ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအရ ၂၀၂၂ ခုနှစ်တွင် တိုးတက်ရန် မျှော်မှန်းထား

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအရ ၂၀၂၂ ခုနှစ်တွင် တိုးတက်ရန် မျှော်မှန်းထား - Property News in Myanmar from iMyanmarHouse.com
5 Jan 2017 10:23 am တွင် တင်ခဲ့သည်
1027 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအရ ၂၀၂၂ ခုနှစ်တွင် နေ့စဉ်စီးနင်းသူ ၂၆၃၀၀၀ အထိ တိုးတက်ရန် မျှော်မှန်းထားပြီး စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ODA ချေးငွေအပြင် ဘက်စုံသုံး ဒီဇယ်လျှပ်စစ်ရထားများကိုပါ မြန်မာနိုင်ငံအနေဖြင့် ၀ယ်ယူနိုင်ရန် မေတ္တာရပ်ခံထားကြောင်း ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာ အပြီးသတ်မူကြမ်းအရ သိရသည်။

လူဦးရေနှင့် စီးပွားရေးတိုးတက်မှုအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၃၅ ခုနှစ်၌ လူဦးရေ ၁၀ သန်းကျော်အထိ ရှိလာနိုင်သည့် အပြင် ယာဉ်ရထားဖြင့် ခရီးသွားလာမှုမှာလည်း ၉ ဒသမ ၅ သန်းအထိ တိုးတက်လာနိုင်သဖြင့် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းသည် မြို့ပြပို့ဆောင်ရေးအတွက် အရေးအပါဆုံးစီမံကိန်း ဖြစ်နေသည်။ မြို့ပတ်ရထား အဆင့်မြှင့်တင်ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်မည်ဖြစ်သလို အခြားအားသာချက်များလည်း ရှိနိုင်မည် ဖြစ်သည်။

မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ထောက်ပံ့ပေးရန် ဂျပန်နိုင်ငံအစိုးရသို့ တရားဝင် မေတ္တာရပ်ခံထားချက်အရ ဂျပန်နိုင်ငံမှ ODA ချေးငွေ ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ မေတ္တာရပ်ခံထားမှုတွင် ရန်ကုန်မြို့ပတ်ရထားလမ်းရှိ မလွှကုန်းဘူတာမှ ရန်ကုန်ဘူတာကြီးအတွင်း အချက်ပြစနစ်သစ် တပ်ဆင်ခြင်းပါဝင်ပြီး ရန်ကုန်ဘူတာကြီးနှင့် (KP0+600) ကြား နှစ်ကီလိုမီတာရှိ အနောက်ဘက် အစိတ်အပိုင်းနှင့် (KP1+400) ကြား အရှေ့ဘက်အပိုင်းကို ဖယ်ထုတ်ထားပြီး ဘက်စုံသုံး ဒီဇယ်လျှပ်စစ်ရထားများ ၀ယ်ယူခြင်းတို့ ပါဝင်နေသည်။

ယင်းမေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံအနေဖြင့် မြို့ပြနှင့် ရထားလမ်းအလုပ်၊ ဘူတာရုံ စင်္ကြ၊ လျှပ်စစ်ဖြန့်ဖြူးရေး၊ အချက်ပြစနစ်အသစ်နှင့် ဘက်စုံသုံး ဒီဇယ်လျှပ်စစ်ရထားတပ်ဆင်ခြင်းအတွက် သိုလှောင်ရုံနှင့် အလုပ်ရုံတို့ကို မြန်မာ့မီးရထားရသုံးငွေဖြင့် မဖြစ်မနေ ကြိုတင်ဆောင်ရွက်ထားရမည် ဖြစ်သည်။ အဆိုပါ ဆောင်ရွက်မှုအတွက် လိုအပ်သည့် ပစ္စည်းအစိတ်အပိုင်းများကိုမူ JICA ထံမှ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားတွင် နေ့စဉ်စီးနင်းသည့် ခရီးသည်အရေအတွက်မှာ ၂၀၁၅ ခုနှစ် တွင် ၇၃၁၀၀ ရှိပြီး စီမံကိန်းမြှင့်တင်မှုအရ ၂၀၂၂ ခုနှစ်တွင် ၂၆၃၀၀၀ အထိ တိုးလာမည် ဖြစ်သလို အမြန်နှုန်းများ၊ နေ့စဉ် ရထားပြေးဆွဲနိုင်မှုများလည်း တိုးတက်လာမည်ဖြစ်ပြီး နေ့စဉ် စီးနင်းသူအရေအတွက်တွင် ၂၀၃၅ ခုနှစ်၌ တစ်နေ့လျှင် ခရီးသည် ခုနစ်သိန်းအထိ တိုးတက်လာရန် မျှော်မှန်းထားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းအရ လုပ်ဆောင်ရမည့် စီမံကိန်းအစိတ်အပိုင်းများမှာ အချက်ပြစနစ်သစ် တပ်ဆင်ခြင်း၊ ရထားတွဲဆိုင်းများ ၀ယ်ယူခြင်း၊ ရထားလမ်းများအား ပြန်လည်ချိန်ညှိခြင်း၊ လမ်းကြောင်းနှင့် ရထားလမ်းကြမ်းခင်းအလုပ်၊ ရေမြောင်းစနစ်၊ ရထားလမ်းဖြတ်တံတားများ ကြံ့ခိုင်မှုမွမ်းမံခြင်း၊ လူကူးခုံးကျော်တံတား အသစ်များ တည်ဆောက်ခြင်း၊ ရထားလမ်းဖြတ်၊ ခြံစည်းရိုးကာခြင်း၊ ဘူတာရုံအဆင့်မြှင့်တင်ခြင်း၊ အဆောက်အအုံအသေးစား တည်ဆောက်ခြင်း၊ ရထားပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများနှင့် လျှပ်စစ်ဖြန့်ဖြူးခြင်းစနစ်များ ပါဝင်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Maha Nadi Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service