မကြာသေးမီက အသစ်ထုတ်ပြန်လိုက်သော ကမ္ဘာ့ အထင်ကရမြို့ ကြီး (၁ဝ) မြို့ စာရင်းတွင် တရုတ်နိုင်ငံမှ ဟောင်ကောင် ၊ ရှန်ဟိုင်း နှင့် ဘေဂျင်းမြို့ တို့ ပါဝင်လာကြောင်း သိရသည်။
ကမ္ဘာ့ အထင်ကရမြို့ ကြီးများ အဆင့်သတ်မှတ်ချက်တွင် ဟောင်ကောင်မြို့ သည် နံပါတ် ၆ နေရာမှ ပါဝင်လာပြီး ၄င်း၏နောက်တွင် ရှန်ဟိုင်းမြို့ နှင့် ပေကျင်းမြို့ တို့ က အမှတ်စဉ် (၇) နှင့် (၈) နေရာများတွင် အသီးသီးရပ်တည်နေကြောင်း သိရသည်။
အဆိုပါကမ္ဘာ့ အထင်ကရမြို့ ကြီးများစာရင်းကို တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ ၊ အမျိုးသားစီးပွားရေးမဟာဗျူဟာဌာန နှင့် ကုလသမဂ္ဂ၏ လူနေထိုင်ရန်ထူးခြားကောင်းမွန်သောမြို့ ကြီးများစိစစ်အကဲဖြတ်ရေးအဖွဲ့ တို့ မှ ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရွေးချယ်ရာတွင် အဓိက အချက် ၆ ချက်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှု ၊ ပြည်တွင်းဈေးကွက်ဝယ်လိုအား နှင့်
( software environment , hardware environment ) ပတ်ဝန်းကျင်အခြေအနေများကိုပါထည့်သွင်း စဉ်းစားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ အထင်ကရမြို့ ကြီးများစာရင်းကို အစဉ်လိုက်ဖော်ပြရမည်ဆိုပါက (၁) လန်ဒန်မြို့ (၂) နယူးယောက်မြို့ (၃) တိုကျိုမြို့ (၄) ပဲရစ်မြို့ (၅) စင်ကာပူ (၆) ဟောင်ကောင်မြို့ (၇)ရှန်ဟိုင်းမြို့ (၈)ပေကျင်းမြို့ (၉)ဆစ်ဒနီမြို့ နှင့် (၁ဝ) ဖရန့် ဖွတ် မြို့ တို့ ဖြစ်ကြောင်း သိရသည်။
Credit: Xinhua