မန္တလေး အိမ်ခြံမြေဈေးကွက်မှာ အခုရက်ပိုင်းအတွင်း မြို့လယ်ဝန်းကျင်မှာ ရှိတဲ့ ကျပ်သိန်း ၁၀,၀၀၀ ကျော် မြေကွက်အချို့ အရောင်းအဝယ် ပြန်ဖြစ်နေပါတယ်။
ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီက ဦးတင်မောင်က ‘ဈေးကလဲ အကျဈေး ၊ အရင်က ဒီလိုနေရာတွေမှာ လိုချင်တဲ့သူ ၊ နေချင်တဲ့သူတွေကဝယ်တာ ၊ အဓိကကတော့ နေဖို့ပါပဲ’ လို့ ပြောပါတယ်။
လတ်တလော အရောင်းအဝယ်ဖြစ်နေတဲ့ ကျပ်သိန်း ၁၀,၀၀၀ ကျော်တန်ကြေးရှိ မြေကွက်တွေက မြေဈေးကောင်းစဉ်အချိန်က မြေကွက်မျက်နှာစာ တစ်ပေကို ကျပ်သိန်း ၅၀၀ ကျော်တန်တဲ့ နေရာတွေဖြစ်တယ်။ အခုလို မြေဈေးကျနေတဲ့ အချိန်မှာတော့ မြေတန်ဖိုးက ၃၅ ရာခိုင်နှုန်းနီးပါးခန့် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ် ။
မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီးတွေရဲ့ မျက်နှာစာမှာရှိတဲ့ မြေကွက်တွေ ဈေးနှုန်းကတော့ မကျဆင်းပါဘူး ။ကြားလမ်းတွေမှာတော့ အရင်က ကျပ် သိန်း ၅၀၀ ကျော်တန်တဲ့ မြေကွက်မျက်နှာစာ တစ်ပေကို အခုအခါ ကျပ်သိန်း ၃၅၀ ဝန်းကျင်မှာပဲ ရှိတော့တယ်လို့ သိရပါတယ် ။
မန္တလေး အိမ်ခြံမြေ အကျိုးဆောင် အချို့ကတော့ အိမ်ခြံမြေ ဈေးနှုန်းတွေဟာ အကျဈေးနှုန်းတွေနဲ့ပဲ အရောင်းအဝယ်ဖြစ်နေပြီး ရောင်းသူဘက်က ဈေးတင်းခံနေရင် အရောင်းအဝယ် ဖြစ်ဖို့ မလွယ်ကူဘူးလို့ သုံးသပ်ပါတယ် ။
မန္တလေး အိမ်ခြံမြေ ဈေးကွက်မှာ မြို့အတွင်းပိုင်းက နေရာတွေကို ဧရိယာ စတုရန်းပေနဲ့ တွက်ပြီး အရောင်းအဝယ် ပြုလုပ်ကြတာမဟုတ်ဘဲ ရှေ့မျက်နှာစာကနေ မြေကွက်နောက်မှာ ကျန်ရှိတဲ့ အလျားကို တစ်ပေစီ ဆင့်ကဲတွက်ချက် ရောင်းဝယ်ကြပါတယ် ။
Credit: Kumudra