ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)အနေနဲ့ တန်ဖိုးနည်းအိမ်ရာဝယ်ယူသူတွေအတွက်ငွေထုတ်ချေးရာမှာ အတိုးနှုန်းလျှော့ချဖို့စီစဉ် ဆောင်ရွတ်နေတယ်လို
့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကသိရပါတယ်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က အခုလက်ရှိမှာ ဘဏ်ရဲ့အတိုးနှုန်းကို ကိုးရာခိုင်နှုန်းနဲ့ ၁၅ နှစ်ချေးနိုင်အောင် စီစဉ်နေတယ်၊ဗဟိုဘဏ်ရဲ့ ဥပဒေအရတော့ ဘဏ်ရဲ့အပ်ငွေကို ရှစ်ရာခိုင်နှုန်းယူတယ်၊ချေးငွေကိုတော့ ၁၂ ရာခိုင်နှုန်းယူတယ်၊တစ်နှစ်ကိုပေါ့၊ ၁၂ရာခိုင်နှုန်းနဲ့ ရှစ်ရာခိုင်နှုန်းရဲ့ ကြားကို ဘဏ်ကစားတယ်၊ဒါကလက်ရှိ ကျွန်တော့တို့ရဲ့ ဘဏ်စနစ်ပေါ့နော်၊CHDB ဘဏ်ကျတော့ အဲဒီလိုယူလို့မသင့်ဘူးဒါကြောင့်အတက်နိုင်ဆုံးလျှော့
ချနိုင်အောင်စီစဉ်နေရတယ်လို့ ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေကို ၀ယ်ယူသူတွေအနေနဲ့ ဘဏ်စာအုပ်ထဲမှာကနဦးပေးသွင်းရမယ့်အခန်းရဲ့ တန်ဖိုး၃၀ရာခိုင်နှုန်း ပေးသွင်းတဲ့ အခါမှာလည်း တစ်လုံးတစ်ခဲတည်းပေးသွင်းလို့မရဘဲ ကိုယ်တက်နိုင်တဲ့ ငွေကို လစဉ်စုဆောင်းထားတာဖြစ်ရပါမယ်။ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ အခုလက်ရှိလျှော့ချဖို့ စီစဉ်ဆောင်ရွတ်နေတဲ့ တစ်နှစ်ကို အတိုးနှုန်းကိုးရာခိုင်နှုန်းနဲ့ ၁၅နှစ်အထိလျှော့ချပေးပြီး ချေးပေးမှာဖြစ်ပါတယ်။
လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းနိုင်က နေပြည်တေယ်မှာ
ပြီးတော့မယ့် ရွှေနံ့သာအိမ်ရာ အခန်းပေါင်း ၈၀ ကိုအခုလိုအတိုးနှုန်းနဲ့စပြီး ချေးပေးဖို့စီစဉ်နေတယ်၊
ရှစ်ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်းရဲ့ကြားမှာရှိတဲ့ ကိုးရာခိုင်နှုန်းကို ယူမယ်ဆိုပြီးစဉ်းစားထားတာပေါ့လို့ပြောပါတယ်။
CHDB ဘဏ်ရဲ့ချေးငွေနဲ့ဝယ်ယူနိုင်မယ့်ရန်ကုန်မြို့ရှိ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ မိတ်ဆက်ပြီးချိန်မှာတော့ အတိုးနှုန်းနဲ့ နှစ်ရှည်လာတာနဲ့ အမျှ တွက်ချက်လိုက်ရင်အိမ်တန်ဖိုးကြီးမြင့်သွားတာကြောင့် ဘဏ်တိုးနှုန်းအပေါ်ဝေဖန်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်သူလူထုရဲ့ နေရေး အဆင့်မြှင့်တင်နိုင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ်က စတင်ထူထောင်ခဲ့တယ်လို့ သိရပါတယ်။
အခုလက်ရှိအိမ်ရာဖွံဖြိုးရေးဘဏ်ကနေ သိန်း ၁၀၀ အောက်တန်ဖိုးနည်းအိမ်ရာ တွေကိုရောင်းချတဲ့ အခါမှာ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းကိုပေးသွင်းစေပြီး ကျန်ရှိတဲ့ ၇၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီးတစ်နှစ်ကို ၁၂ ရာခိုင်နှုန်းအတိုးနဲ့ ၈ နှစ်မှ ၁၅ နှစ်အထိ အရစ်ကျပေးဆပ်တဲ့ စနစ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကိုတော့ လေးကြိမ်ခွဲပြီးလုပ်ဆောင်သွားမှာဖြစ်ပြီး ပထမအကြိမ်အနေနဲ့ အိပ်ခန်းပေါင်းတစ်သောင်းကို ဆောက်လုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ဆက်လက်ပြီးဒုတိယအကြိမ်မှာ အိပ်ခန်းပေါင်း ၁.၈ သိန်း၊တတိယအကြိမ်မှာ အိပ်ခန်းပေါင်း ၃၀၀၀၀၀၊ စတုတ္တအကြိမ်မှာ အိမ်ခန်းပေါင်း ၅.၂ သိန်းဆောက်လုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
Credit: The Modern