ပြည်တွင်း ရွှေဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ရွှေအားတင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာမူဝါဒမူကြမ်းအားပြင်ဆင်ရေးဆွဲနေကြောင်း မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဇန်န၀ါရီ ၈ ရက်ကပြုလုပ် သည့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အ သင်း၏ (၁၄) ကြိမ်မြောက်နှစ်ပတ် လည်အသင်းသားစုံညီအစည်းအ ဝေးတွင် ယင်းအသင်းအတွင်းရေး မှူးဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်ရွှေ ဆိုင်)က မီဒီယာများအားပြောကြား ခဲ့ခြင်းဖြစ်သည်။
""ပထမမူကြမ်းလည်းပြီးပြီ၊ ဒုတိ ယမူကြမ်းလည်းပြီးပြီ။ အခုပိုပြီးပြည့် စုံတဲ့တတိယမူကြမ်းဖြစ်အောင်ကြိုး စားနေပါတယ်။ ဒီမားကက်ကြီးပေါ်ပေါက်လာဖို့အရမ်းမျှော်လင့်တယ်။ ပြောမယ်ဆိုရင်တော့ လုပ်ငန်းရှင်ဘက်ကချည်းပဲလုပ်လို့မရဘူး။ နိုင်ငံ တော်ဘက်ကလည်းလိုတယ်။ ရွှေ ကိုတင်သွင်းမယ်။ တင်ပို့မယ်ဆိုတဲ့
မူဝါဒကစပြီး ဒီမားကက်မှာဘယ် လိုအရောင်းအ၀ယ်လုပ်မယ်ဆို တာကို နိုင်ငံတော်ဘက်ကသတ် မှတ်ပေးပြီး မူဝါဒချမှတ်ပေးဖို့လို တယ်}}ဟု ဦးကျော်ဝင်းကဆိုသည်။
အဆိုပါမူကြမ်းတွင် ရွှေအား ပြည်ပသို့တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုင် ရာများ၊ ခွင့်ပြုပေးမယ့်ပမာဏ၊ စံချိန် စံညွှန်းသတ်မှတ်ချက်များအပါအ ၀င်လိုအပ်ချက်များအား ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးကာဈေးကွက်အမြန် ဆုံးပေါ်ပေါက်နိုင်ရေးအတွက်ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး စီမံ/ ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ""တိုင်းဒေသကြီးအစိုးရအနေနဲ့ ရွှေ ဈေးကွက်ကြီးပေါ်ပေါက်လာဖို့မျှော် လင့်ပါတယ်။ ရန်ကုန်ရွှေဈေးကွက် ကြီးပေါ်ပေါက်လာရင် တိုင်းဒေသ ကြီးအစိုးရအနေနဲ့ တတ်နိုင်သမျှ ကူညီပါမယ်"" ဟု ဆိုသည်။
အဆိုပါမားကက်ပေါ်ပေါက် လာရေးအတွက် အဓိက၀န်ကြီးဌာန အနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး
အပါအ၀င် ဌာနလေးခုနှင့် မြန်မာနိုင်ငံရွှေလုပ် ငန်းရှင်အသင်းအနေဖြင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းဈေးကွက်နှင့်ပတ်သက် ပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်
မင်းဝင်းက ""မြန်မာနိုင်ငံမှာ ရွှေနဲ့ပတ်သက်ပြီး ဗဟိုဈေးကွက် ကြီးဖြစ်ပေ
လာဖို့ စနစ်တကျကြိုး ပမ်းနေကြောင်းသိရှိရပါတယ်။ ၀န် ကြီးချုပ်ကိုယ်
တိုင်ကအားပေးနေပါ တယ်။ ဗဟိုဈေးကွက်ကြီးတစ်ခုဖြစ် လာဖို့အတွက်ကို ၀ိုင်းဝန်းပြီးကြိုး ပမ်းသွားဖို့လိုအပ်ပါတယ်။
ဒီလုပ် ဆောင်ချက်ဟာ ပြည်ပနဲ့
ချိတ်ဆက် ဆောင်ရွက်မှုလုပ်ဆောင်လာနိုင်တဲ့ အတွက် ကောင်းမွန်တဲ့စီ
မံဆောင် ရွက်ချက်တစ်ခုဖြစ်ပါတယ်""ဟု ဆို သည်။
Credit: Democracytoday