ဗဟုသုတ | Posted by အေးမြတ်သူ
[Zawgyi]
ေမး။ ။ ပံုစံ(၇)၊ ပံုစံ(၁၇)နဲ႔ ပတ္သက္ၿပီး သိခ်င္ပါတယ္။ အေဆာက္အအံုေ ဆာက္လို႔ ရႏိုင္ပါသလား။ ေၿဖ။ ။ ပံုစံ(၇)ဆိုတာ လယ္ယာေၿမ လုပ္ပိုင္ခြင့္ လက္မွတ္၊ လယ္ယာေၿမပံု စံ(၇)ကို ေၿပာတာပါ။ ပံုစံ (၁၇)ဆိုတာကေတာ့ ၿမိဳ႕နယ္လယ္ယာေၿမ စီမံခန္႔ခြဲ မႈအဖြဲ႔က ထုတ္ေပးတဲ့ ရပ္ကြက္ ဒါမွမဟုတ္ ေက်းရြာ အုပ္စုအလုိက္ ေၿမႏု ကြ်န္းေၿမလုပ္ပိုင္ခြင့္ မွတ္ပံုတင္စာရင္း လက္မွတ္ကို ေၿပာတာပါ။ ဥယ်ာဥ္ေျ မ ေပ ၄၀x ေပ ၆၀ ကို အေဆာက္အအံု ေဆာက္လုပ္ႏိုင္ပါတယ္ လို႔ ေၾက ညာထားရင္ အဲသည္ေၿမဟာ ရြာေျမ ျဖစ္ပါလိမ့္မယ္။ ရြာေၿမေတြက ဂရန္မ လိုပါဘူး။ ဘိုးဘြားလက္ထက္ကတည္းက ေနလာၾကတဲ့ ေၿမမ်ိဳးၿဖစ္ပါတယ္။ ၿမိဳ႕ေၿမစာရင္းမွာ ဥယ်ာဥ္ၿခံေၿမလို႔ပဲ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ေမး။ ။ ဥယ်ာဥ္ၿခံေၿမဝယ္ရင္ တရားဝင္ၿဖစ္ေအာင္ ဘယ္လို ေဆာင္ရြက္ႏို င္သလဲ။ စည္ပင္မွာ အိမ္ေဆာက္ခြင့္ တင္လို႔ရပါသလား။ ဂရန္ေလွ်ာက္ႏိုင္ ပါသလား။ ေၿဖ။ ။ ဥယ်ာဥ္ၿခံေၿမဆိုတာ ရြာနဲ႔ဆက္စပ္ေနတဲ့ ေျမလား၊ ရြာေျမလား ဒါမွမ ဟုတ္ ဥယ်ာဥ္ၿခံေၿမပါလို႔ ၿမိဳ႕နယ္ေၾကးတိုင္ႏွင့္ ေၿမစာရင္း ဦးစီးဌာနက G အ မွတ္အသားျပၿပီး တရားဝင္ သတ္မွတ္ထားတာလား သိဖို႔လိုတယ္။ ရြာေၿမ ဒါမွမဟုတ္ရြာနဲ႔ ဆက္စပ္ေၿမတို႔ကို ဝယ္မယ္ဆိုရင္ ႏွစ္ဦးသေဘာတူ အိမ္ၿခံေ ၿမ အေရာင္းအဝယ္ ကတိစာခ်ဳပ္နဲ႔ ဝယ္လို႔ ရတယ္။ စာခ်ဳပ္ရံုးမွာ သြားၿပီး မွတ္ ပံုတင္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္လို႔မရပါဘူး။ အေၾကာင္းက တရားဝင္လႊဲေျပာင္းႏိုင္ေအာင္ ေရာင္းသူအမည္ေပါက္ ဘိုး ဘြားပိုင္ေၿမ၊ ပါမစ္ေၿမ၊ ဂရန္ေၿမ အေထာက္အထား မရွိလို႔ပါ။ လက္လႊဲ လက္ေျပာင္း ျပဳလုပ္ထားေၾကာင္း သက္ေသအေနနဲ႔ ေက်းရြာ အုပ္ခ်ဳပ္ေရး မွဴးေရွ႕မွာ ၿပဳလုပ္ထားသင့္ပါတယ္။ G အမွတ္အသားျပ ဥယ်ာဥ္ၿခံေျမကို အ မည္ေပါက္ဆီက တိုက္ရုိက္ဝယ္ရင္ေတာ့ ၿမိဳ႕နယ္ေၾကးတိုင္ႏွင့္ ေၿမစာရင္း ဦးစီးဌာနမွာ ဥယ်ာဥ္ၿခံေၿမ လုပ္ကိုင္သူ အမည္ေၿပာင္းေပးဖို႔ ေလွ်ာက္ႏိုင္ တယ္။ ဝယ္သူမွတ္ပံုတင္၊အေရာင္းအဝယ္စာခ်ဳပ္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံစာ၊ ဝယ္သူရဲ႕ အိမ္ေထာင္စုစာရင္း၊ ေနာက္ဆံုးလမွာ ေဆာင္ထားတဲ့ ဥ ယ်ာဥ္ေၿမ လုပ္ကိုင္သူအၿဖစ္ ဝယ္သူရဲ႕ အမည္နဲ႔ထြက္လာပါလိမ့္မယ္။ ၂၀၁၅ ခုႏွစ္မွာ ေလွ်ာက္ရင္ ၂၀၁၆ ခုႏွစ္မွာ ဥယ်ာဥ္ၿခံေၿမလုပ္ကိုင္သူ အၿဖစ္ဝယ္သူ ရဲ႕နာမည္နဲ႔ ထြက္လာပါလိမ့္မယ္။ စည္ပင္မွာ အိမ္ေဆာက္ခြင့္တင္လို႔ ရေ အာင္ေတာ့ မိမိဝယ္ထားတဲ့ ၿမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴးဆီမွာ တင္ၿပရမွာပါ။ ပိုင္ဆိုင္မႈ အေထာက္အထားခိုင္လံုရင္ ႏွစ္ထပ္ တိုက္ေလာက္ အထိ ခြင့္ၿပဳထားတယ္လို႔ သိရပါတယ္။ Credit : The Kumudra
[Unicode]
လယ်ယာမြေ၊ ဥယျာဉ်ခြံမြေတွေမှာ ဆောက်လုပ်ခွင့် နေထိုင်ခွင့် ရှိသလား
