မွန်ပြည်နယ် ရေးမြို့နယ် အိမ်ခြံမြေဈေးကွက်တွင် ယခင်နှစ်များထက်ပိုမိုကာ လူနေရပ်ကွက်များအပြင် ခြံသီးနှံပင်များအစား အိမ်ရာမြေကွက်များအဖြစ်သို့ ပြောင်းလဲလာကာ လက်ရှိအခြေနေမှာ အရောင်းအဝယ် တွင်ကျယ်
စွာ လုပ်ကိုင်ရောင်းဝယ်လာနေလျက်ရှိကြောင်း သိရသည်။
''အရင်တုန်းက ရာသီပေါ် သီးနှံပင်တွေစိုက်ကြတယ်။ခြံမြေတွေမှာ အများအားဖြင့် ရာသီပေါ်အပြင် ရော်ဘာ၊ကွမ်းသီး၊ သံပရာတွေကို အဓိကစီးပွားဖြစ်စိုက်ပျိုးလာကြတဲ့သူတွေဖြစ်လို့ ဒေသတစ်ခုလုံးကထွက်ရှိတဲ့ ရာသီပေါ်
အသီးနှံဈေးက ပုံမှန်ဈေးကောင်းလာခြင်းမရှိတဲ့အခါ အရင်ကလို မစိုက်ပျိုးကြတော့ဘဲ လူတွေနဲ့နီးစပ်တဲ့နေရာမှာ တခြားစီးပွားရေးနဲ့လူနေအိမ်တွေပါချဲ့ထွင်ပြောင်းလဲလုပ်
ကိုင်ခြင်းဖြစ်တယ်'' ဟု မြေရာအကွက်ရောင်းချ
လုပ်ကိုင်သူ ဒေါ်မီးချစ်ကပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားအဖြစ် ယခင်ကလုပ်ကိုင်နေကြသော်လည်း ယခုအခါတွင်မူ လူဦးရေများပြားလာသည်နှင့်အမျှ ကူးသန်းရောင်းဝယ်ရေး
နှင့် ခရီးသွားလုပ်ငန်းအပြင် ပုဂ္ဂလိကဘဏ်စနစ်ဖြင့် ရင်းနှီး မြှုပ်နှံလာကြကာ စီးပွားရေးလုပ်ငန်းစု အခြေချပြောင်းလဲလုပ်ကိုင်လာနေခြင်းကြောင့် အိမ်ခြံမြေဈေးကွက်မှာဦးမော့လာလျက်ရှိကြောင်း
မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း သုံးသပ်သည်။
ယခင်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များမှာ လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်ခန့်က ကျပ်သိန်းပေါင်းရာဂဏန်းရှိရာမှ ယနေ့အချိန်တွင် အမြင့်ဆုံးဈေးမှာ ငွေကျပ်သိန်း ၄ဝဝဝ ဝန်းကျင်ခန့်ဖြစ်၍ မြို့နှင့်အလှမ်းဝေးသည့်နေရာများ
တွင် ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိပင်ရှိပြီး ခြံမြေမှတစ်ဆင့် အိမ်ရာမြေများအဖြစ်သို့ ပြောင်းလဲလာ ကာ ကျပ်သိန်းရာဂဏန်းအထိ ရရှိနေလျက်ရှိကြောင်းသိရသည်။
Credit: The Mirror