၂၀၁၆ အတွင်း ဆက် တိုက်ကျဆင်းခဲ့သော ရန်ကုန် စတော့အိတ်ချိန်းမှ အများပိုင် ကုမ္ပဏီများ၏ ရှယ်ယာသည် ၂၀၁၇ နှစ်ဆန်းတွင် ပြန်လည် မြင့်တက်လာကြောင်း သတင်းရရှိ သည်။
ဇန်န၀ါရီ ၂ ရက်က FMI ကုမ္ပဏီ၏ ရှယ်ယာမှာ ၄ ရာခိုင် နှုန်းခန့် မြင့်တက်လာပြီး MTSH ရှယ်ယာ ၂ ရာခိုင်နှုန်းကျော်နှင့် MCB ၏ ရှယ်ယာသည် ၄ ရာခိုင် နှုန်းမြင့်တက်လာကြောင်းရန်ကုန် စတော့အိတ်ချိန်းမှ သတင်းရရှိ သည်။ ၂၀၁၆ နှစ်ကုန်တွင် FMI ကုမ္ပဏီ၏ ရှယ်ယာ တစ်စုလျှင် ကျပ် ၁၃,၅၀၀ သို့ စံချိန်တင် ကျဆင်းလာသော်လည်း ယခုနှစ် သစ်တွင် ကျပ် ၁၄,၀၀၀ သို့ ပြန် လည်မြင့်တက်လာခဲ့သည်။ သီ လ၀ါအထူးစီးပွားရေးဇုန် အများ ပိုင်ကုမ္ပဏီ (MTSH) ၏ ရှယ်ယာသည် ၄,၅၀၀ ကျပ်သို့ မြင့် တက်ခဲ့ပြီး မြန်မာနိုင်ငံသားများ ဘဏ်သည်လည်း နှစ်သစ်တွင် ရှယ်ယာတန်ဖိုး ဆက်လက်မြင့် တက်ခဲ့သည်။
‘‘နှစ်သစ်မှာ ကုမ္ပဏီတွေ အားလုံး စတော့ရှယ်ယာအတက် ဈေးနဲ့စတော့ ဒီနှစ်အကျိုးအမြတ် ကောင်းတွေ ရမယ်လို့ ထင်ပါ တယ်။ ရှယ်ယာပိုင်ထားတဲ့သူတွေ ကလည်း သူတို့ပိုင်တဲ့ရှယ်ယာကို အပိုင်ကိုင်ထားပြီး ထုတ်မရောင်း တော့ ရှယ်ယာဈေးက ကျလာခဲ့ တာပါ’’ဟု စတော့ရှယ်ယာ ၀ယ် ယူထားသူတစ်ဦးကပြောသည်။
ရန်ကုန် စတော့အိတ်ချိန်း တွင် ရှယ်ယာအရောင်းအ၀ယ် အနည်းဆုံးလမှာ ဒီဇင်ဘာဖြစ်ပြီး ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ရှယ်ယာအရောင်းအ၀ယ်စတင်ခဲ့ သည့် မတ်လ၌ ကျပ် ၂၄ ဘီလီယံ အရောင်းအ၀ယ်ဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း လျော့နည်းလာခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာတွင် ကျပ် ၂ ဒသမ ၂ ဘီလီယံကျော် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ရန်ကုန် စတော့ အိတ်ချိန်းသည် ၂၀၁၆ အတွင်း ကျပ်ဘီလီယံ ၇၀ ကျော် ရှယ် ယာအရောင်းအ၀ယ်ဖြစ်ခဲ့သည်။
၂၀၁၆ အတွင်း FMIကုမ္ပဏီ သည်ရှယ်ယာတန်ဖိုး ၅၃ ရာခိုင် နှုန်းကျော် ကျဆင်းပြီး MTSH ကုမ္ပဏီသည် အစုရှယ်ယာတန်ဖိုး ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ သည်။ သို့သော် မြန်မာနိုင်ငံသား များဘဏ် (MCB) သည် ၁၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ သည်။
Credit: 7Daydaily