မန္တလေးတိုင်းဒေသကြီး တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၇-၁၈ဘဏ္ဍာနှစ် ၌ ဆောက်လုပ်မည့် တိုက်ခန်း များကို မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာဝယ်ယူခွင့်မရရှိသူများအ တွက် အလှည့်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ် ရာတိုက်ခန်းများကို အရစ်ကျ စနစ်ဖြင့် ၀ယ်ယူရန် လျှောက် လွှာတင်ပြီး မဲမပေါက်သည့် လျှောက်လွှာများကို အလှည့်ကျ စနစ်ဖြင့် ပြန်လည်မဲနှိုက်ပြီး အသစ်ထပ်မံဆောက်လုပ်မည့် တိုက်ခန်းများ ရောင်းချပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကပြောသည်။
‘‘တန်ဖိုးမျှတအိမ်ရာမှာ မဲမ ပေါက်လို့ ကျန်ရှိနေတဲ့ လျှောက် လွှာတွေကို အစဉ်လိုက်အလှည့် ကျမဲနှိုက်ပြီး အသစ်ဆောက်မယ့် အိမ်ရာတွေမှာရောင်းချပေးမယ်။ ပေါက်ပြီးသားသူတွေကတော့ ပယ်လိုက်ပြီပေါ့။ ဒါကြောင့် လည်း စနစ်တကျလျှောက်လွှာတွေ ကို မှတ်တမ်းယူထားတယ်။ လုံးဝ မရဘူးဆိုတာတော့မရှိပါဘူး။ အ လှည့်ကျအတိုင်းမဲနှိုက်ရမှာပါ။ ဘယ်လောက် ဆောက်ပေးမယ် ဆိုတာတော့ ပြည်ထောင်စုအစိုးရ ရဲ့ ဘတ်ဂျက်ထုတ်ပေးမှုအပေါ် မှာပဲ မူတည်ပါတယ်။ ဘယ်နေရာ မှာဆောက်မယ်ဆိုတာလည်း ပြောလို့မရသေးဘူးလေ။ ကျူး ကျော်နေထိုင်တာတွေဖြစ်လာနိုင် တဲ့အတွက်ပါ’’ဟု ညွှန်ကြားရေး မှူး ဦးအောင်ကျော်ဦးကပြော သည်။
မန္တလေးတိုင်းဒေသကြီးတွင် သုံးနှစ်အတွင်း အစိုးရ၀န်ထမ်း များ၊ အငြိမ်းစားများ၊ ကုမ္ပဏီဝန် ထမ်းများနှင့် ၀င်ငွေနည်းပြည်သူ များအတွက် တိုက်ခန်းပေါင်း ၈,၆၀၀ ခန့် ဆောက်လုပ်ပေးရန် လျာထားကြောင်း သိရသည်။
ဇန်န၀ါရီ ၄ ရက်တွင် မြ ရည်နန္ဒာတန်ဖိုးမျှတအိမ်ရာရှိ အ ခန်းပေါင်း ၅၀၀ ကျော်မဲနှိုက် ရောင်းချပေးမည်ဖြစ်ရာ လျှောက် ထားသူ ၁၀,၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Credit: 7DayDaily