မြန်မာနိုင်ငံသားများ ဘဏ် (MCB)သည် ရန်ကုန် စတော့အိတ်ချိန်း ဝင်ရောက်ခဲ့ သည့် ငါးလအတွင်း ကိုးကြိမ်တိတိ အရောင်းအဝယ်မရှိဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာဈေးဖွင့်သော်လည်း အရောင်းအဝယ်မရှိခြင်းသည် ရန်ကုန် စတော့အိတ်ချိန်း မထွန်းကားသေးသည်ကို ပြသခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
‘‘နိုင်ငံတကာမှာ ဘဏ်ရှယ် ယာတွေဆိုတာ ဝယ်လေ့မရှိဘူး။ အလားအလာရှိတဲ့ ကုမ္ပဏီတွေပဲ ဝယ်ကြတာ။ အခု စတော့အိတ် ချိန်းမှာ ဘဏ်ရှယ်ယာတွေရောင်းနေတော့ စတော့ဈေးကို ထိုင်းမှိုင်းစေတာ’’ဟု ဦးလှမောင်က ဆက်လက်ပြောသည်။
အဆိုပါဘဏ်သည် သြဂုတ် ၂၆ ရက်တွင် ရန်ကုန်စတော့အိတ် ချိန်း၌ ရှယ်ယာစတင်ရောင်းချရာ ၂၀၁၆ ဒီဇင်ဘာ အကုန်ထိ ရှယ်ယာ တန်ဖိုး ၁ ဒသမ ၂ ဘီလီယံ ကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့ပြီး စုစုပေါင်း အစုရှယ်ယာ ၁၂၀,၀၀၀ကျော်အရောင်းအဝယ်ဖြစ်ခဲ့သည်။
‘‘MCB က သူရောင်းတဲ့ ရှယ်ယာပမာဏကလည်း နည်း တယ်။ ဒါကြောင့် အရောင်း အ ဝယ်နည်းတာလည်းပါတယ်’’ ဟု ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ယူထားသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသားများဘဏ် သည် ၂၀၁၆ အတွင်း အမြင့်ဆုံးရှယ် ယာဈေး ၁၃,၅၀၀ ကျပ်အထိ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးရှယ်ယာဈေး ၇,၆၀၀ ကျပ်ဖြစ်ခဲ့သည်။
လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ အများပိုင် ကုမ္ပဏီ သုံးခုဖြင့် စတင်လည်ပတ်နေပြီး ၂၀၁၇ ဇန်နဝါရီ ၂၀ ရက်တွင် စတင်ရောင်းချမည်ဟု ရန်ကုန် စတော့အိတ်ချိန်းက ကြေညာထားသည်။
၂၀၁၆ အတွင်း ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်အနည်းဆုံးလ သည် ဒီဇင်ဘာဖြစ်ပြီး ကျပ် ၁ ဒသမ ၅ ဘီလီယံကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ရှယ်ယာအများဆုံး အရောင်းအဝယ်ဖြစ် သည့်လမှာ မတ်လဖြစ်ပြီး ရှယ် ယာတန်ဖိုး ကျပ် ၂၄ ဘီလီယံခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ရန်ကုန် စတော့အိတ်ချိန်းသည် ၂၀၁၆ အတွင်း အစုရှယ်ယာ တန်ဖိုးကျပ် ဘီလီယံ ၇၀ ကျော်ဖိုးအရောင်းအဝယ်ဖြစ်ခဲ့သည်။
Credit: 7DayDaily