မန္တလေးတန်ဖိုးမျှ တိုက်ခန်းဝယ်ယူရန် လျှောက်ထားသူများလွန်း၍ မဲနှိုက်ရွေးချယ်ရာတွင် တစ်ရက်တည်းမပြီးပြတ်

မန္တလေးတန်ဖိုးမျှ တိုက်ခန်းဝယ်ယူရန် လျှောက်ထားသူများလွန်း၍ မဲနှိုက်ရွေးချယ်ရာတွင် တစ်ရက်တည်းမပြီးပြတ် - Property News in Myanmar from iMyanmarHouse.com
5 Jan 2017 10:07 am တွင် တင်ခဲ့သည်
1484 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများ ၀ယ်ယူရန် လျှောက်ထားသူများ ပြားပြီး တိုက်ခန်းဝယ်ယူခွင့်အ တွက် မဲနှိုက်ရွေးချယ်ရာတွင် တစ်ရက်တည်းဖြင့် မပြီးပြတ်ဘဲ နောက်တစ်နေ့၌ဆက်လက်မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ နက တည်ဆောက်ကာ အရစ်ကျ စနစ်ဖြင့် ရောင်းချမည့် မြရည်နန္ဒာ တန်ဖိုးမျှအိမ်ရာ တိုက်ခန်း ၅၆၀ အတွက် ၀ယ်ယူခွင့်ရရန် လျှောက် ထားသူ ၁၃,၀၀၀ ကျော်ရှိသည်ဟု တိုက်ခန်းဝယ်ယူခွင့် မဲနှိုက်ရွေး ချယ်ရာတွင် ကြီးကြပ်နေသည့် မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။

‘‘လျှောက်ထားသူက အရမ်း များတယ်။ ဒီနေ့မပြီးဘူး။ နောက် နေ့ထိ မဲနှိုက်ရဦးမယ်’’ဟု ၎င်းက ပြောသည်။

တန်ဖိုးမျှတ အိမ်ရာများကို အများပြည်သူသို့ အရစ်ကျစနစ် ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး မန္တ လေးတိုင်းဒေသကြီးအတွင်းနေ ထိုင်သည့် အစိုးရ၀န်ထမ်း၊ ကုမ္ပ ဏီဝန်ထမ်း၊ အငြိမ်းစားများနှင့် ၀င်ငွေနည်းပြည်သူများ တန်းတူ ၀ယ်ယူခွင့်ပြုခဲ့၍လျှောက်ထားသူများပြားခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများက ပြော သည်။

‘‘အန်ကယ်တို့က Open ဖွင့် ပေးလိုက်တာ။ အားလုံးကိုရစေ ချင်တယ်။ အဓိကကတော့ အစိုးရ ၀န်ထမ်းတွေထဲက လျှောက်တာ အရမ်းများတယ်’’ ဟု ဦးစိုင်းကျော် ဇောက ပြောသည်။

ဇန်န၀ါရီ ၄ ရက် နံနက်ကစတင်ကာ ညနေ ၆ နာရီခန့်အထက် မဲနှိုက်ရွေးချယ်ရာတွင် မပြီးပြတ် သေးဘဲ နိုင်ငံ့ ၀န်ထမ်းများ၏ လျှောက်လွှာများ မှုနှိုက်ရန်ကျန်ရှိ နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။

တန်ဖိုးမျှတိုက်ခန်း မဲနှိုက်ရွေးချယ်ရာတွင် လူများ၍ တိုးမပေါက်အောင်ဖြစ်ခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့ရှိ ကျုံးဘေး ၆၆ လမ်းကို ခေတ္တလမ်းပိတ်ထားခဲ့သည်ဟု တိုက်ခန်းဝယ် ယူခွင့်လျှောက်လွှာတင်ကာ သွားရောက်မဲနှိုက်ခဲ့သူများက ပြော သည်။

