ရှန်ဟိုင်းအိမ်ခြံမြေ ၂၀၁၆ တွင် တက်ရိပ်ပြခဲ့

ရှန်ဟိုင်းအိမ်ခြံမြေ ၂၀၁၆ တွင် တက်ရိပ်ပြခဲ့ - Property News in Myanmar from iMyanmarHouse.com
5 Jan 2017 10:23 am တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ အိမ်ခြံမြေဈေးကွက်သည် ၂၀၁၆ ခုနှစ်တွင် အိမ်ငှား၊ မြေငှား
များနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အားပါးတရရှိလှသော ၀ယ်လိုအားနှင့် လုံလောက်သော
ရောင်းလိုအားတို့နှင့်အတူ တက်ရိပ်ပြခဲ့ကြောင်း ထိပ်တန်းနိုင်ငံတကာအိမ်ခြံမြေအကြံ
ပေးကုမ္ပဏီ Colliers International က ဇန်န၀ါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

"ပြီးခဲ့တဲ့နှစ်က ရှန်ဟိုင်းရဲ့ အိမ်ခြံမြေဈေးကွက်ဟာ တက်ကြွခဲ့ပါတယ်။ အဓိကအနေနဲ့
ပထမ ၁၁ လအတွင်း ရောင်းအား ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့်ပါ။"
ဟု Colliers ၏ တရုတ်ဈေးကွက်သုတေသနညွှန်ကြားရေးမှူး ကားလ်ဘီရှဲက ပြော
ကြားခဲ့သည်။ "ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဒေသအစိုးရကို လွှဲပြောင်းပေး
ခဲ့တာက ၂၀၁၆ ရဲ့ အဓိကအချက်ပါပဲ။ ဒါကြောင့် ချီပေါင်နဲ့ သာနင်းလို အဓိက
မဟုတ်တဲ့နေရာတွေမှာ အိမ်ခန်းပရောဂျက်သစ်တွေ ပေါ်ပေါက်လာခဲ့တာပါ" ဟု
လည်း သူက ပြောကြားခဲ့သည်။

လုံလောက်သောရောင်းလိုအား ရှိခဲ့သော်လည်း အိမ်သစ်နှင့် တည်ဆောက်ပြီး ရောင်း
မထွက်သေးသော အိမ်များအား အားပါးတရရှိလှသည့် ၀ယ်လိုအားကြောင့် ယေဘုယျ
ရောင်းလိုအားလစ်လပ်မှုနှုန်းသည် ၁၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်။ ၀ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သော ၂၀၁၅ ခုနှစ်ကထက် သိသိသာသာမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုတွင်လည်း ၂၀၁၅ ထက် ၉ ဆမြင့်တက်ခဲ့ကာ အလွန်တက်ကြွလှုပ်ရှား
ခဲ့ကြောင်း Colliers က ထုတ်ပြန်ခဲ့သည်။

ခွင့်ပြုချက်ရရှိထားပြီးဖြစ်သဖြင့် ၂၀၁၇ တွင် ဈေးကွက်ထဲ ရောက်ရှိလာမည့် ရောင်းလို
အား ပရောဂျက် ၁၇ ခုတွင် ဧရိယာအားဖြင့် စုစုပေါင်းစတုရန်းမီတာ ၁ ဒသမ ၅ သန်းကျော်၌ ၁ ဒသမ ၄ သန်းက အဓိကမဟုတ်သော ဧရိယာများတွင် ဖြစ်ကြောင်းလည်း
Colliers က ထုတ်ပြန်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service