နေအိမ်အသစ်တစ်လုံး ဝယ်ယူတော့မယ်ဆိုရင် ဘာတွေကို လိုက်လံကြည့် ရှုမလဲဆိုတဲ့ ယေဘုယျအရေးကြီးတဲ့ အစိတ် အပိုင်းတွေကိုတော့ သိပြီးသာြး ဖစ်မှာပါ။ ဘယ်လိုနေရာမျိုး ဥပမာ သွားရေးလာရေးကောင်းမွန်တဲ့ ရပ်ကွက်၊ စီးပွားရေး လုပ်ကိုင်လို့ကောင်းတဲ့ စည်ကားတဲ့ မြို့ပြတွေမှာ ရှိသလဲ။ အိမ်နီး ချင်းတွေက ဘယ်လိုပုံစံမျိုးရှိသလဲ၊ ဘယ်လိုမြေအမျိုး အစားမှာ တည်ဆော က်ထားတာလဲ။ အိမ်ရဲ့ကြံ့ခိုင်မှု ရှိရဲ့ လား။ ဈေးနှုန်းကော အဆင်ပြေရဲ့လား စသဖြင့် အရေးပါတဲ့ အချက်အလက်တွေကို အသေအချာမေးမြန်းပြီး စိတ် ကြိုက် တွေ့ပြီဆိုတော့မှ ဝယ်ယူကြတာပါ။
ဒါပေမယ့် ဒီ့အချက်တွေအပြင် အခုဖော်ပြေပေးမယ့် အချက် လေးတွေက အိမ်တစ်လုံးမဝယ်ခင်မှာ စစ်ဆေးမေးမြန်းဖို့ မ လိုလောက်ဘူးထင်တယ် ဆိုေ ပမယ့် တကယ်တမ်းမှာ အ ရမ်းကိုအရေးကြီးပြီး အမှားအယွင်း မဖြစ်စေ ရဖို့ ဂရုတစိုက်ရှိ ရမယ့် အိမ်တစ်လုံးရဲ့အရေးပါတဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါ တယ်။
၁။ အိမ်ရဲ့ ရေဆင်းပိုက်တွေကို စစ်ဆေးပါ။ စစ်ဆေးဖို့ မလို အပ်ဘူးဆိုပေ မယ့် အရမ်းကိုအရေးကြီးပါတယ်။ အထပ်မပါ တဲ့ အိမ်တွေမှာဆိုရင် သိပ်မ ခက်ခဲသော်လည်းပဲ အထပ်မြင့် နေအိမ်တွေမှာ ဆိုရင်တော့ ရေဆင်း ပိုက်ြ ပဿနာတွေဖြစ် လာပြီဆိုရင် ဖြေရှင်းရခက်ခဲသွားပါပြီ။ ကိုယ့်တစ်ခန်းထဲမ ဟုတ် ပဲ အဆောက်အအုံတစ်ခုလုံးနီးပါး ခက်ခဲသွားမှာဖြစ် ပါတယ်။
ဒီတော့ ရေဆင်းပိုက်တွေ လျောလျောရှူရှူ ရေဆင်း မဆင်းကို စစ်ဆေးပါ။ အမှိုက်တွေ တစ်ဆို့နေတာတွေ၊ ပေါက်ပြဲနေတာတွေကို မဝယ်ယူခင်က တည်းက အိမ်ရှင်ကို အသိပေးပြီး စစ်ဆေးမှုတွေပြုလုပ်ပါ။
၂။ တံခါးမကြီး၊ ပြတင်းတံခါးပေါက်တွေ အားလုံးကို စစ်ဆေး ပါ။ တံခါးေ ပါက်တွေ လုံခြုံရဲ့လား၊ ခိုင်ခံ့မှုရှိရဲ့လားစစ်ဆေးပါ။ ပြတင်းတံခါးတွေ ကျိုး ပျက်နေတာတို့၊ ပတ္တာတွေပျက်စီးနေ တာတို့ သော့ခတ်လို့ရမရ ဆိုတာေ တွကို စစ်ဆေးပါ။ နောက် ပြီး နေအိမ်ရဲ့လုံခြုံရေးအတွက် ပြတင်းတံခါးနဲ့ တံ ခါးပေါက် တွေက အလွယ်တကူဖောက်ဝင်လို့ မရနိုင်တဲ့ ခိုင်ခံ့သေချာ မှုရှိေ အာင် ဆောက်လုပ်ထားသလားဆိုတာတွေကို ဝယ်ယူ ဖို့ကြည့်ရှုစဉ်မှာပဲ စစ်ဆေးသင့်ပါတယ်။