မေး။ ။ ပုံစံ(၇)၊ ပုံစံ(၁၇)နဲ့ ပတ်သက်ပြီး သိချင်ပါတယ်။ အဆောက်အအုံဆောက်လို့ ရနိုင်ပါသလား။ ဖြေ။ ။ ပုံစံ(၇)ဆိုတာ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်၊ လယ်ယာမြေပုံ စံ(၇)ကို ပြောတာပါ။ ပုံစံ (၁၇)ဆိုတာကတော့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ မှုအဖွဲ့က ထုတ်ပေးတဲ့ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာ အုပ်စုအလိုက် မြေနု ကျွန်းမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း လက်မှတ်ကို ပြောတာပါ။ ဥယျာဉ်မြေပေ ၄၀x ပေ ၆၀ ကို အဆောက်အအုံ ဆောက်လုပ်နိုင်ပါတယ် လို့ ကြေ ညာထားရင် အဲသည်မြေဟာ ရွာမြေ ဖြစ်ပါလိမ့်မယ်။ ရွာမြေတွေက ဂရန်မ လိုပါဘူး။ ဘိုးဘွားလက်ထက်ကတည်းက နေလာကြတဲ့ မြေမျိုးဖြစ်ပါတယ်။ မြို့မြေစာရင်းမှာ ဥယျာဉ်ခြံမြေလို့ပဲ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မေး။ ။ ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လို ဆောင်ရွက်နို င်သလဲ။ စည်ပင်မှာ အိမ်ဆောက်ခွင့် တင်လို့ရပါသလား။ ဂရန်လျှောက်နိုင် ပါသလား။ ဖြေ။ ။ ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ့ဆက်စပ်နေတဲ့ မြေလား၊ ရွာမြေလား ဒါမှမ ဟုတ် ဥယျာဉ်ခြံမြေပါလို့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနက G အ မှတ်အသားပြပြီး တရားဝင် သတ်မှတ်ထားတာလား သိဖို့လိုတယ်။ ရွာမြေ ဒါမှမဟုတ်ရွာနဲ့ ဆက်စပ်မြေတို့ကို ဝယ်မယ်ဆိုရင် နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ့ ဝယ်လို့ ရတယ်။ စာချုပ်ရုံးမှာ သွားပြီး မှတ် ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်လို့မရပါဘူး။ အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင် ရောင်းသူအမည်ပေါက် ဘိုး ဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ အထောက်အထား မရှိလို့ပါ။ လက်လွှဲ လက်ပြောင်း ပြုလုပ်ထားကြောင်း သက်သေအနေနဲ့ ကျေးရွာ အုပ်ချုပ်ရေး မှူးရှေ့မှာ ပြုလုပ်ထားသင့်ပါတယ်။ G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အ မည်ပေါက်ဆီက တိုက်ရိုက်ဝယ်ရင်တော့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှာ ဥယျာဉ်ခြံမြေ လုပ်ကိုင်သူ အမည်ပြောင်းပေးဖို့ လျှောက်နိုင် တယ်။ ဝယ်သူမှတ်ပုံတင်၊အရောင်းအဝယ်စာချုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝယ်သူရဲ့ အိမ်ထောင်စုစာရင်း၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥ ယျာဉ်မြေ လုပ်ကိုင်သူအဖြစ် ဝယ်သူရဲ့ အမည်နဲ့ထွက်လာပါလိမ့်မယ်။ ၂၀၁၅ ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ ခုနှစ်မှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူ ရဲ့နာမည်နဲ့ ထွက်လာပါလိမ့်မယ်။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို့ ရအောင်တော့ မိမိဝယ်ထားတဲ့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ တင်ပြရမှာပါ။ ပိုင်ဆိုင်မှု အထောက်အထားခိုင်လုံရင် နှစ်ထပ် တိုက်လောက် အထိ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ Credit : The Kumudra