ရန်ကုန်စတော့အိတ်ချိန်း သည် ယခုနှစ်ဒီဇင်ဘာတွင် ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှယ် ယာအရောင်းအ၀ယ်ဖြစ်ပြီး စ တော့အိတ်ချိန်း စတင်ဖွင့်လှစ် သည့် တစ်နှစ်အတွင်း ဒီဇင်ဘာ သည် ရှယ်ယာအရောင်းအ၀ယ် ပမာဏ အနည်းဆုံးလ ဖြစ်ခဲ့ ကြောင်း ရန်ကုန်စတော့အိတ်ချိန်း မှ သတင်းရရှိသည်။
စတော့အိတ်ချိန်းတွင် ရှယ် ယာအရောင်းအ၀ယ် စတင်ခဲ့ သည့် မတ်လ၌ ကျပ် ၂၄ ဘီလီ ယံအရောင်းအ၀ယ်ဖြစ်ခဲ့ပြီး တ ဖြည်းဖြည်း လျော့နည်းလာရာ ပြီးခဲ့သည့် နိုဝင်ဘာက ကျပ် ၂ ဒသမ ၂ ဘီလီယံကျော် အရောင်း အ၀ယ်ဖြစ်သော်လည်း ယခု ဒီ ဇင်ဘာအထိ ရှယ်ယာအရောင်း အ၀ယ်ပမာဏ ဆက်လက်ကျ ဆင်းလာခြင်းဖြစ်သည်။
ရှယ်ယာအရောင်းအ၀ယ် စ တင်ချိန်တွင် FMI ကုမ္ပဏီတစ်ခု တည်းက ရှယ်ယာအရောင်းအ ၀ယ်ပြုလုပ်ခဲ့ပြီး မေလ၌ ဒုတိယ မြောက် အများပိုင်ကုမ္ပဏီအဖြစ် သီလ၀ါအထူးစီးပွားရေးဇုန် အ များပိုင်ကုမ္ပဏီ (MTSH) က ရှယ် ယာစတင်ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံသားများဘဏ် (MCB) က သြဂုတ်တွင် ရှယ်ယာရောင်းချခဲ့သည်။
FMI ကုမ္ပဏီသည် ဒီဇင်ဘာ တစ်လအတွင်း ရှယ်ယာတန်ဖိုး ၁၅ ရာခိုင်နှုန်းကျော်ကျဆင်းပြီး ရှယ်ယာ တစ်စုလျှင် ကျပ် ၁၃,၅၀၀ အထိ ပေါက်ဈေးရှိခဲ့ သည်။ ယင်းနှုန်းသည် အဆိုပါ ကုမ္ပဏီ၏ သမိုင်းဝင်ရှယ်ယာတန် ဖိုး ကျဆင်းမှုဖြစ်သည်။ သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ(MTSH)၏ ရှယ်ယာသည် ဒီဇင်ဘာအတွင်း ၆ ရာခိုင်နှုန်း ကျော် ကျဆင်းပြီး ရှယ်ယာတစ် စုလျှင်ကျပ်၎,၄၀၀အထိ ကျဆင်း ခဲ့သည်။ မြန်မာနိုင်ငံသားများ ဘဏ် (MCB) သည်လည်း ရှယ် ယာတန်ဖိုး ၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၉,၁၀၀ အထိ ကျဆင်းခဲ့ သည်။
‘‘စတော့ရှယ်ယာကို လူတွေ က စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ အ လွယ်တကူ ငွေရမယ့်လုပ်ငန်းထင် နေတယ်။ ဒါကြောင့် အစမှာ ရှယ် ယာဈေးတွေတက်၊ ၀ယ်လိုအား တွေကောင်းခဲ့တာ၊ အခုဘယ်သူမှ စတော့ကို လှည့်မကြည့်ကြတော့ ဘူး’’ဟု စတော့ရှယ်ယာလေ့လာ သူတစ်ဦးကပြောသည်။
FMI ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချသည့် မတ်လ ၂၅ ရက်မှ ယနေ့နှစ်ကုန်အထိ ၅၃ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သည်။ MTSH ကုမ္ပဏီသည် အစုရှယ် ယာစတင်ရောင်းချသည့် မေလ ၂၀ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အ တွက် ရှယ်ယာတန်ဖိုး ၁၂ ရာခိုင် နှုန်းကျော်ကျဆင်းခဲ့သည်။ သို့ သော် မြန်မာနိုင်ငံသားများဘဏ် (MCB)သည် စတင်ရောင်းချသည့် သြဂုတ် ၂၆ ရက်နှင့် ယခုနှစ်ကုန် အထိ နှိုင်းယှဉ်ပါက ၁၃ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း စ တင်ဖွင့်လှစ်ချိန်မှ လက်ရှိအထိ ကျပ်ဘီလီယံ ၇၀ ကျော် ရှယ် ယာအရောင်းအ၀ယ်ဖြစ်ခဲ့သည်။
Credit: 7DayDaily