အိမ်တွေရဲ့ အဓိကကျတဲ့ အချက်ကတော့ ဧည့်ခန်းတွေကို အလှဆင်ကြတာပဲ ဖြစ်ပါတယ်။ဧည့်ခန်းတစ်ခန်းမှာ ဆိုဖာထိုင်ခုံတွေ ရွေးချယ်တာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်လာပါတယ်။
ဆိုဖာရွေးချယ်မယ်ဆိုရင် ထိုင်ခုံသုံးခုံကနေ ငါးခုံအထိပါတဲ့ ဆိုဖာတွေကို ရွေးချယ်ပြီး စိတ်ကြိုက်ထား အလှဆင်ရမှာဖြစ်ပါတယ်။
အလှဆင်ဖို့အကောင်းဆုံးအရောင်တွေက ဆင်စွယ်ရောင်၊ ပန်းနုရောင်လို အရောင်နုနုလေးတွေ အလှဆင်သင့်ပါတယ်။
နံရံကပ်မီးတွေကို သုံးပြီး အလှဆင်တာတွေလည်း ပြုလုပ်လို့ရပါသေးတယ်။
ခေတ်ပေါ်ပုံစံတွေ ပြုလုပ်လို့ရသလို ရှေးဟောင်းပုံစံတွေနဲ့ ပြုလုပ်အလှဆင်နိုင်ပါတယ်။ခေတ်သစ်ပုံစံပြုလုပ်မယ်ဆိုရင်တော့ မီးအိမ်ဒီဇိုင်းတွေမှာ ငွေရောင်ပြောင်လက်နေတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ မီးအိမ်တွေကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။အလင်းရောင်တွေ ဖြာထွက်နေအောင်ပြုလုပ်ပြီး ခေတ်မီတဲ့ ဧည့်ခန်းတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ရှေးဟောင်းပုံစံ ပြုလုပ်ချင်တယ်ဆိုရင် ရှေးဟောင်းနာရီတွေ ၊နံရံကပ်မီးအိမ်တွေကို ခရစ္စတယ်အရောင်စုံတွေနဲ့ အသုံးပြုနိုင်ပါတယ်။
သည်လိုမျိုးပြုလုပ် အသုံးပြုမယ်ဆိုရင် သူများနဲ့မတူတဲ့ ဒီဇိုင်းတွေနဲ့ အလင်းရောင်တွေဖြာထွက်နေတာကြောင့် ပိုပြီးလည်းလှပနိုင်တယ်လို့ သိရပါတယ်။
သည်ဒီဇိုင်းတွေက ဘယ်လိုအိမ်အမျိုးအစားတွေနဲ့ မဆိုလိုက်ဖက်မှုရှိတာဖြစ်ပါတယ်။
Credit : The Modern