တရုတ်နိုင်ငံ ဇန်ယူအန်အရပ်ဒေသ တွင် ဖွင့်လှစ်ထားသည့်စာအုပ်ဆိုင်သည် အလွန်ပင် ဒီဇိုင်းဆန်းပြားလှသည်။ စာအုပ်ဆိုင်ထဲ ဝင်လိုက်သည်နှင့် သိပ္ပံ စိတ်ကူးယဉ်ဇာတ်ကားထဲ ရောက်သွား သည့်အလားခံစားရမည်ဖြစ်သည်။
စာအုပ်စင်များကို အခုံးပုံစံ လုပ်ထားသဖြင့် ဆိုင်ကြီးသည်ခမ်းနားလှသည့် လိုဏ်ဂူ အလားဖြစ်နေတော့သည်။ ယင်းဆိုင် ပတ်ဝန်းကျင်တွင်တံတားခုံးများနှင့် ရေ ပြင်တို့ ရှိသည်။
ထို့ကြောင့် ပတ်ဝန်း ကျင် နှင့်လိုက်ဖက်စေရန် စာအုပ်ဆိုင်ကိုလည်း ထိုသို့ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ထို့ပြင် ကြမ်းပြင်ကိုလည်း အရောင်
ပြန်အောင် စီမံထားသည်။ရေမျက်နှာပြင် ကဲ့သို့ အရောင်ပြန်နေစေရန် ထိုသို့ စီမံ ထားခြင်းဖြစ်သည်။
ယင်းထဲတွင် စာဖတ်ခန်းပါကာ ကလေးများအတွက် သီး သန့်စာဖတ်ခန်းလည်းရှိသည်။ ကလေး များအတွက် ရည်ရွယ်ထားသည့် စာဖတ် ခန်းတွင်ချား၊ ရိုလာကိုစတာ၊ မီးပုံးပျံနှင့် ပင်လယ်ဓားပြသင်္ဘောများကို ထည့်သွင်း ထားသည်။
ကလေးများ ကစားကွင်းတွင် စာဖတ်နေသည့်အလား ခံစားရစေရန် ထိုသို့ အထူးဆန်း သစ် ထားခြင်းဖြစ်သည်။ စာအုပ်ဆိုင်၏ မျက်နှာကြက်မှာလည်း ကြယ်တာရာ များဖြင့် ပြည့်နေသည့် ကောင်းကင် သဏ္ဌာန်ဖြစ်သည်။
Credit: PYI Myanmar