မြိတ်မြို့ ကမ်းနားလမ်းရှိ ဆီးဗျူးအထပ်မြင့်ကွန်ဒိုကို တစ်ပေပတ်လည် အနိမ့်ဆုံး ၉၅ ဒေါ်လာ၊ အမြင့်ဆုံး ၁၂၅ ဒေါ်လာဖြင့် စတင်ရောင်းချမည့်ဖြစ်ကြောင်း အဆိုပါစီမံကိန်း၏ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းက ဇန်နဝါရီ ၇ ရက်တွင်ပြောသည်။
အရောင်းပြခန်း ဖွင့်လှစ်ခြင်းနှင့် မန်ဘာကဒ်များ စတင်ရောင်းချသွားမည်ဖြစ်ပြီး ရှော့ပင်န်းစင်တာနှင့် လူနေတိုက်ခန်းနှင့် နှစ်မျိုးခွဲ၍ ရောင်းချသွားမည်ဖြစ်ကာ ရှော့ပင်န်းစင်တာကို ဖွင့်ပွဲ တစ်ရက်အတွင်းတာ ရောင်းချသွားမည်ဟုသိရသည်။
လူနေတိုက်ခန်းများကိုမူ စီမံကိန်းကာလအတွင်း အရစ်ကျပေးချေသွားရမည့် စနစ်ဖြင့် (၃)နှစ် မှ(၅)နှစ်ထိ အစားစား ခွဲခြားထားသည်ဟု ဦးထွန်းထွန်းက ပြောသည်။
ကွန်ဒို၌ အထပ်မြင့်တိုက်ခန်း(၂၀၀၀)ကျော်ကို စီမံကိန်းကာလ (၃)နှစ်မှ (၅)နှစ် အတွင်းဆောက် လုပ်သွားမည်ဖြစ်ကာ အကြမ်းထည်ကို ကျပ်သိန်း(၈၀၀)မှစ၍ ကျပ်သိန်း (၄၀၀၀)ထိ အမျိုးစားအလိုက်ရှိပြီး အားကစားခန်းမ၊ ရေကူးကန်၊ ဆေးခန်း၊ ဘဏ်လုပ်ငန်းများ၊ ဖူဆယ်ဘော လုံးကွင်း၊ ကလေးကစားကွင်းနှင့် လမ်းလျှောက်ဈေးထည့်သွင်း တည်ဆောက်သွားမည် ဖြစ်သည်။
အရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Credit: Mizzima