ရန်ကုန်မြို့တွင် နှစ်နှစ်အတွင်း ကျပ်သိန်း ၁၀၀ တန် တိုက်ခန်း ၈,၀၀၀ ကျော် တည်ဆောက် ရောင်းချမည်

ရန်ကုန်မြို့တွင် နှစ်နှစ်အတွင်း ကျပ်သိန်း ၁၀၀ တန် တိုက်ခန်း ၈,၀၀၀ ကျော် တည်ဆောက် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
6 Jan 2017 9:42 am တွင် တင်ခဲ့သည်
3284 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချပေးနိုင်သော တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈,၀၀၀ ကို ဦးစားပေး တည်ဆောက် ရောင်းချသွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အထိ အိမ်ရာဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်း ရေးဆွဲထားပြီး အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်က ကျင်းပသော ရတနာမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၁)မှ ရတနာ နှင်းဆီ အဆင့်မြင့်အိမ်ရာ မိတ်ဆက်ပွဲတွင် ၎င်းက ပြောသည်။

ထို့ပြင် ၀င်ငွေနည်း ပြည်သူများအတွက် သင့်လျော်သော အိမ်ရာ ဘဏ္ဍာငွေကြေးစနစ်များကို ထူထောင်ပေးသည့် အနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ်တွင်
ဖွင့်လှစ်ခဲ့ပြီး အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးသွင်းကာ ကျန်ငွေကြေးကို ရှစ်နှစ်မှ ၁၅ နှစ်အထိ အရစ်ကျပေးဆပ်နိုင်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသွားခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသော ရတနာမြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းအပိုင်း(၁)မှ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ ၁၈ ထပ်မြင့် အဆောက်အအုံသစ်ကို ဒီဇင်ဘာလကုန်ပိုင်းက ဖွင့်လှစ်ခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၀န်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ထိုအိမ်ရာစီမံကိန်းကို မြို့ပြဖွံ့ဖြိုးစေရန် မြို့ပြဗဟိုခွဲတစ်ခု ဖြစ်လာရန် မျှော်မှန်းထားပြီး Neighbourhood concept ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ထိုအိမ်ရာစီမံကိန်းများတွင် နေထိုင်သူများ အဆင်ပြေပြေ နေထိုင်နိုင်စေရန် ရုံးခန်းများနှင့် အခြားလိုအပ်သော အခြေခံ အဆောက်အအုံများကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့သည် ယခင် ဆယ်စုနှစ်များစွာအကြာက အရှေ့တိုင်းတွင် အလှပ ဆုံးမြို့တစ်မြို့ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ထိုကဲ့သို့ မဟုတ်တော့ သည်ကို ၀န်ခံရမည်ဖြစ်ပြီး ရန်ကုန်မြို့ ပြန်လည် လှပတင့်တယ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ဗဟိုပြည်ထောင်စု အစိုးရများသာမက အားလုံးဝိုင်းပြီး ရုန်းကန်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့တော်ကို ပြန်လည်မွမ်းမံသွားရန် စီစဉ်နေပြီး နိုင်ငံ၏ မျက်နှာစာမြို့ဖြစ်သော လူဦးရေ အထူထပ်ဆုံးနှင့် စီးပွားရေး မြို့တော် ရန်ကုန်ကို အောင်မြင်စွာ ပြန်လည် ပြင်ဆင်နိုင်ပါက တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ၅၀ ရာခိုင်နှုန်း အောင်မြင်သည်ဟု ပြောနိုင်ကာ
စီးပွားရေးမြို့တော်ကို အောင်မြင်တိုးတက်ကြောင်း ပြနိုင်မှ မြန်မာနိုင်ငံကို ကမ္ဘာက တိုးတက်ကြောင်း အသိအမှတ်ပြုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ထို့ပြင် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်သည့်အခါ အဖက်ဖက်မှ မြို့ပြအင်္ဂါရပ်များနှင့် နေထိုင်သူများ အဆင်ပြေရေးကို ထည့်သွင်း စဉ်းစားပြီး အစိုးရအဖွဲ့ အနေဖြင့် တန်ဖိုးငွေကြေးကိုသာ ကြည့်ရှုခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ရတနာအိမ်ရာစီမံကိန်းကို အစိုးရသစ်၏ ကနဦး တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းအဖြစ် စတင် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မကြာခင်တွင် တန်ဖိုးနည်းအိမ်ရာ ၂,၂၀၀ ကိုဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service