တရုတ်တွင် ပျမ်းမျှအိမ်ဈေးများသည် ၂၀၁၇ ခုနှစ်တွင် ၁ စတုရန်းမီတာလျှင် ၇,၄၃၅ ယွမ်
(စင်ကာပူဒေါ်လာ ၁,၅၄၄ ) သို့ ၂၀၁၆ ခုနှစ်ကထက် ၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်မည်
ဖြစ်ကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည်လည်း ၁၀ ဒသမ ၆ ထရီလျံ ယွမ် (စင်္ကာပူဒေါ်
လာ ၂ ဒသမ ၂ ထရီလျံ) သို့ ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း Reuters
သတင်းဌာနက တရုတ်နိုင်ငံပိုင်ဂျာနယ်တစ်စောင်တွင် ဖော်ပြချက်အား ကိုးကား၍
ပြန်လည်ဖော်ပြခဲ့သည်။
တရုတ်တွင် အထူးသဖြင့် မြို့ကြီးပြကြီးများ၌ အိမ်ခြံမြေဈေးနှုန်းများ တစ်ဟုန်ထိုး
မြင့်တက်ခဲ့ပြီးနောက် အိမ်ခြံမြေယာယီအလွန်ဖွံ့ဖြိုးမှုကာလနှင့်ပတ်သက်၍ စိုးရိမ်မှုများ
၂၀၁၆ ခုနှစ်က ထွက်ပေါ်ခဲ့သည်။ ထိုတစ်ဟုန်ထိုးမြင့်တက်မှုများကြောင့်လည်း
တရုတ်အာဏာပိုင်များက မြို့ကြီး ၂၄ ခုတွင် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများစွာ
ပြုလုပ်ခဲ့သည်။
"လက်ရှိကျင့်သုံးနေတဲ့ မူဝါဒတွေ မပြောင်းလဲဘူး။ ဒီအခြေအနေမှာ ယွမ်ဈေးထပ်ကျနိုင်
တာနဲ့ အမေရိကန်ဒေါ်လာဈေးထပ်တက်နိုင်တာကြောင့် ၂၀၁၇ မှာ အိမ်ဈေးတွေ
တက်ဦးမယ်လို့ လူတွေ ခန့်မှန်းနေကြရဆဲဖြစ်နေရတာပါ" ဟု Economic Daily သတင်းစာကလည်း Chinese Academy of Sciences ဂျာနယ်တွင် ဖော်ပြချက်အား ကိုးကား၍ ပြန်လည်ဖော်ပြခဲ့သည်။
သို့ရာတွင် ထိုစည်းမျဉ်းတင်းကျပ်မှုများနှင့် ငွေကြေးမူဝါဒတင်းကျပ်မှုများကြောင့်
အိမ်ခြံမြေဈေးကွက်သည် ၂၀၁၇ တွင် ဖိအားပိုမိုလျော့နည်းသွားနိုင်ကြောင်းလည်း
Chinese Academy of Sciences က ဖော်ပြခဲ့သည်။
စုစုပေါင်းအိမ်ရောင်းအားဖွံ့ဖြိုးမှုသည် ၂၀၁၇ တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျနိုင်
ကာ ဧရိယာအားဖြင့် ရောင်းအားကမူ ၁ ဒသမ ၃ ဘီလျံ စတုရန်းမီတာသို့ ၁ ဒသမ ၁
ရာခိုင်နှုန်း မဆိုစလောက်မြင့်တက်နိုင်ကြောင်းလည်း ခန့်မှန်းခဲ့သည်။
ဆောက်လုပ်မှုသစ်များအကောင်အထည်ဖော်စတင်မှုကလည်း ၂၀၁၇ တွင် ၆ ဒသမ ၂
ရာခိုင်နှုန်းမြင့်တက်ပြိး ၁ ဒသမ ၇၈ ဘီလျံ စတုရန်းမီတာသို့ မြင့်တက်လာနိုင်ကြောင်း
ခန့်မှန်းခဲ့သည်။
အိမ်ခြံမြေမှတ်ပုံတင်မှုနှင့် အိမ်ပါမစ်(ခွင့်ပြုမှု) များတွင် ပြုပြင်ပြောင်းလဲမှုများသည်
အစိုးရအတွက် အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်ရန်အတွက် ရေရှည်ယန္တရားတစ်ခု
ဖြစ်ပေါ်လာစေရန် အဓိကလုပ်ဆောင်ချက် ၂ ရပ်ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com