ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် တရုတ်နိုင်ငံပိုင်အထူးဒေသဖြစ်သော ဟောင်ကောင်၌
ဟောင်ကောင်အစိုးရ၏ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များတွင် ဖော်ပြချက်အရ ဟောင်ကောင်အိမ်ဈေးနှုန်းများသည် ရှစ်လဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် နိုဝင်ဘာလတွင် စံချိန်သစ်တင်၍ မြင့်တက်ခဲ့ကြောင်း သိရ
သည်။ ၎င်းစံချိန်တင်မြင့်တက်မှုသည် ယခင်စံချိန် ၂၀၁၅ ခုနှစ် စက်တင်ဘာလကနှုန်းထက်ပင် သာလွန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နိုဝင်ဘာတွင် ပုဂ္ဂလိကအိမ်ဈေးများသည် အောက်တိုဘာလကထက် ၀ ဒသမ
၇၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယခင်စံချိန်ထက် ၀ ဒသမ ၁၆ ရာခိုင်နှုန်း သာလွန်ခဲ့ကြောင်း အဆင့်သတ်မှတ်ချက်နှင့် ရာဖြတ်ဌာနက စုဆောင်းရရှိခဲ့သည့် ထိုအချက်အ
လက်များအရ သိရသည်။
အာရှ၏ ငွေကြေးအချက်အချာနေရာဖြစ်သည့် ဟောင်ကောင်
သည် ကမ္ဘာတွင် ကုန်ကျစရိတ်အကြီးမြင့်ဆုံးမြို့ကြီးပြကြီးများအနက် တစ်ခုဖြစ်သည်။
ဟောင်ကောင်အိမ်ဈေးများသည် ၁ စတုရန်းပေလျှင် ပျမ်းမျှ ဟောင်ကောင်ဒေါ်လာ
၁၀,၇၀၀ (အမေရိကန်ဒေါ်လာ ၁,၃၈၀) ရှိကြောင်း ဟောင်ကောင်အိမ်ခြံမြေအကျိုး
ဆောင် Midland Realty က ထုတ်ပြန်ထားသည်။
ရေပန်းစားသောခရိုင်များရှိ တိုက်ခန်းများသည် ၁ စတုရန်းပေလျှင် ပျမ်းမျှ ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၅၈၀) ရှိသည်။
ဟောင်ကောင်ဒေသခံများ၏ ပျမ်းမျှလစာသည် ဟောင်ကောင်ဒေါ်လာ ၁၅,၅၀၀ (အမေရိကန်ဒေါ်လာ ၁,၉၉၈) ရှိသည်။
သို့ဖြစ်ရာ အိမ်များကို ပိုမိုလက်လှမ်းမီလာနိုင်ကြရေးသည် လွန်ချန်ယင် ဦးဆောင်သော လက်ရှိဟောင်ကောင်အစိုးရ၏ ထိပ်တန်းဦးစားပေးကိစ္စရပ်တစ်ရပ်ဖြစ်လာသည်။
တရုတ်ပြည်မကြီးမှ ၀ယ်လက်များကြောင့် ဟောင်ကောင်တွင် အိမ်သစ်ဝယ်လိုအားသည် ဆက်လက်မြင့်မားနေမည်ဖြစ်ကာ အဆင့်မြင့်အိမ်ခန်းဈေးနှုန်းများ ဆက်လက်မြင့်တက်
မည်ဟု ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ အကြီးတန်းညွှန်ကြားရေးမှူး သောမတ်စ်လမ်က ပြောကြားခဲ့သည်။
JLL နှင့် Savills အပါအ၀င် ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီများကလည်း
၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အိမ်ဈေနှုန်းများ ၅ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟု ခန့်မှန်းထားကြသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန်ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com