ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရန် မြန်မာဘက်က ကုမ္ပဏီ ၂၅ ခုလျှောက်ထားပြီး ဖြစ်ကြောင်းသတင်းရရှိသည်။
လက်ရှိတွင် စိတ်ဝင်စား၍ ကော်မတီသို့ တင်ပြရန် စီစဉ်နေသည့် ကုမ္ပဏီ ၃၀ အနက် ကုမ္ပဏီ ၂၅ ခုက လျှောက်လွှာလာရောက် တင်ပြထားပြီး ဖြစ်သည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးမောင်က ပြောသည်။
ယခုအချိန်တွင် ကုမ္ပဏီအ သစ်များ၏ စိတ်ဝင်စားဖော်ပြလွှာ တင်ပြမှုကို ရပ်ဆိုင်းပြီး လျှောက်လွှာပြန်လည်တင်ပြရန် ကျန်ရှိသည့် ကုမ္ပဏီ ငါးခုကို ဇန်န၀ါရီ ၁၅ ရက်အထိ အချိန်ပေးထားသည်ဟု ဆိုသည်။ အဆိုပါကုမ္ပဏီများကို စီမံခန့်ခွဲမှုကော်မတီက ဗဟိုအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြပြီး ရွေးချယ်မည်ဟု ဆိုသည်။
ယခင်ကျောက်ဖြူအထူးစီး ပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ သည်
၂၀၁၆ မတ်လ ၃၀ ရက်က အဆိုပြုလွှာ ဖိတ်ခေါ်ထားသည့်
ကုမ္ပဏီ၁၉ခုရှိပြီးယခုစီမံခန့်ခွဲမှုကော်မတီအသစ်တွင်ကုမ္ပဏီ
အားလုံးပြန်လည်လျှောက်ထားခဲ့သည်။
၂၀၁၂ တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MKSH) ကို ကုမ္ပဏီ ၁၆ခုဖြင့် တည်ထောင်ထားပြီး ယခု
ရွေးချယ်မည့်ကုမ္ပဏီနှင့်ပူးပေါင်းအကောင်အထည်ဖော်မည် ဖြစ်ကြောင်း
ဒေါက်တာ ဦးမောင်က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် မြန်မာနိုင်ငံအတွက် အ လုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်၍ အလျင်အ
မြန်အကောင်အထည်ဖော်သင့်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
အဆိုပါ စီမံကိန်းသည် ဦး သိန်းစိန်အစိုးရသက်တမ်းကုန်ခါ နီးတွင် အလျင်အမြန်အကောင် အထည်ဖော်ရန် ဆောင်ရွက်ခြင်း နှင့် စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့် ချေးငွေ သည် အတိုးနှုန်းများသဖြင့် ဒေသ ခံများက စိုးရိမ်သော စီမံကိန်းဖြစ်သည်။
တင်ဒါ အောင်ထားသည့် တရုတ် CITIC Consortium သည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလီယံရင်းနှီး မြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟု ဆိုသည်။
စက်မှုဇုန်အတွက် တင်ဒါခေါ်ယူစဉ်က ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက်
က ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီဘက်က ၄၉ ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း ရေနက်ဆိပ်ကမ်းအတွက် သတ်မှတ် ချက်မရှိသေးကြောင်း ယခင်စီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး က ပြောကြားသည်။
Credit: 7Daydaily