ဒူဘိုင်းအာဏာပိုင်များက အရှေ့အ လယ်ပိုင်းနှင့်မြောက်အာဖရိကဒေသတွင် အကြီးဆုံးလှေဆိပ်ကြီးကိုဆောက်လုပ်သွားရန်စီစဉ်နေပြီဖြစ်ကြောင်း
ကြေ ညာခဲ့သည်ဟု သိရသည်။
ဒူဘိုင်းတွင် ပမာဏကြီးမားသည့် လှေဆိပ်ကြီးဆောက် လုပ်မည့်အစီအစဉ်ကို ရှိတ်ခ်မိုဟာမက် ဘင်ရာဆစ်အယ်လ်မာတွန်က ကြေညာ ခဲ့ခြင်းဖြစ်ပြီး မြို့၏ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကိုအဆင့်မြှင့်တင်ရန်အတွက် လှေဆိပ်တွင် လှေများကျောက်ချရပ်နား ရန်နေရာပေါင်း ၁၄၀၀ ကိုထည့်သွင်း တည်ဆောက်သွားမည်ဖြစ်သည်။
Dubai Harbour တွင် အပျော်စီးသင်္ဘောများ ဆိုက်ကပ်မည့်နေရာနှင့်အတူ ခရီးသည် ပေါင်း ၆၀၀၀ ဝင်ဆံ့သည့်ရုံကြီးကိုလည်း တည်ဆောက်ပေးမည်ဖြစ်သည်။
ဆိပ်ကမ်းတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ ၏ ရွက်လှေကြီးများဆိုက်ကပ်နိုင်ရန် အဓိက ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ် သည်။
ကမ္ဘာ့အမြင့်ဆုံးတာဝါကြီးဖြစ်သော Burj Khalifa ရှိရာဒူဘိုင်းတွင် ဆောက်လုပ်မည့်ပရောဂျက်သစ်၌ ၄၄၃ ပေမြင့်သည့်မီးပြတိုက်ဆောက်လုပ် မည့်အစီအစဉ်လည်းပါဝင်ပြီး Dubai Harbour သည် နာမည်ကျော်လူလုပ် Palm ကျွန်းတွင် တည်ရှိမည်ဖြစ်သည်။
Dubai Lighthouse တွင် ဟိုတယ်တစ် ခုနှင့် ၃၆၀ မြင်ကွင်းကျယ်ကြည့်ရှုနိုင် သောရှုမျှော်ခင်းကြည့်စင်လည်း ပါဝင် မည်ဖြစ်သည်။မီးပြတိုက်၏မျက်နှာစာကို ဧရာမဖန်သားပြင်ကြီးကဲ့သို့ပြုလုပ်ကာ ပရိုဂျက်တာဖြင့်ဖျော်ဖြေမှုများပြုလုပ်နိုင် ရန် အသုံးပြုမည်ဖြစ်သည်ဟု သိရသည်။
Credit: PYI Myanmar