မြေငှားဂရန်ရရှိရေး လျှောက်ထားတင်ပြထားသော ပြည်သူ(၁၈)ဦးထံသို့မြေငှားဂရန်ပေးအပ်

မြေငှားဂရန်ရရှိရေး လျှောက်ထားတင်ပြထားသော ပြည်သူ(၁၈)ဦးထံသို့မြေငှားဂရန်ပေးအပ် - Property News in Myanmar from iMyanmarHouse.com
4 Jan 2017 9:36 am တွင် တင်ခဲ့သည်
1005 ကြိမ် ကြည့်ရှု့ပြီး
လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ ဇန်န၀ါရီ လ ၃ ရက် နေ့၊ နံနက် ၁၀နာရီ အချိန်က ဒေါနိုးကူးရပ်ကွက်မှ မြေငှားဂရန်ရရှိရေး လျှောက်ထားတင်ပြထားသော ပြည်သူ (၁၈) ဦးထံသို့ မြေငှား ဂရန် ပေးအပ်ပွဲကိုပြုလုပ် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ၊ လွှတ်တော် ဒု-ဥက္ကဌ ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ ဌာနဆိုင်ရာများ ရပ်ကွက်နေပြည်သူတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူများအနေဖြင့် မြေဂရန်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများအား သိရှိလိုသည့်အတွက် လာရောက်ရခြင်း ဖြစ်ကြောင်း ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏အခက်အခဲ့များအား တင်ပြဆွေးနွေး နိုင်ကြောင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြရာတွင် မိမိတို့ အနေဖြင့် မြေငှားဂရန်လျှောက်ထား ရာတွင် ဌာနဆိုင်ရာများက ပါဝင်ကူးညီဆောင်ရွက်ပေးသည့်အတွက် အခက်အခဲ့များမရှိပါကြောင်း ၊ ယခု မြေငှားဂရန် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြန်လည် ပြောကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြေငှားဂရန်ရရှိရေး လျှောက်ထားတင်ပြထားသော ဒေါနိုးကူး ရပ်ကွက်နေ ပြည်သူ (၁၈) ဦးထံသို့ မြေငှားဂရန် များပေးအပ်ခဲကြောင်းသတင်းရရှိသည်။

ယခုလက်ရှိအချိန်ထိ မြေဂရန်များထုတ်ပေးပြီးစီးမှုမှာ (၂၃-၈-၂၀၁၆) ရက်နေ့တွင် ဒေါဥခူရပ်ကွက်၌ (၁၆)ဦး၊ (၂၃-၉-၂၀၁၆) ရက်နေ့တွင် ဒေါတမရပ်ကွက်၌ (၂၀)ဦး ၊ (၁၄-၁၂-၂၀၁၆) ရက်နေ့တွင် မိုင်းလုံးရပ်ကွက်၌ (၂၁)ဦး နှင့် (၃-၁-၂၀၁၇) ရက်နေ့တွင် ဒေါနိုးကူးရပ်ကွက်၌ (၁၈) ဦးတို့အား ပေးအပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service