(၁) ဆန်ဖရန်စစ္စကိုတွင် တဲတစ်လုံးကို ကန်ဒေါ်လာ ၃၅၀၀၀၀ ဖြင့် ဈေးခေါ်ရောင်းချခြင်း
အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုတွင် တဲတစ်လုံးကို
ကန်ဒေါ်လာ ၃၅၀၀၀၀ (မြန်မာငွေ ၄၇၆၄ သိန်းကျော်-ဇန်နဝါရီ ၃ ရက်ငွေလဲဈေးနှုန်းအရ) ဖြင့် ဈေးခေါ်ရောင်းချရာ ခေါ်ဈေးထက်ပင် ပိုမိုဈေးရသွားခဲ့ဖူးသည့်ဖြစ်ရပ်မှာ ကမ္ဘာ့အိမ်ခြံမြေလောကတွင် ပြောစမှတ်တွင်ရစ်ခဲ့ဖူးလေသည်။
အဆိုပါတဲသာသာနေအိမ်သည် ဆန်ဖရန်စစ္စကိုမြို့တောင်ဘက်စွန်းတွင် တည်ရှိပြီး နေအိမ်ကို ပြင်ပမှ အကဲခတ်ရုံဖြင့် မကြာမီပြိုကျတော့မည့် နေအိမ်ဟူသည်မှာ သိသာနေသည်။
ဘေးနှစ်ဘက်ရှိနေအိမ်တို့မှာ အိမ်ကြီးအိမ်ကောင်းများဖြစ်ရာ အုတ်တံတိုင်းဖြူနှစ်ခုအကြားတွင် ညပ်နေသည့်တဲတစ်လုံးအသွင် ဖြစ်နေသည်။
ယင်းနေအိမ်ကိုဝယ်ယူရန်ဆွေးနွေးသူ ၆ ဦးရှိခဲ့ပြီး ခေါ်ဈေးထက် ကန်ဒေါ်လာ ၅၀၀၀၀ ကျော် ပိုမိုရရှိကာ ၄၀၈၀၀၀ ဖြင့် ဈေးတည့်ခဲ့သည်ဟု ဆိုသည်။
(၂) တစ်လလျှင် ဒေါ်လာ ၃၂၀၀ ပေါက်ဈေးရှိသည့် ဟိုတယ်ခန်းတွင် တစ်လ ၂၂၆ ဒေါ်လာဖြင့် နေခွင့်ရခဲ့သည့် နယူးယောက်မှ အငှားယာဉ်မောင်း ၂ ဦး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်၌ တစ်လလျှင် ဒေါ်လာ ၃၂၀၀ (မြန်မာငွေ ၄၃ သိန်းကျော်) ပေါက်ဈေးရှိသည့် ဟိုတယ်ခန်းတွင် တစ်လ ၂၂၆ ဒေါ်လာဖြင့် နေခွင့်ရခဲ့သည့် နယူးယောက်မှ အငှားယာဉ်မောင်း ၂ဦး၏ဇာတ်လမ်းမှာလည်းကမ္ဘာ့အိမ်ခြံမြေလောကတွင် ပြောစမှတ်တွင်သည့်
ဖြစ်ရပ်တစ်ခု ဖြစ်၏။
နယူးယောက်တွင် ပြဌာန်းထားသော Rent Stabilization code ကို ကိုင်စွဲကာ ထိုသို့နေခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အငှားယာဉ်မောင်းနှစ်ဦး၏ အမည်မှာ ဂျိုးစတီဗင်နှင့် ဟမီဒို ဂီးရာ ဟုဖြစ်ကြသည်။
ယင်းဥပဒေအရ အဆောက်အအုံတစ်ခုရှိ အခန်းတစ်ခန်းတွင် နေထိုင်ဖူးသူ SROs တို့အနေဖြင့် အနည်းဆုံး ၆ လငှားရမ်းနေထိုင်ရန် ကမ်းလှမ်းလာမည်ဆိုပါက အမြဲတမ်းနေထိုင်ခွင့်ပြုသည်ဟု ဆိုသည်။
အဆောက်အအုံပိုင်ရှင်သည် စံပြုသတ်မှတ်ထားသောနှုန်းထား (၂၂၆ ဒေါ်လာ) ဖြင့် နေထိုင်ခွင့်ပြုရမည်ဟု ပြဌာန်းထားသည်။
အဆိုပါစည်းမျဉ်းကို ကိုင်စွဲ၍ စတီဗင်သည် နယူးယောက်၏နာမည်ကျော် Chelsea Highline Hotel တွင် နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့သည်ဟု ဆိုသည်။
ဟမီဒိုဂီးရာကလည်းယင်းဟိုတယ်တွင်အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခဲ့ရာရရှိခဲ့သည်ဟု ဆို၏။နောက်ပိုင်းတွင် Chelsea Highline ဟိုတယ်ပိုင်ရှင်က ဂီးရာထံမှ အခန်းပြန်လည်သိမ်းဆည်းရန်ကြိုးပမ်းခဲ့မှုတွင်လည်း ဂီးရာသာ အနိုင်ရခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)