ဇန်န၀ါရီ ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာပြီး ဒေါ်လာဈေး အတက်ပြနေသောကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၆၂၀၀၀ ခန့်အထိ ရောက်ရှိလာ မွန်းလွဲပိုင်းတွင် ကျပ် ၈၅၈၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ လဆန်းမှစတင်ကာ ဈေးနှုန်နှုန်းပြန် လည်မြင့်တက်လာပြီး ဇန်န၀ါရီ ၁၀ ရက် တွင် ၁၁၈၆ ဒေါ်လာအထိ ရောက်ရှိလာခြင်း ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော် အထိ ထိုးဆင်းသွားခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် အထိ ၁၁၃၃ ဒေါ်လာဝန်းကျင်တွင် ရှိခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၇ မှစ၍ဈေး ပြန်တက်လာပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ၁၁၄၅ ဒေါ်လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၁၄၉ ဒေါ်လာ၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၁၅၉ ဒေါ်လာ၊ ဇန်န၀ါရီ ၄ ရက်တွင် ၁၁၆၆ ဒေါ်လာ၊ ဇန်န၀ါရီ ၉ ရက်တွင် ၁၁၇၆ ဒေါ်လာ၊ ဇန်န၀ါရီ ၁၀ ရက်တွင် ၁၁၈၆ ဒသမ ၉၄ ဒေါ်လာအထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိမြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်မှုကြောင့် ဒီဇင်ဘာ ၂၂ ရက် အထိ ကျပ် ၈၅၀၀၀၀ အထက်တွင် တည်ရှိခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ငါးလနီးပါးကာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက်ပြန်ရောက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၆ ရက် နံနကပိုင်းအထိ ကျပ် ၈၄၀၀၀၀ အောက်တွင်သာ ရှိရာမှ ဒီဇင်ဘာ ၂၇ နောက်ပိုင်းမှ စတင်ကာ ကျပ် ၈၄၃၀၀၀ အထက်ကို ပြန်ရောက် ခဲ့ပြီး ဇန်န၀ါရီ ၈ရက်တွင် ကျပ် ၈၅၀၀၀၀ အထက်၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၈၆၁၈၀၀ အထိရောက်ရှိခဲ့ပြီး ကျပ် ၈၅၈၄၀၀ သို့ပြန်ကျခဲ့သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းများမှာ ဇန်န၀ါရီ ၄ ရက်တွင် ကျပ် ၈၄၅၉၀၀၊ ဇန်န၀ါရီ ၅ ရက်တွင် ကျပ် ၈၄၉၉၀၀၊ ဇန်န ၀ါရီ ၆ ရက်တွင် ကျပ် ၈၄၈၂၀၀၊ ဇန်န၀ါရီ ၇ ရက်တွင် ကျပ် ၈၄၉၄၀၀၊ ဇန်န၀ါရီ ၈ ရက် တွင် ကျပ် ၈၅၁၂၀၀၊ ဇန်န၀ါရီ ၉ ရက်တွင် ကျပ် ၈၅၆၂၀၀၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၈၆၁၈၀၀ တို့ ဖြစ်သည်။
Credit: Eleven Media Group