ပြည်တွင်းရွှေဈေးဟာ ငွေလဲနှုန်းအကျ၊ ကမ္ဘာ့ရွှေဈေးအကျကြောင့် ဈေးအနိမ့်ပိုင်းမှာသာ ရှိနေနိုင်သေးတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ဒီနှစ်ကုန်ပိုင်းအထိက ထူးထူးခြားခြားပြောင်းလဲမှု မရှိနိုင်ပါဘူး၊ငွေဈေးလဲအေး၊ ကမ္ဘာ့ဈေးလည်းအေးဆိုတော့ အကျပိုင်းမှာပဲ ရှိနေနိုင်သေးတယ်လို့ ရွှေဈေးကွက်လေ့လာသုံးသပ်သူကို အောင်ဆန်း
ကပြောပါတယ်။
လက်ရှိမြန်မာ့ရွှေဈေးဟာ ကျပ် ၈၅၀၀၀၀ အောက်ကိုပြန်လည်ကျဆင်းနေပါတယ်။နှစ်ကုန်ပိုင်းအထိတော့ ရွှေဈေးကို လှုပ်ခက်နိုင်တဲ့ ဒေတာအချက်အလက်တွေ မရှိသေးတာကြောင့် ရွှေဈေးဟာကျပ် ၈၅၀၀၀၀ အောက်မှာ သာရှိနေနိုင်သေးတယ်လို့ သုံးသပ်ကြပါတယ်။
၂၀၁၇ နှစ်စပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးပြန်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဗဟိုဘဏ်အတိုးနှုန်းမြှင့်တင်လိုက်တာကြောင့် ဒေါ်လာအညွှန်း
ကိန်းအားကောင်းပြီး ဘဏ်လုပ်ငန်းစတော့ခ်ဈေးကွက် အားကောင်းနေတာကြောင့် ရွှေဈေးကအကျဘက်မှာရှိနေပါတယ်။ဒါပေမဲ့ လာမဲ့နှစ် မှာတော့ ရွှေဈေးပြန်တက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ဒါကတော့ အမေရိကန်အစိုးရနဲ့ Fed တို့ရဲ့ စီမံကိန်းတွေပူးပေါင်းမှုကြောင့် ငွေကြေးဖောင်းပွမှုတွေဟာ စီးပွားရေးတိုးတက်မှုကို ကျော်သွားခဲ့ရင်တော့ ရွှေဈေးဟာအတက်ပိုင်းကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒါ့အပြင်ဘဏ်လုပ်ငန်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာရင်ငွေကြေးဈေးကွက်
အပေါ် ရိုက်ခတ်မှု ရှိလာနိုင်တာကြောင့် ရွှေဈေးပြန်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
Credit: The Modern