စတော့အိတ်ချိန်းတွင် စတုတ္ထမြောက် ကုမ္ပဏီအဖြစ် ပထမပုဂ္ဂလိကဘဏ်ကို ဇန်န၀ါ ရီ ၂၀ ရက်တွင် စတင်ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ သတင်းရရှိသည်။
ပထမပုဂ္ဂလိကဘဏ်ကို ယခုနှစ် ဇန်န၀ါရီ ၂၀ ရက်ကစတင်ကာ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာရောင်းဝယ်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းက ထုတ်ပြန်ထားသည်။
စတင်ရောင်းချသည့်နေ့တွင် ရှယ်ယာအဖွင့်ပေါက်ဈေးကို ရန်ကုန်စတော့အိတ်ချိန်းက အတည်ပြုသတ်မှတ်ပေးမည်ဟု ဆိုသည်။ ပထမပုဂ္ဂလိကဘဏ်သည် ရှယ်ယာတစ်စုလျှင် ပြင်ပတွင်လက်ရှိ၌ ကျပ် ၂၀,၀၀၀ ဖြင့် အများပြည်သူများသို့ ရောင်းချမှုများပြုလုပ်ထားပြီး ဇန်န၀ါရီ ၂၀ ရက်က စတင်ကာ ရန်ကုန်စတော့အိတ်ချိန်းတွင်သာ ရောင်းချတော့မည် ဖြစ်သည်။ရန်ကုန်စတော့အိတ်ချိန်းသို့ ၀င်ရန် ပထမပုဂ္ဂလိကဘဏ်အား စစ်ဆေးမှုအချို့ကို လေးလခန့်အ ချိန်ယူခဲ့ပြီးမှ ရှယ်ယာရောင်းချခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီသုံးခုဖြင့် ၂၀၁၆ က စတင်လည်ပတ်ခဲ့သော ရန်ကုန် စတော့အိတ်ချိန်းတွင် ၂၀၁၇ နှစ် ဆန်း၌ ကုမ္ပဏီအချို့၏ ရှယ်ယာဈေးနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်လာသည်။
၂၀၁၆ အတွင်း ရန်ကုန်စ တော့အိတ်ချိန်းတွင် ရှယ်ယာအ ရောင်းအ၀ယ် အနည်းဆုံးလမှာ ဒီဇင်ဘာဖြစ်ပြီး ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။
ယခုစတုတ္ထမြောက်ရောင်းချ မည့် ကုမ္ပဏီ၏ရှယ်ယာအဖွင့်ဈေး သည် အနိမ့်ဈေးဖြင့် ဖွင်လာနိုင် ကြောင်း ရှယ်ယာအရောင်းအ၀ယ် ပြုလုပ်သူများက ခန့်မှန်းနေသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ငွေချေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်မှုကော်မရှင်က ကုမ္ပ ဏီ ခုနစ်ခုကို ရောင်းချရန်ခွင့်ပြု ထားပြီး ရှယ်ယာအရောင်းအ၀ယ် စတင်နိုင်ရန် ကုမ္ပဏီသုံးခုသာ ကျန်ရှိတော့သည်။
Credit: 7DayDaily