အခုနောက်ပိုင်း အိမ်ငှားရမ်းတဲ့အခါမှာ စပေါ်ငွေပေးပြီး တစ်လချင်းငှားတဲ့ ပုံစံတွေအပြင် နှစ်ချုပ်စနစ်တွေနဲ့ ငှားရမ်းလာတာကို တွေ့ရပါတယ်။
စပေါ်ငွေတွေနဲ့ ငှားရမ်းတဲ့အခါမှာ အိမ်ငှားက ဆက်မငှားချင်လို့ဖြစ်စေ အိမ် ရှင်က မထားချင်လို့ဖြစ်စေ ၊ တစ်လ ၊ နှစ်လ ကြိုပြောပြီးမှ ဆင်းခိုင်းကြ တာ ဖြစ်ပါတယ် ။ စပေါ်တင်ပြီး ငှားတယ်ဆိုရင် လစာကို တစ်လတစ်ခါ
ပေးနိုင်ပြီး ဆင်းမယ်ဆိုရင်လည်း စပေါ်ငွေ ပြန်လည် ရနိုင်ပါတယ် ။
နှစ်ချုပ်တွေ လချုပ်တွေနဲ့ ငှားရမ်းတာတွေက ခြောက်လချုပ် ၊ တစ်နှစ်စာ ချုပ်တွေ အပြင် နှစ်ရှည်စာချုပ် ချုပ်ဆိုပြီး ငှားရမ်းကြပါတယ် ။ နှစ်ချုပ်က စပေါ်တင်ပြီး ငှားသလို နှစ်ချုပ်စာချုပ်ပြည့်တာနဲ့ ပြောင်းရွှေ့တာကို ပြု လုပ်နိုင်သလို နေချင်သေးတယ်ဆိုရင်လည်း စာချုပ်ထပ်ချုပ်ပြီး နေထိုင်နိုင် ပါ တယ် ။ စပေါ်တင်ပြီး ဌားရမ်းတာထပ် နှစ်ချုပ်စနစ်နဲ့ ဌားရမ်းတာက ငှား သူတွေရော ပိုင်ရှင်တွေအတွက်ရော ပိုပြီးအဆင်ပြေတယ်လို့ သိရပါတယ် ။
Credit: The Modern