက်ခံနေရတဲ့ မောင်းတုံး က သူ့ သူငယ်ချင်း ကိုပြောတယ်၊
" သစ်သားချင်း အတူတူ ငါ့ကျတော့ အခေါက်ခံရပြီ။ မင်းကျတော့
ပူဇော်ပသ ခံရတယ် "လို့ ငို ပြီးပြော တယ်၊
အဲဒီ အခါ ဘုရား ဆင်းတုတော် က " မင်းက သည်းမှမခံဘဲ" လို့ ပြန်ပြောလိုက်တယ်၊ဘ၀မှာ တိုးတက်အောင်မြင်ချင်ရင် အနစ်နာခံရမယ် ဆိုတာပြတာပါ၊ သည်းညည်းခံပါ။
နေရိပ်ကို မရောက်ခင် နေပူကိုဖြတ်ရ စမြဲဘဲလေ၊ သင်ကော ဘ၀အမောတွေ ကို သည်းခံတတ်ပါ သလား။
ပညာရှာနေတဲ့ ကျောင်းသားတွေ ဆိုရင်လည်း ကိုယ်ဘာဖြစ်ချင်တာလဲ စဉ်းစားထားမှ ဖြစ်မယ်နော်၊။
Credit: သား မိုက်