၃။ ရေအသုံးပြုမှု ရေရရှိမှု အရင်းအမြစ်ကို စစ်ဆေးပါ။ သောက်ရေ သုံးရေဆို တာက နေအိမ်မှာ မဖြစ်မနေသုံးစွဲရ မယ့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ် ပါတယ်။ ဒီ့အတွက် ကြောင့် နေအိမ်သစ်ရဲ့ ရေရရှိသုံးစွဲမှု အနေအထားကို စစ် ဆေးပါ။ ကိုယ်ပိုင်ရေ ရရှိမှုလား။ ဒါမှမဟုတ် အခြားဆီက ဝယ်ယူရ သ လား ဆိုတာကို လေ့လာပါ။ ရေရဲ့အနေအထား ကရော ရေချိုလား၊ ရေငန် လား။ နောက်ပြီး ပေါပေါသီသီသုံး စွဲရသလား ဒါမှမဟုတ် ခွဲတမ်းနဲ့ သုံးစွဲရသ လားဆိုတဲ့ ရေအ ရင်းမြစ်နဲ့ ရရှိမှုအခြေအနေကို တိတိကျကျစစ်ဆေးသင့်ပါ တယ်။
၎။ ရေချိုးခန်း၊ အိမ်သာတွေကို မဖြစ်မနေစစ်ဆေးပါ။ နေအိမ် တစ်လုံးရဲ့ အြ ခား အိမ်ခန်းနေရာတွေကို အသုံးပြုတဲ့အခါ လွတ်လွတ်လပ်လပ် အသုံးပြု လိုက်လို့ ရပေမယ့် ရေချိုးခန်း၊ အိမ်သာတွေကျတော့ ဒီလိုအသုံးပြုလို့ အဆင် မပြေပါဘူး။ တစ်ကိုယ်ရေ အသုံးပြုရမှာဖြစ်တာကြောင့် လုံလုံခြုံခြုံရှိဖို့ နဲ့အ သုံးပြုလို့ အဆင်ပြေဖို့ လိုအပ်ပါတယ်။ အိမ်သာတွေ ရဲ့ ရေဆင်းပိုက်ေ တွ၊ ရေသွယ်တန်းရရှိမှုတွေ၊ ကြံ့ခိုင်လုံခြုံမှု တွေ စသဖြင့် ကောင်းမွန် သလား ဆိုတာကို စစ်ဆေးသင့်ပါ တယ်။
၅။ လျှပ်စစ်မီးစွမ်းအင် သွယ်တန်းရရှိမှု၊ အသုံးပြုမှုတွေကို စစ် ဆေးပါ။ ၂၄ နာရီမီးအသုံးပြုလို့ရနိုင် မရနိုင်နဲ့ မီးအား အဝင် အားကောင်း မကောင်းကို ကြိုတင်စစ်ဆေးပါ။ နောက်ပြီး အိမ်မှာ မီးဖြန့်ဝေသုံးစွဲမှုအတွက် ဘယ်လိုမျိုး စနစ်တကျသွယ် တန်းထားသလဲ။ မီးဘေးအန္တရာယ်အတွက် လုံခြုံမှုရှိရဲ့လား။ အကယ်၍ မတော်တဆဖြစ်ခဲ့ရင်ကော ဘယ်လိုကာကွယ် မှု တွေ ပြုလုပ်နိုင် သလဲဆိုတာတွေကို ကြည့်ရှုစစ်ဆေးသင့်ပါ တယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)