ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ဗြိတိန်ရဲ့ Birmingham လေဆိပ်ဟာ
ကမ္ဘာပေါ်မှာ အချိန်တိကျမှုအရှိဆုံး လေဆိပ်အဖြစ် သတ်မှတ်ခံလိုက်
ရတယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ယင်းလေဆိပ်မှာတော့ ယခင်နှစ်က ဆိုက်ရောက်နဲ့ ထွက်ခွာ
ခရီးစဉ်တွေရဲ့ တိကျမှုနှုန်းဟာ ၉၁ ဒသမ ၂၈ ရာခိုင်နှုန်းထိ
ရှိခဲ့တယ်လို့လည်းသိရပါတယ်။
လေကြောင်းခရီးသွားလုပ်ငန်းဆိုင်ရာ ထောက်လှမ်းစောင့်ကြည့်
မှုကုမ္ပဏီ OAG ရဲ့ အစီရင်ခံစာအရတော့ Birmingham လေဆိပ်
ဟာ ၂၀၁၆ အတွက် အချိန်အတိကျဆုံးသော လေဆိပ်ဖြစ်တယ်လို့
သိရပါတယ်။
ယမန်နှစ်တုန်းက ယင်းလေဆိပ်မှာ ခရီးစဉ်ပေါင်း ၁၀၀,၀၀၀
ကျော် ပြေးဆွဲပျံသန်းခဲ့ပြီး အချိန်တိကျမှုအရှိဆုံး ခရီးစဉ်ကတော့
Dublin မြို့ဆီပျံသန်းတဲ့ ခရီးစဉ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုလို ကမ္ဘာပေါ်မှာ လေယာဉ်ခရီးစဉ် ပြေးဆွဲပျံသန်းမှုပိုင်းမှာ အချိန်အတိကျဆုံးလေဆိပ်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ယင်း
Birmingham လေဆိပ်ဟာ ဂျပန်၊ ဘရာဇီး၊ အမေရိကန်၊ ဂျာမနီနဲ့
သြစတြေးလျတို့က ပြိုင်ဘက်လေဆိပ်တွေကို ကျော်ဖြတ်နိုင်
ခဲ့တာလည်း ဖြစ်ပါတယ်။
" ခုလို ကမ္ဘာ့အချိန်အတိကျဆုံးလေဆိပ်အဖြစ် ရွေးချယ်ခံလိုက်ရ
တာက မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ၊ ဒါ့အတူ ထောင်
ပေါင်းများစွာသော ၀န်ထမ်းတွေနဲ့အတူ လေဆိပ်မှာ လုပ်ကိုင်နေတဲ့
ကုမ္ပဏီ ၁၄၀ ရဲ့ ၀ိုင်းဝန်းအားထုတ်မှုကြောင့် ဒီလိုမျိုး အောင်မြင်မှု
ရခဲ့တာပါ" ဆိုပြီး လေဆိပ်အမှုဆောင်အရာရှိချုပ် Paul Kehoe က
ပြောသွားပါတယ်။
အလားတူ လေဆိပ်ရဲ့ အခြေခံအဆောက်အအုံပိုင်း တိုးတက်ဖို့
အတွက် ပြီးခဲ့တဲ့ ဆယ်နှစ်တာအတွင်း စတာလင်ပေါင်သန်း ၃၅၀
အထိ ရင်းနှီးမြှုပ်နှံခဲ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသွား
ခဲ့ပါတယ်။
Credit: SFJ Strategy First