မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အပိုင်း(၁)တွင်ပြန်လည် ငှားရမ်း၊ အမြတ်တင်ရောင်းချမှုများ ရှိနေ

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အပိုင်း(၁)တွင်ပြန်လည် ငှားရမ်း၊ အမြတ်တင်ရောင်းချမှုများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
10 Jan 2017 10:32 am တွင် တင်ခဲ့သည်
1965 ကြိမ် ကြည့်ရှု့ပြီး
အိမ်ပိုင်ဆိုင်မှု မရှိသေးသူများ အတွက်သာ ရောင်းချပေးထားသည့် မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း (၁)ရှိ တိုက်ခန်းများကို ပြန် လည် ငှားရမ်းမှု၊ အမြတ်တင်ရောင်းချမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ယင်းတန်ဖိုးမျှတအိမ်ရာ အပိုင်း (၁)ရှိ တိုက်ခန်းပေါင်း ၄၂၀ ကို အိမ်ပိုင်ဆိုင်မှု မရှိသေး သည့် အငြိမ်းစား ဝန်ထမ်းများနှင့် လုပ်သက်ရင့် ဝန်ထမ်းများကိုသာ မဲနှိုက်၍ အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးခဲ့သော်လည်း တိုက်ခန်းတန်ဖိုးထက် အမြတ်တင်၍ ရောင်းချခြင်း များနှင့် ငှားရမ်းခြင်းများ ရှိနေကြောင်း အရောင်းအဝယ် ဈေးကွက်မှ စုံစမ်းသိရသည်။

‘အခုဆိုရင် ပြန်ရောင်းတာတွေလည်း များတယ်။ ငှားချင်တယ်ဆိုရင် ငှားလို့ရတယ်။ အရောင်းကတော့ ပိုင်ဆိုင်မှု စာအုပ်တစ်အုပ် ရှိတယ်။ အဲဒီ စာအုပ်ကိုပေးထားမယ်။ ငွေအကျေ သွင်းပြီးမှ နာမည်ပြန်လွှဲပေးမယ်။ ဈေးတွေကတော့ အထပ်အလိုက် အမြတ်ပေးပြီး ဝယ်ရမယ်’ ဟု ပွဲ စားတစ်ဦးက ပြောသည်။

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း(၁)ရှိ တိုက်ခန်း စတုတ္ထ ထပ်တစ်ခန်းလျှင် ပိုင်ရှင်ထံသို့ အမြတ်ငွေ ကျပ်သိန်း ၆၀၊ တတိယထပ် တစ်ခန်းလျှင် ကျပ်သိန်း ၈၀ ကျော်၊ ပထမထပ်နှင့် မြေညီထပ် တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ကျော်ပေးကာ ပြန် လည် ဝယ်ယူနေကြောင်း ဈေးကွက်မှ စုံစမ်းသိရသည်။

အစိုးရသို့ သွင်းရသည့် နှုန်းထားများမှာ မြေညီထပ် တစ်ခန်းလျှင် ကျပ် ၁၆၅ သိန်း၊ ပထ မထပ် တစ်ခန်းလျှင် ကျပ် ၁၅၅ သိန်း၊ ဒုတိယနှင့် တတိယထပ် တစ်ခန်းလျှင် ကျပ် ၁၄၅ သိန်း၊ စတုတ္ထထပ် တစ်ခန်းလျှင် ၁၃၅ သိန်းရှိကြောင်း စုံစမ်းသိရသည်။

‘အဝယ်တွေ ကတော့ နေ့တိုင်း လာကြည့်တယ်။ ဒီနေ့ တောင် တစ်ခန်းတည့် သွားပြီ’ ဟု ပွဲစားတစ်ဦးက ပြောသည်။

တန်ဖိုးမျှတအိမ်ရာတွင် မဲပေါက်ထားသူများ အနေဖြင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင် နှုန်း ပေးသွင်းပြီးပါက မူရင်းပိုင်ရှင်သာ နေထိုင်ခြင်းဟုတ်၊ မဟုတ် မြို့နယ်ဦးစီးအရာရှိ က ဦးစီး၍ လစဉ် စစ်ဆေးခြင်းကို မတ်လတွင် စတင် ပြုလုပ်မည်ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားထား သည်။

အဆိုပါတိုက်ခန်း ဝယ်ယူခွင့် ရရှိသူများသည် ပြန်လည်၍ ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ပါက တိုက်ခန်းကို ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း စာချုပ်တွင် ပါရှိသည်။

လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းများနှင့် အငြိမ်းစားများ အတွက် မဲစနစ်ဖြင့် ရောင်း ချပေးသည့် မြရည်နန္ဒာ တန်ဖိုးမျှအိမ်ရာ အပိုင်း (၁)နှင့် (၂)တွင် အခန်း ပေါင်း ၉၈၀ ဆောက်လုပ်၍ အငြိမ်းစား ဝန်ထမ်းနှင့် အစိုးရဝန်ထမ်းများအား အခန်းပေါင်း ၉၄၀ နှင့် ကုမ္ပဏီဝန်ထမ်းများအား အခန်းပေါင်း ၄၀ ရောင်း ချထားပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

Credit: 7DayDaily
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အပိုင်း(၁)တွင်ပြန်လည် ငှားရမ်း၊ အမြတ်တင်ရောင်းချမှုများ ရှိနေ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service