ကနဦးတွင် လျှောက်ထားသူ တစ်ဦးချင်းစီကို ကိုယ်တိုင်မဲနှိုက် စေခြင်းကြောင့် အနည်းငယ်အချိန် ကြန့်ကြာခဲ့ပြီး နောက်ပိုင်းတွင် ကြီးကြပ်ရေးအဖွဲ့က ကိုယ်စားမဲ နှိုက်ပေးနေသော်လည်း လျှောက် ထားသူများလွန်း၍ အချိန်ကြာ မြင့်စွာစောင့်ဆိုင်းခဲ့ရသည်ဟု ၎င်းတို့ကပြောသည်။

တန်ဖိုးမျှတတိုက်ခန်း ၀ယ် ယူခွင့်လျှောက်ထားသူ၏ မိသားစု သည် ပျမ်းမျှလစဉ်ဝင်ငွေအနည်း ဆုံး ကျပ်လေးသိန်းမှ ငါးသိန်းအ ထိ ရှိရမည်ဟု စည်းကမ်းသတ် မှတ်ထားပြီး အရစ်ကျလေးလဖြင့် အကျေပေးချေရေးစနစ် (သို့မ ဟုတ်) ဘဏ်ချေးငွေစနစ်တို့ဖြင့် ၀ယ်ယူမည်ဆိုသည်ကို လျှောက် လွှာတင်ချိန်ကတည်းက တစ်ခါ တည်းဖော်ပြလျှောက်ထားရသည် ဟု ၎င်းတို့က ဆိုသည်။

‘‘အိမ်ပိုင် ရာပိုင်မရှိဘူးဆိုတဲ့ အကြောင်း ရပ်ကွက်ထောက်ခံ စာယူရတယ်။ မြို့နယ်ကိုလည်း မိတ္တူပို့ရတယ်။ ဒီတစ်ခါမရလည်း နောက်ထပ်ဆောက်ပေးမယ်ဆို လို့ လျှောက်ထားတာ’’ဟု တန်ဖိုး မျှအိမ်ရာဝယ်ယူခွင့်လျှောက်ထား သည့် မန္တလေးမြို့ခံ အစိုးရ၀န် ထမ်းတစ်ဦးက ပြောသည်။

မြရည်နန္ဒာတန်ဖိုးမျှတအိမ် ရာများကို မြေညီထပ်တစ်ခန်းလျှင် ကျပ် ၂၂၃ သိန်း၊ ပထမထပ်တစ် ခန်းလျှင် ကျပ် ၂၀၈ သိန်း၊ ဒုတိယ ထပ် ကျပ် ၁၉၃ သိန်း၊ တတိယ ထပ် ကျပ် ၁၇၈ သိန်း၊ စတုတ္ထ ထပ် ကျပ် ၁၆၃ သိန်းနှုန်းများဖြင့် ရောင်းချမည်ဖြစ်ပြီး လက်ငင်းစ နစ်၊ အရစ်ကျစနစ်၊ ဘဏ်ချေးငွေ စနစ်တို့ဖြင့် ရောင်းချပေးမည် ဖြစ် သည်။

မဲပေါက်၍ တိုက်ခန်းဝယ်ယူ ခွင့်ရသူသည် (၁) တိုက်ခန်းတန် ဖိုးကို အရစ်ကျစနစ်ဖြင့် လေးလ၊ လေးရစ်ဖြင့် အကျေပေးချေသော စနစ်၊ (၂) ဘဏ်ချေးငွေဖြင့် ၀ယ် ယူသောစနစ်(ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပြီး) တိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းကို တစ်ကြိမ်တည်း အကျေပေးသွင်းခြင်း (သို့မဟုတ်) တစ်နှစ်အတွင်း အရစ်ကျပေးသွင်းခြင်းဖြင့် ဦးစွာပေး သွင်းကာ တိုက်ခန်း၏ တန်ဖိုး ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေစနစ်ဖြင့် ရှစ်နှစ်အတွင်း ပေးချေရမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးတွင် သုံးနှစ်အတွင်း တန်ဖိုးမျှအိမ်ရာ တိုက်ခန်းပေါင်း ၈,၆၀၀ ခန့် ဆောက်လုပ်ပေးရန် လျာထား ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Maha Nadi Condominium
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service