အစိုးရသစ်မှပထမဆုံးစတင်တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား တွင် ဧပြီလ၌ စတင်တည်ဆောက်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှသတင်းရရှိသည်။
တည်ဆောက်ရန်ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ထဲက လျာထားခဲ့သော်လည်း မြေနေရာရှာဖွေခြင်းသိန်း၁၀၀အောက်ဖြင့်
ရောင်းချနိုင်ရန်
ဆောက်လုပ်မှုကုန်ကျစရိတ်ကိုတွက်ချက်နေခြင်းတို့ကြောင့် ၂၀၁၇ ဧပြီလမှသာစတင် တည်ဆောက်မည်ဖြစ်သည်။
အခန်းပေါင်း၂၁၀၀ကျော်ပါဝင်မည့် နေပြည်တော် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂နှစ် အတွင်းအပြီးသတ်တည်ဆောက်နိုင်ရန်လျာထားပြီး အငြိမ်းစားအစိုးဝန်ထမ်းများကို
ဦးစားပေးရောင်းချသွားနိုင်ရန်ရည်ရွယ်ထားကြောင်း
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
သိန်း၁၀၀ဖြင့်ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာ နေပြည်တော် ဒက္ခိဏသီရိ မြေဧက ၁၀၀ကျော်တွင် အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း၎င်းကပြောသည်။
ယခုအိမ်ရာစီမံကိန်းမှအောင်မြင်စွာတည်ဆောက်ရောင်းချနိင်ပါက တစ်နိုင်ငံလုံးတွင် ယခုအိမ်ရာစီမံကိန်းပုံစံအတိုင်း ရောင်းချသွားနိုင်ရန် ရည်ရွယ်ထားကြောင်း ၄င်းကပြောသည်။
တစ်နိုင်ငံလုံးတွင် အစိုးရသစ်က တန်ဖ်ုးနည်းအိမ်ရာစီမံကိန်းများအခန်းပေါင်း၁ဒသမ ၈သိန်းကို၅နှစ်အတွင်း ဖော်ထုတ်တည်ဆောက်ရန်လျာထားကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောကြားထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com