ရန်ကုန်မှာ ကျူးကျော်နေထိုင်သူ စာရင်ကို ဒဂုံမြို့သစ်( တောင်ပိုင်) မြို့နယ်မှာ ရှေ့ပြေးစီမံချက် အဖြစ် ကောက်ခံရာနဂို မူလရှိတဲ့ စာရင်းထက် ဦးရေ ၄၀၀၀ခန့် ပိုများနေတယ်လို့ ရန်ကုန်တိုင်ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်) မဲဆန္ဒနယ် အမှတ်(၁) က လွှတ်တော်ကိုယ်စာလှယ် ဦးညီညီက ပြောပါတယ်။
မူလစာရင်းအရ အိမ်ထောင်စုပေါင်း ၄၀၀၀ကျော်ရှိပါတယ်။ စာရင်းကောက်တဲ့အခါ အိမ်ထောင်စုပေါင်း ၅၅၉၁ ဖြစ်ပါတယ်။ လူဦးရေစုစုပေါင်း က မူလစာရင်းအရ ၁၈,၀၀၀ကျော်ကနေ အခု စာရင်ကောက်တဲ့အခါ ၂၂,၀၀၀ ရှိပါတယ်။
ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူ စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဒေသကြီးဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ တောင်ဒဂုံမြို့နယ်မှာ ကောက်ခံနေတာ ပြီးဆုံးသွားပါပြီ။ စာရင်းကောက်ယူထားတဲ့ ကျုးကျော်တွေကို သက်သေခံ အဖြစ်စမတ်ကတ်တွေ ထုတ်ပေးနေပါတယ်။
ကျူးကျော်စာရင်ကို နည်ပညာနဲ့ လက်ဗွေရာကိုစကန်ဖတ်ပြီး စာရွတ်ထုတ်ပြီး စနစ်တကျ ဆောင်ရွက်နေပါတယ်။ ရှေ့ပြေး စီမံချက်ဖြစ်လို့ နည်ပညာချွတ်ယွင်းချက်တွေရှိခဲ့ပေမဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ စာရင်ကောက်ယူတာ ပြီးဆုံးအောင်မြင်ခဲ့လို့ ကျန်တဲ့လေးခရိုင်ကို ဆက်လက် ကောက်ခံနေပါပြီ။
ကျူးကျော်စာရင်ကို ခရိုင်လေးခရိုင်မှာ မြို့နယ် ၁၂မြို့နယ်ကို ကောက်ခံမှာဖြစ်ပါတယ်၊ အရှေ့ပိုင်းခရိုင်မှာ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊ မြောက်ဥက္ကလာပ ၊ အနောက်ပိုင်းခရိုင်မှာ အလုံ။ မရမ်းကုန်း၊တောင်ပိုင်းခရိုင်မှာ သန်လျင်၊ ကျောက်တန်း၊ ဒလမြို့နယ်တို့နဲ့ မြောက်ပိုင်းခရိုင်မှာ လှိုင်သာယာမြို့နယ်တို့
ဖြစ်ပါတယ်။
စာရင်းကောက်ခံရရှိတဲ့ ကျူးကျော်တွေကို ထူထောင်ရေးစခန်းကိုရွှေ့မှာပါ ။အလုပ်မရှိသူတွေကို အလုပ်အကိုင် စီစဉ်ပေးမှာ ဖြစ်ပါတယ်။
အိမ်တစ်အိမ် ၊ အခန်းတစ်ခန်းမှာ ထားပေးပြီး အဲသည်ကနေသူတို့
ဘဝကို ထူထောင်ပေးဖို့စီစဉ်နေတာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စာလှယ်ဦးညီညီက ‘ တချို့ကျတော့ အိမ်ရှိတယ်၊ တိုက်ခန်း တွေရှိတယ်၊ စီးပွားရှာဖို့ ကို စည်ပင်လမ်းဘေးတွေ ဆိုင်ခန်းတွေထိုးပြီး စီးပွားရှာကြတယ်၊ အဲဒါကိုလဲ ကျူးစာရင်အနေနဲ့ ကောက်တာရှိပါတယ်၊ ကျူးစာရင်မှာ သွင်းကြတယ်၊ သူမြေများ၊ ဌာနဆိုင်ရာမြေမှာ အိမ်ဆောက်ကြတယ်၊ အဲဒီအိမ်ကို ပြန်ရောင်းတယ်၊ ဒါတွေကို စာရင်းသွင်းတာတွေရှိတယ်’ လို့ ပြောပါတယ်။
Credit: The Modern