Interior design ဒီဇိုင်း ဆိုတာ ဘာလဲ

Interior design ဒီဇိုင်း ဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
8 Feb 2017 10:35 am တွင် တင်ခဲ့သည်
3430 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အရင်ခေတ်တွေတုန်းက Interior design တခုကို နိုင်ငံရပ်ခြား ပညာရှင်တွေဆီကနေ ငွေကြေး အမြောက်အများပေးပြီး ဝယ်ယူခဲ့ရတာပါ။ အခုကာလမှာတော့ Interior design က မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးပါလာနေတဲ့ အပြင် မြန်မာ Interior ဒီဇိုင်နာတွေလည်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။
Interior design အကြောင်း တင်ပြရရင် …၊

Interior design ကိုအိမ်အလှဆင်တာပဲလို့သိထားကြပါတယ်။
တကယ်တော့ Interior Design ဆိုတာအများထင်သလိုအိမ်အလှဆင်တာသက်သက်မဟုတ်။သူ့မှာ
လေးနက်သည့်အဓိပ္ပာယ်တွေအများကြီးရှိပါတယ်။

အိမ်အလှဆင်ဖို့ဟိုပစ္စည်းလေးရွေး၊ဟိုအိမ်သုံးပရိဘောဂလေး ရွေး၊လုပ်နေတာမျိုးက ဒီဇိုင်နာတဦး မဟုတ်သေးပါဘူး။ Home Decorator လို့ခေါ်ရမှာပါ။ သူတို့ကအိမ်ကိုအမြင်လှအောင်ဆွဲဆောင် ဖန်တီးတတ်သူပါ။

Interior designer ကတော့အိမ်တလုံးရဲ့ တည်နေရာနဲ့ ဝန်းကျင်၊ ဆောက်လုပ်ထားပုံ၊ အခန်းဖွဲ့စည်းပုံ၊ အခန်းရဲ့ အကျယ်အဝန်း၊ လေအဝင်အထွက်၊ အလင်းရရှိမှု သာမက အဲဒီ အိမ်နဲ့ အခန်းမှာ နေထိုင် အသုံးပြုမယ့် သူရဲ့ အလုပ်အကိုင်၊ ဝါသနာတွေကိုပါ ထည့်သွင်း တွက်ချက် ဖန်တီးယူရပါတယ်။

ဥပမာ – စာဖတ်ဝါသနာ ပါတဲ့ သူ အတွက် Interior Design ဖန်တီးတဲ့ အခါ သူရဲ့အိမ်လေးကစာအုပ်စာပေ ထားဖို့နေရာ၊ အခန်း၊ အလင်းရရှိမှု၊ အထူးသဖြင့် သဘာဝ အလင်းရောင် အားပြု သုံးနိုင်အောင် ဖန်တီးပေးရတဲ့ အပြင် စာဖတ်ခန်း/ စာကြည့်တိုက်လို သက်တောင့်သက်သာနဲ့ ဖြစ်အောင် ဖန်တီးရပါတယ်။

တကယ်လို့သာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အားလပ်ရက်တွေမှာ အနားယူစရာ အိမ်ကလေးမျိုး ဖန်တီးရမယ် ဆိုရင်တော့ စားသောက်စရာ ဘားခန်း၊ ချက်ပြုတ်ခန်း၊ စားသောက်ခန်း ပါတဲ့ အိမ်တွင်းဒီဇိုင်းမျိုး ဖန်တီးပေးရမှာပါ။ ပြောရရင် ကလပ်လေးတခုလို ဖြစ်ဖို့ပေါ့။

ဒါမှမဟုတ် ပန်းချီ ပန်းပု အပါအဝင် ရှေးဟောင်း ပစ္စည်းတွေ ထားသိုထိန်းသိမ်းဖို့ ဆိုရင်တော့ အဲဒီ အိမ်လေးကို အနုပညာ ဆန်ဆန် အခန်း၊ ပြတိုက်လို အခန်းလေး ဖြစ်အောင် ဒီဇိုင်းရေးဆွဲ ဖန်တီးရမှာပါ။

ဒါကြောင့် Interior Designer ဆိုတာ အလှဆင်ဖန်တီးမှု (Decoration) မဟုတ်ဘဲ နေရာ၊ အသုံးပြုသူနဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်ကို လိုက်လျောညီထွေ ဖြစ်စေဖို့ ဘက်ပေါင်းစုံကနေ
စဉ်းစားစီစဉ်ပေးရပါတယ်။ ဒီဇိုင်းရေးဆွဲရပါတယ်။

ဒီနေရာမှာ ဒီဇိုင်းဆိုတဲ့ စကားကို နည်းနည်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။ ဒီဇိုင်းဆိုတာ လိုက်လျောညီထွေ ပြေပြစ်ပြည့်စုံတဲ့ ဖန်တီးမှု၊ တနည်းအားဖြင့် အနုပညာ ဖန်တီးမှုပါ။ ပန်းချီ အနုပညာရှင်နဲ့ ဒီဇိုင်းပညာရှင် တို့ကြား မတူတဲ့ အချက်တွေ ရှိပါတယ်။ ပန်းချီဆရာက သူဖန်တီးတဲ့ ပန်းချီကား တခုကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အလေးထား နေမှာ မဟုတ်ပါဘူး။
သူ့ရဲ့ လွတ်လပ်စွာ ဖန်တီးမှုကို အလေးထားပါတယ်။ ဒါပေမယ့် ဒီဇိုင်နာတဦးမှာတော့ ဖန်တီးဖို့ အကန့်အသတ်တွေ များပြားတဲ့ အပြင် အလုပ်အပ်သူရဲ့ လိုလားချက်၊ ပတ်ဝန်းကျင် အနေအထား လိုအပ်ချက် စတဲ့ အချက်တွေကို အဘက်ဘက်က ထည့်သွင်းစဉ်းစားပြီး ဖန်တီးရပါတယ်။

Interior Designer တဦးဟာ ဗဟုသုတ ပြည့်ဝနေဖို့ လိုသလို ဒီဇိုင်းတခုဖန်တီးရာမှာအရေးကြီးတဲ့ Theme and Concept ရှိဖို့ပါ။ Concept ဆိုတာ နွှယ်ဆက် အတွေး သို့မဟုတ် ဆက်စပ်အတွေး၊ ထပ်ဆင့်ရလာတဲ့ အတွေးနဲ့ ခံစားမှုလို့ ပြောနိုင်ပါတယ်။Concept မရှိတဲ့ ဒီဇိုင်းတခုဟာ ဖရိုဖရဲ ဖြစ်နေတတ်ပါတယ်။

Credit: irrawaddy
Interior design ဒီဇိုင်း ဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
Interior design ဒီဇိုင်း ဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...

ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...

အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး

ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့

မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...

ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ

ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ

ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ

သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့

မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း

ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ

အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေက

အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့

imyanmarmarket
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service