စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကအိမ်ဈေးများသည် ၂၀၁၆ ခုနှစ်တွင် ၂၀၁၅ ခုနှစ်ကထက် ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယင်းသည် ၂၀၁၅ ခုနှစ်က ကျဆင်းနှုန်း ၃ ဒသမ ၇ အောက် မဆိုစလောက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (URA) က စင်္ကာပူအိမ်ဈေးများ ဆက်လက်ကျဆင်းခဲ့ပုံနှင့်ပတ်သက်၍ ၎င်းတို့လေ့လာတွေ့ရှိခဲ့သော အချက်အလက်များကို အခြေခံ၍ ဇန်န၀ါရီလ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
၂၀၁၆ စတုတ္ထသုံးလပတ်အတွင်း ဈေးနှုန်းများသည် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၂၀၁၅ စတုတ္ထသုံးလပတ်ကမူ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
၂၀၁၆ စတုတ္ထသုံးလပတ်တွင် CCR နယ်နမိတ်ရှိ မြေစိုက်အိမ်မဟုတ်သော ပုဂ္ဂလိကအိမ်ခန်းများ၏ ဈေးနှုန်းများသည် မပြောင်းလဲခဲ့ပေ။ တတိယသုံးလပတ်ကမူ ၁ ဒသမ ၉
ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ RCR နယ်နိမိတ်ရှိ မြေစိုက်အိမ်မဟုတ်သော ပုဂ္ဂလိကအိမ်ခန်းများ၏ ဈေးနှုန်းများက ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တတိယသုံးလပတ်ကမူ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
OCR နယ်နိမိတ်အတွင်းရှိ မြေစိုက်အိမ်မဟုတ်သော အိမ်ခန်းများ၏ ဈေးနှုန်းများသည် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တတိယသုံးလပတ်က ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
တစ်နှစ်တာပတ်လုံးအတွက်မူ CCR က ၁ ဒသမ ၃ ရာခိုင်နှုန်း၊ RCR က ၂ ဒသမ ၈ရာခိုင်နှုန်းနှင့် OCR က ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
မြေစိုက်အိမ်ဈေးနှုန်းများကမူ စတုတ္ထသုံးလပတ်တွင် ၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တတိယသုံးလပတ်ကမူ ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တစ်နှစ်တာပတ်လုံးအတွက်မူ မြေစိုက်အိမ်ဈေးနှုန်းများသည် ၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အထက်ပါအချက်အလက်များသည် URA ၏ အစောပိုင်းထုတ်ပြန်ချက်များ ဖြစ်သည်။
အချက်အလက်အပြည့်အစုံကိုမူ URA က ယခုလ ဇန်န၀ါရီလ ၂၆ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com