အရစ်ကျတိုက်ခန်းတွေ ဝယ်ယူတာတွေက သေချာစုံစမ်းမှသာ အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။
အရစ်ကျစနစ်တွေနဲ့ ရောင်းချတာတွေမှာ အစိုးရက ရောင်းတာတွေရှိသလို ကုမ္ပဏီတွေ၊ ကန်ထရိုက်တာတွေကနေ ရောင်းချတာတွေလည်း ရှိပါတယ်။
“အရစ်ကျစနစ်နဲ့ ဝယ်တော့မယ်ဆိုရင် အစိုးရရောင်းတာတွေကို ဝယ်ယူတာဖြစ်ဖြစ်၊ ကုမ္ပဏီတွေက ရောင်းတာတွေကို ဝယ်ယူ တာဖြစ်ဖြစ် နောက်ကြောင်းကို တော့ သေချာစုံစမ်းသင့်တယ်၊ ဘာလို့လဲဆိုတော့ တိုက်ခန်းပေါ် မရောက်ခင်မှာ နောက်တစ်ယောက်ကို ရောင်းလိုက်တာတွေ၊ အရှုံးပေါ်လို့ ထွက်ပြေးသွားတယ်တို့ ဘာတို့ဖြစ်တယ်ဆိုရင် ဝယ်ယူသူတွေဘက်ကပဲ နစ်နာမှာ၊ အဲဒါ ကြောင့် မဝယ်ခင်ကတည်းက ကြို ပြီး စုံစမ်းသင့်တယ်”လို့ ရှေ့နေ ဦးတင်သန်းဦးက ပြောပါတယ်။
ငွေသွင်းပြီးဝယ်ယူတာတွေက အန္တရာယ်အကြီးဆုံးဖြစ်ပြီး ဝယ်ယူတဲ့အခါမှာလည်း ငွေဘယ်လောက် ဝင်ရင်တိုက်ခန်းရနိုင်မလဲဆိုတာတွေ ရောင်းချသူတွေချထားတဲ့ စည်းကမ်းချက်တွေကို သေချာလိုက်နာထားရမှာလည်း ဖြစ်ပါ တယ်။ နှစ်၃၀သွင်းတာတွေကို ဝယ်ယူပြီးရင် ငွေမသွင်းရင် ဘာတွေ ဖြစ်လာနိုင်လဲ၊ ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာနိုင်လားဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။လိုက်နာနိုင်တယ်ဆိုမှဝယ်ယူတာအကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra